Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒီဇင်ဘာလအတွင်း ထွက်ရှိလာတော့မယ့် ရုပ်ရှင်များ

$
0
0

၂၀၁၈ ခုနှစ်ရဲ့ ဒီဇင်ဘာလမှာဆိုရင်တော့ Trailer တွေနဲ့တင် ရင်ခုန် စိတ်လှုပ်ရှားခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ တဝကြီး ကြည့်ရှုကြရတော့မှာပဲဖြစ်တာကြောင့် ဒီဇင်ဘာလအတွင်း ထွက်ရှိလာတော့မယ့် ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) Aquaman

DC Comics ဇာတ်ကောင်ဖြစ်တဲ့ Aquaman ကို ရုပ်ရှင်အနေနဲ့ ဒါရိုက်တာ James Wan က ပြန်လည် အသက်သွင်းထား တာဖြစ်ပြီး ဒီဇင်ဘာ ၂၁ရက်နေ့မှာ စတင်ပြသတော့မှာပဲဖြစ်ပါတယ်။

(၂) Mary Poppins Returns

Musical ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် Disney ကနေ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၅ရက်နေ့မှာ စတင်ပြသမှာဖြစ်ပါတယ်။

(၃) Spider-Man: Into the Spider Verse

DC နဲ့ အပြိုင်ဆက်လက်ထွက်ရှိလာမယ့် Marvel ရဲ့ စူပါဟီးရိုးဇာတ်ကောင်ဖြစ်တဲ့ Spider-Man နဲ့အတူ သူ့ရဲ့ အပေါင်းအပါတွေကို တစုတစည်းတည်း တွေ့မြင်ရမယ့် Animation ရုပ်ရှင်တကားဖြစ်ပြီး ဒီဇင်ဘာ ၁၄ရက်နေ့မှာ ကြည့်ရှုကြရတော့မှာပဲဖြစ်ပါတယ်။

(၄) Mortal Engines

Adventure အမျိုးအစားရုပ်ရှင်ဇာတ်ကားတကားဖြစ်ပြီး ဒါရိုက်တာ Christian Rivers က Philip Reeve ဝတ္ထုရဲ့ မူရင်းနာမည်အတိုင်း ပြန်လည်အသက်သွင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ဒီဇင်ဘာ ၁၄ရက်နေ့မှာပဲ ထွက်ရှိလာမှာဖြစ်တယ်လို့ အတည်ပြုထားတာဖြစ်ပါတယ်။

(၅) Bumblebee

Transformers ရုပ်ရှင်တွေရဲ့ မပါမဖြစ် ဇာတ်ကောင်ဖြစ်တဲ့ အဝါရောင်စက်ရုပ်လေးကို မှတ်မိတယ်ဆိုရင်တော့ အခုရုပ်ရှင်ဟာ သူ့တယောက်တည်းအတွက် အဓိကထား ပုံဖော်ထားတာဖြစ်ပြီး ဒါရိုက်တာ Travis Knight က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၁ရက်နေ့မှာ ပြသတော့မှာလည်းဖြစ်ပါတယ်။

(၆) Vice

Body Transformation ကိုလိုအပ်သလို ပုံဖော်နိုင်တဲ့ မင်းသားကြီး Christian Bale ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားတကားဖြစ်ပြီး ဒါရိုက်တာ Adam McKay က ပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၅ရက်နေ့မှာ ကြည့်ရှုကြရတော့မယ့် Drama , Biography ရုပ်ရှင်ကားကောင်း တကားလည်းဖြစ်ပါတယ်။

(၇) Destroyer

Nicole Kidman အဓိကထား ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒါရိုက်တာ Karyn Kusama က ရုပ်ရှင်ကို ဘယ်လိုရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ ဒီဇင်ဘာ ၂၅ရက်နေ့မှာ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။

Ref : m.ranker.com

The post ဒီဇင်ဘာလအတွင်း ထွက်ရှိလာတော့မယ့် ရုပ်ရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...