Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အကယ်ဒမီကို ရင်မခုန်ရဲဘူးဆိုတဲ့ ပိုင်ဖြိုးသု

$
0
0

ရုပ်ရှင်လောကမှာ သာမက အပြင်လောကမှာပါ လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ “မီ” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ပိုင်ဖြိုးသုကို အကယ်ဒမီခန့်မှန်းမှုများရှိနေပေမယ့် ပိုင်ဖြိုးသုကတော့ အကယ်ဒမီအတွက် ရင်မခုန်ရဲဘူးလို့ ပြောပါတယ်။

“မမျှော်လင့်ရဲပါဘူး။ ဒီနှစ်ထဲမှာ ကားကောင်းတွေ အများကြီးပဲ။ အဲဒီလိုအများကြီးဆိုတော့ စိတ်မှန်းပြီး ရိုက်မယ်လို့ လည်း မရှိဘူး။ ကိုယ့်စိတ်ထဲမှာ အမြဲတမ်းကိုယ့်ဘက်က အကောင်းဆုံးပေးဆပ်မယ်။ နောက်ပြီးတော့ ကားကောင်း တွေ အများကြီးဖြစ်လာတဲ့အပေါ်မှာလည်း ပျော်တယ်။ ဒီနှစ်တော့ သုသုအတွက် အကယ်ဒမီကို ရင်ခုန်လားဆိုရင် ရင်မခုန်ရဲဘူး။ ပြဿနာကလည်း ဖြစ်ထားတာဆိုတော့ ရင်မခုန်ရဲဘူး” လို့ပိုင်ဖြိုးသုက ပြောပါတယ်။

“မီ” ရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ်များရဲ့အားပေးမှုကြောင့် ရုံတင်ပြသတာ ၄ပတ်မြောက်ပြီဖြစ်ပြီး ဒီဇင်ဘာ ၆ရက်နေ့မှာလည်း စင်ကာပူမှာ သွားရောက်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

“မီ ရုံတင်တာ ၄ပတ်မြောက်ရှိပါပြီ။ မီ ကို ၆ရက်နေ့မှာ စင်ကာပူမှာ ရုံတင်မှာဆိုတော့ သုသုရဲ့ ဇာတ်ကားကို ပထမဆုံးပါဝင်ခွင့်ရတဲ့အတွက် ပျော်ပါတယ်။ အဆိုးတလှည့်အကောင်းတလှည့်ပေါ့” လို့ ပိုင်ဖြိုးသု ကပြောပါတယ်။

ပိုင်ဖြိုးသုကတော့ မကြာခင်မှာလည်း ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးမယ့် Now & Ever ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင် ဇဏ်ခီနဲ့အတူ တွဲဖက်သရုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

“ဇာတ်ကောင်ကတော့ စိတ်ဒဏ်ရာတွေရနေတဲ့ မိန်းကလေးတယောက်ပေါ့နော်။ ငယ်ငယ်လေးကတည်းက အမေကိုဆုံးရှုံးထားရပြီး စိတ်ဒဏ်ရာတွေရနေတဲ့ ကောင်မလေးတယောက်နဲ့ ကောင်လေးတယောက်ကြားထဲက သူတို့အချစ်ပေါ့။ ပါဝင်ဖြစ်တာကတော့ မခရစ္စတို့ပြောလာတာပေါ့နော်။ ဇာတ်လမ်းလေရော ဇာတ်ညွှန်းလေးရော ပေးတဲ့အချိန်မှာ သုသုအနေနဲ့ အရမ်းကြိုက်တယ်။” လို့ ပိုင်ဖြိုးသုကပြောပါတယ်။

အဲ့ဒီ Now & Ever ရုပ်ရှင်ကားကြီးအတွက် သရုပ်ဆောင်များကို Training ၂ပတ်သင်ကြားခဲ့ရပြီး သရုပ်ဆောင် တာနဲ့ပတ်သက်ပြီးတော့ ပညာတွေအများကြီးရခဲ့တယ်လို့ ပြောပါတယ်။

“ဒီဇာတ်ကားက ရိုက်တောင်မရိုက်ရသေးဘူး။ Training တက်ရတာနဲ့တင် တော်တော်လေးအကျိုးရှိတယ်လို့ ထင်ပါတယ်။ သုသုက အစကတည်းက Training တက်ချင်နေတာ ဘယ်မှာဘယ်လိုတက်ရမှန်းမသိဘူး။ အဲဒီလိုဖြစ်နေတာပေါ့”

“ Method Acting အကြောင်းကို စာအုပ်တွေဖတ်တယ်။ အဲဒီလိုလေ့လာခဲ့ပေမယ့် သင်ပေးမယ့် ဆရာမရှိဘူးဖြစ်နေတာ။ ကိုယ့်ဘာသာဖတ်တော့ ကိုယ့်ဘာသာ ဟုတ်နေပြီထင်တာ။ တကယ်တမ်းကျတော့ လွဲနေတာတွေရှိတယ်။ အခုဆရာနဲ့ သေချာသင်ရတော့ပျော်တယ်” လို့ ပိုင်ဖြိုးသုကပြောပါတယ်။

ပိုင်ဖြိုးသုကတော့ မကြာခင်ဇန်နဝါရီလအတွင်းမှာလည်း သူမရဲ့မင်္ဂလာပွဲကို ကျင်းပသွားမှာဖြစ်ပြီး မင်္ဂလာပွဲအတွက်လည်း ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

The post အကယ်ဒမီကို ရင်မခုန်ရဲဘူးဆိုတဲ့ ပိုင်ဖြိုးသု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...