Quantcast
Viewing all articles
Browse latest Browse all 7343

ပြည်ပအလုပ်သမားတွေအကြောင်း သီချင်း သီဆိုထားတဲ့ မလေးရှား Rap အဆိုတော် Namewee

မလေးရှားရက်ပ်အဆိုတော် Namewee ဟာ ပြည်ပက ဆောက်လုပ်ရေး အလုပ်သမားတွေနဲ့ တခြားသော အလုပ်သမားတွေ နည်းပါးတဲ့ လုပ်ခလစာ ရရှိမှုအတွက် ရည်ရွယ်ပြီး Music Video တခုကို သီဆို ထုတ်လွှင့်ခဲ့ပါတယ်။

Namewee ရဲ့ အမည်အရင်းကတော့ Wee Meng Chee ဖြစ်ပြီး အခုထုတ်လွှင့်ခဲ့တဲ့ Music Video ဟာ Penang ထောင်ထဲက သူ့ရဲ့ ဖြစ်ရပ်မှန်အတွေ့အကြုံတွေအပေါ် အခြေခံရေးသားကာ သီဆိုထားတယ်လို့ သိရပါတယ်။ Namewee ဟာ ၂၀၁၆ ခုနှစ်တုန်းက ဘာသာရေးကို ထိခိုက်တဲ့ သီချင်း သီဆိုတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီလို ဖမ်းဆီး ချုပ်နှောင်ခံရတဲ့ ကာလအတောအတွင်းမှာ မြန်မာအလုပ်သမားတဦးနဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြပြီး ပြည်ပအလုပ်သမားအေဂျင်စီနဲ့ ကုမ္ပဏီဟာ စာချုပ်ချုပ်ဆိုခဲ့ကြကြောင်း၊ ပထမ ၂ နှစ်အတွက် လုပ်အားခငွေကို ရရှိမည်ဖြစ်ကြောင်း စတဲ့ သဘောတူညီချက်တွေ ရရှိခဲ့ပေမယ့် တကယ့် တကယ်မှာတော့ အလုပ်သမားတွေဟာ လုပ်ခငွေ အနည်းအကျဉ်းနဲ့ မရရှိလိုက်တဲ့ အလုပ်သမားတွေပါ ရှိကြောင်း စတာတွေကို Namewee က သိရှိခဲ့ရပါတယ်။

ဒါ့အပြင် အလုပ်သမားတွေနဲ့ စာချုပ်ချုပ်ဆိုထားသူတွေဟာ ရသင့်တဲ့ လုပ်အားခတွေကို ပေးအပ်ခဲ့ခြင်း မရှိတဲ့အပြင် ရဲတွေကို ဖမ်းဆီးဖို့ တိုင်ကြားခဲ့တာမျိုးတွေပါ ပြုလုပ်ခဲ့ကြပြီး အလုပ်သမားတွေဟာ တရားဝင် မဟုတ်တဲ့ အတွက်ကြောင့် ငှားရမ်းခဲ့ခြင်း မရှိခဲ့ဘူးဆိုတဲ့ အကြောင်းတွေကိုပါ Namewee က သိရှိခဲ့ရတာဖြစ်ပါတယ်။

ရဲတွေဟာ အလုပ်သမားတွေကို ဖမ်းဆီးပြီး အကျဉ်းထောင်တွေကို ပို့ဆောင်ခဲ့ကြတဲ့အပြင် နောက်ထပ် အလုပ်သမားအသစ်တွေနဲ့ စာချုပ်ချုပ်ဆိုသူ ကုမ္ပဏီတွေကြားမှာ အခုလိုကိစ္စတွေဟာ အမြဲလိုလိုဖြစ်ပျက်နေတဲ့ မတရားမှုတွေဖြစ်ကြောင်းကိုလည်း သူ့အနေနဲ့ သိရှိခဲ့ရပါသေးတယ်။

“ကျနော်နဲ့အတူ ပြည်ပအလုပ်သမား အယောက် ၂၀ လောက် ပိတ်လှောင်ခံခဲ့ရတဲ့ အခန်းကလည်း ကျင်ကြီး ကျင်ငယ်အနံ့တွေနဲ့ ဆိုးဆိုးဝါးဝါးပါပဲ” လို့ Namewee က ပြောဆိုခဲ့ပါတယ်။ “အဲဒီထဲက တယောက်ဆိုရင် ကျနော့်ကို သူ့အနား အရမ်း မကပ်ဖို့၊ သူတို့ဆီမှာ ဖြစ်နေတဲ့ ရောဂါတွေ ကျနော့်ကို ကူးစက်သွားမှာ စိုးတဲ့အတွက်ပါ” လို့ Namewee ဟာ သူ့ရဲ့ဗီဒီယိုမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် Facebook မှာ သူတင်ခဲ့တဲ့ ဗီဒီယိုကို ပြန်ဖျက်ပေးဖို့အတွက်လည်း ဖိအားပေးမှုတွေရှိခဲ့ကြောင်းလည်း သိရပါတယ်။ Namewee ဟာ “Mingalaba” (မင်္ဂလာပါ) လို့ အမည်ရတဲ့ သီချင်းတပုဒ်ကို သီဆိုခဲ့ပြီး သီချင်းရဲ့အကြောင်းအရာကတော့ အလုပ်သမားတွေဟာ သူတို့ချစ်တဲ့ မွေးရပ်မြေ (မြန်မာနိုင်ငံ) ကို ပြန်လာတော့မယ်ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။


 “Mingalaba” (မင်္ဂလာပါ) သီချင်း

Namewee ဟာ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ၄ ရက်ကြာ ရမန်ယူ ဖမ်းချုပ်ခံခဲ့ရတာဖြစ်ပြီး အမှုကိစ္စပြီးဆုံးသွားချိန်မှာတော့ “Oh My God” ဆိုတဲ့သီချင်းကို တခြား တီးဝိုင်းအဖွဲ့တွေနဲ့ ပြန်လည်သီဆိုခဲ့ပါတယ်။

FMT News တွင် ရေးသားထားသော In latest video, Namewee raps exploitation of foreign workers  သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

The post ပြည်ပအလုပ်သမားတွေအကြောင်း သီချင်း သီဆိုထားတဲ့ မလေးရှား Rap အဆိုတော် Namewee appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...