Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အမြင်ရိုင်းတဲ့ ဝတ်စုံကြောင့် တရားစွဲခံခဲ့ရတဲ့ အီဂျစ်ရုပ်ရှင် မင်းသမီး

$
0
0

အီဂျစ်ရုပ်ရှင်မင်းသမီးတဦးဟာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ကိုင်ရို ရုပ်ရှင်ပွဲတော်တခုမှာ အထဲအထိ ထိုးဖောက်မြင်ရတဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့လို့ အကျင့်ပျက် ယိုယွင်းတယ်ဆိုတဲ့ စွဲချက်နဲ့ လာမယ့်လမှာ တရားရင်ဆိုင်ရတော့မယ်လို့ နိုင်ငံပိုင် Al-Ahram Gate အွန်လိုင်းသတင်းစာက ဒီဇင်ဘာလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မင်းသမီး Rania Youssef ဟာ ဒုစရိုက်မှုကို ဖိတ်ခေါ်မှု၊ အကျင့်ပျက်မှုတို့နဲ့ စွပ်စွဲခံထားရပြီး သူဝတ်ခဲ့တဲ့ ဝတ်စုံနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆို ခံနေရတဲ့အပြင် လာမယ့် ဇန်နဝါရီလထဲမှာတော့ ကိုင်ရိုမြို့မှာရှိတဲ့ တရားရုံးတခုမှာ တရားရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

မင်းသမီးဟာ နိုဝင်ဘာလ ၂၉ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ပွဲတော် ပိတ်ပွဲ အခမ်းအနားကို တချို့ မှတ်ချက်ပေးသူတွက ရေကူးဝတ်စုံ ခံဝတ်ထားတယ်လို့ ဆိုကြတဲ့ အနက်ရောင်ဝတ်စုံကို ဆင်မြန်းပြီး တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် မင်းသမီးရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့သွားခဲ့ပြီး အသုံးပြုသူတွေကို နှစ်ပိုင်း ကွဲသွားစေခဲ့ပါတယ်။ တပိုင်းကတော့ သူရဲ့ နာမည်ကို အမျိုးမျိုးဝေဖန် သမုတ်ကြပြီး တချို့ကတော့ သူဝတ်ချင်တာကို ဝတ်လို့ရတယ် ဆိုတဲ့ အခွင့်အရေးရှိတယ်လို့ ကာကွယ် ပြောကြားပေးနေကြတာပါ။

Twitter အသုံးပြုသူတဦးက “ဒီဝတ်စုံနဲ့ ဒီဇိုင်းနဲ့ ခေါ်ဆိုရမယ်ဆိုရင် ဂုဏ်ပြုဧည့်ခံပွဲ သွားနေတဲ့နေရမှာ ဘောင်းဘီရှည် ဝတ်ဖို့မေ့ခဲ့တာလို့ပဲ ပြောရမှာပဲ”လို့ ရေးသားခဲ့ပါတယ်။ အခြား အသုံးပြုသူ တဦးကတော့ မင်းသမီးရဲ့ ဝတ်စားဆင်ယင်မှုဟာ သူအလုပ်ပိုရဖို့ အကူအညီပေးနိုင်မယ်လို့ ဆိုပြန်ပါတယ်။

Karim Ahmed ဆိုသူက “ဒီလို အဝတ်အစားကြောင့် အနည်းဆုံး ရုပ်ရှင် ၁၅ ခု၊ ရုပ်သံစီးရီး ၂ ခု၊ ရုပ်သံနဲ့ ရေဒီယိုရှိုး ၁၃ ခုတို့မှာ ပါဝင် ရနိုင်ပါတယ်။ ဂုဏ်ယူပါတယ်” လို့ရေးသားခဲ့ပါတယ်။

မင်းသမီးအပေါ် ဝေဖန်မှုတွေကို ဆန့်ကျင်ခဲ့တဲ့ Zakaria MJ ဆိုသူကတော့ “Rania Youssef က ကျက်သရေ ရှိတယ်။ ဘာလို့လူတွေက သူ့ကိုဒေါသ ထွက်နေကြတာလည်း မသိဘူး”လို့ ရေးသားထားပါတယ်။

Ref: etcanada

The post အမြင်ရိုင်းတဲ့ ဝတ်စုံကြောင့် တရားစွဲခံခဲ့ရတဲ့ အီဂျစ်ရုပ်ရှင် မင်းသမီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...