သြစတြေးလျနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပမယ့် Manhunt International World Final ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ မော်ဒယ် ဝဏ္ဏအေးကျော်က သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Manhunt International World Final ကိုတော့ သြစတြေးလျနိုင်ငံ Gold Coast မြို့မှာ နိုဝင်ဘာလ ၂၆ရက်နေ့မှ ဒီဇင်ဘာ ၃ရက်နေ့ထိ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
Manhunt International ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ မော်ဒယ်ရွေးချယ်ပွဲများထဲမှာ နာမည်အကြီးဆုံး ပြိုင်ပွဲကြီးဖြစ်ပြီး မြန်မာနိုင်ငံမှ စေလွှတ်ယှဉ်ပြိုင်တာဆိုရင်တော့ ယခုနှစ်မှာ တတိယအကြိမ်ရှိပြီဖြစ်ပါတယ်။
“ဒီပြိုင်ပွဲကြီးကို ကျနော်အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမယ်လို့ ကတိပေးပါတယ်။ အဓိကကတော့ Body ပိုင်းကို အဓိက အပင်ပန်းခံပြီး ၄လလောက် ကြိုးစားပြီး ကစားထားပါတယ်။ အများကြီးပြင်ဆင်ထားပါတယ်။ ဆုတခုရအောင် ယှဉ်ပြိုင်မယ်။ ဆုမရခဲ့ရင်လည်း အကောင်းဆုံးအတွေ့အကြုံတွေရမယ်လို့ မျှော်လင့်ပါတယ်” လို့ မော်ဒယ်ဝဏ္ဏအေးကျော်က ပြောပါတယ်။
ပြိုင်ပွဲအတွင်း မော်ဒယ်ဝဏ္ဏအေးကျော် ဝတ်ဆင်ရမယ့် National Costume ကို ဒီဇိုင်နာဖိုးပြည့်မှ ဖန်တီးချုပ်လုပ် ပေးမှာ ဖြစ်ပြီး အနောက်တိုင်းဝတ်စုံကိုတော့ ဒီဇိုင်နာသူရမှ ဖန်တီးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ်ဝဏ္ဏအေးကျော်ကတော့ ၂၀၁၇ခုနှစ်မှ စတင်ကာ မော်ဒယ်လောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပြုလုပ်ကျင်းပတဲ့ Man of the Years 2017 မှာ 1st Runner Up ကိုရရှိထားသူတယောက်ဖြစ်ပါတယ်။
The post Manhunt International World Final ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မယ့် မော်ဒယ်ဝဏ္ဏအေးကျော် appeared first on ဧရာဝတီ.