Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Aquaman”ရုပ်ရှင်မှာ ခပ်ကြမ်းကြမ်း အမျိုးသမီးစစ်သည်တော်အဖြစ် မြင်ရမယ့် Amber Heard

$
0
0

ဟောလိဝုဒ် မင်းသမီး Amber Heard ဟာ “Aquaman” ရုပ်ရှင်မှာ ခပ်ကြမ်းကြမ်း အမျိုးသမီး စစ်သည်တော် တဦးအနေနဲ့ စိတ်အားထက်သန်စွာ သရုပ်ဆောင်ခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် မင်းသမီးဟာ ဒါရိုက်တာ James Wan ရိုက်ကူးထားတဲ့ စူပါဟီးရိုးရုပ်ရှင်မှာ Mera အဖြစ် ပါဝင်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၆ ရက်နေ့၊ လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်အထူးပွဲမှာ မင်းသမီးကသူပါဝင်ထားတဲ့ ရုပ်ရှင်ဟာ ခေတ်မီပြီး စိတ်ဒုက္ခတွေ ရောက်နေတဲ့သူတဦးအနေနဲ့ မဟုတ်ဘဲ စိတ်ဓာတ်ခိုင်မာတဲ့ ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

မင်းသမီး Amber က “Mera ဟာ ခပ်ဆိုးဆိုး အမျိုးသမီးတဦးပါ။ ကျမကို သူ့အကြောင်း စမိတ်ဆက်တုန်းက သူဟာ စစ်သည်တော်ဘုရင်မတဦးဆိုတဲ့ အချက်ကြောင့် တော်တော်လေးကို စိတ်အားထက်သန်ခဲ့ရပါတယ်။ ကျမ ဓားတလက်နဲ့ သရဖူတခု ပါရဦးမှာလို့တောင် မေးယူခဲ့ရပါသေးတယ်။ ဒီရုပ်ရှင်က ခေတ်မီတာကို ကျမ သဘောကျတယ်။ Mera ဟာ စိတ်ဒုက္ခတွေရောက်နေတဲ့ သူတဦး မဟုတ်ဘူး။ သူ့ဟာနဲ့သူ ခပ်ကြမ်းကြမ်း စူပါဟီးရိုးတယောက်သာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Mera ဟာ မင်းသား Jason Momoa ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင် Arthur Curry ကိုချစ်ကြိုက်နေသူ တဦးလည်းဖြစ်ပါတယ်။ သူဟာ ရေကို ထိန်းချုပ်နိုင်စွမ်း၊ အဏ္ဏဝါပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်ဖို့နဲ့ အတ္တလန်းတစ် မျိုးနွယ်တွေနဲ့ ဆက်သွယ်နိုင်ဖို့ စိတ်စွမ်းအင်တွေကို ပိုင်ဆိုင်ထားပါတယ်။

အသက် ၃၉ နှစ်အရွယ် မင်းသား Momoa နဲ့အတူ အလုပ်တွဲလုပ်ခဲ့ရတဲ့အချိန်တွေကို သဘောကျခဲ့မိတဲ့အကြောင်းနဲ့ ကာလကြာရှည်ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်ရိုက်ကွင်းတလျှောက်လုံးမှာ အကူအညီတွေ ရခဲ့တဲ့အကြောင်းကိုလည်း Mera က ပြောဆိုခဲ့ပါတယ်။

Ref: asiaone

The post “Aquaman”ရုပ်ရှင်မှာ ခပ်ကြမ်းကြမ်း အမျိုးသမီးစစ်သည်တော်အဖြစ် မြင်ရမယ့် Amber Heard appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


ကူဖော်လောင်ဖက်(လူမင်း၊ဇင်ဝိုင်း၊အိချောပို၊မြင့်မြင့်ခိုင်)


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


MECTel CDMA 800 MHz ဖုန်း အသုံးပြု သူများ မိုဘိုင်းဖုန်း မှတစ် ဆင့်...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်