Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၄ နာရီအတွင်း ကြည့်ရှုသူ ၂၈၉ သန်းကျော်သွားတဲ့ ‘Avengers: Endgame’ အမြည်းဗီဒီယို

$
0
0

စတုတ္ထမြောက် “Avengers” ရုပ်ရှင်ရဲ့ ပထမဆုံးအမြည်းဗီဒီယိုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဖြန့်ချိခဲ့ပြီး အဲဒီ့ နာမည်ကျော် Marvel ရုပ်ရှင်မှာတော့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အဆုံးသတ်အထိ ဆွဲခေါ်သွားတာကို မြင်တွေ့ရပါတယ်။

“Avengers: Infinity War” ရုပ်ရှင်နောက်ပိုင်း လျှို့ဝှက်ချက်တွေကိုတော့ မြုှပ်ထားဆဲ ဖြစ်ပေမယ့် မကြာမီထွက်လာ တော့မယ် ရုပ်ရှင်ကတော့ “ခရီးစဉ်တပိုင်းရဲ့ အဆုံးသတ်” လို့ ဖော်ပြထားပါတယ်။

အဲဒီအမြည်းဗီဒီယိုထဲမှာတော့ မင်းသား Robert Downey Jr ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Tony Stark ဟာ Iron Man ဝတ်စုံကို ချွတ်ထားတာမြင်တွေ့ရပါတယ်။

ဒါ့အပြင် မင်းသား Chris Evans ရဲ့ဇာတ်ကောင် Captain America နဲ့ မင်းသမီး Scarlett Johansson ရဲ့ဇာတ်ကောင် Black Widow တို့ကို မဟာဗီလိန်ကြီး Thanos ရဲ့ ဖျက်စီးမှုအပြီး ကြေကွဲဝမ်းနည်းနေဟန် အနေအထားတွေနဲ့ မြင်တွေ့ရပြန်ပါတယ်။

ဒါ့အပြင် မင်းသား Paul Rudd ရဲ့ Ant-Man ကတော့ ကျန်ရှိတဲ့ Avengers ဇာတ်ကောင်တွေကို ကူညီဖို့ ကမ်းလှမ်းနေဟန် ပြကွက်နဲ့ ဗီဒီယိုကို အဆုံးသတ်ထားတာဖြစ်ပြီး ပရိသတ်တွေကတော့ နည်းနည်း စိတ်သက်သာရာရကြတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာတွေဖြစ်ကြတဲ့ Anthony နဲ့ Joe Russo တို့ဟာ “Infinity War” ရဲ့ အခုနောက်ဆက်တွဲ ရုပ်ရှင်ကို တာဝန်ယူရိုက်ကူးပေးထားကြပြီး ဇာတ်ညွှန်းဆရာတွေအနေနဲ့ Christopher Markus နဲ့ Stephen McFeely တို့က ပါဝင်အားဖြည့်ထားကြပါတယ်။

ဒါရိုက်တာ Joe ရဲ့အဆိုအရ မကြာမီရုံတင်မယ့် “Avengers” ရုပ်ရှင်ဟာ ကြာချိန် ၃ နာရီရှိမယ်လို့သိရပါတယ်။ Marvel Studios ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာပဲ “Endgame” အမြည်းဗီဒီယိုဟာ Youtube မှာ ၂၄ နာရီအတွင်း လူကြည့်အများဆုံး စံချိန်ကို ၂၈၉ သန်းအကြိမ်အရေအတွက်နဲ့ ချိုးနိုင်ခဲ့တယ်လို့ ဖော်ပြလိုက်ပါတယ်။

အရင်စံချိန်ဟောင်းကို “Avengers: Infinity War” ရုပ်ရှင်ကတင်ထားခဲ့တာဖြစ်ပါတယ်။

Ref: etcanada

The post ၂၄ နာရီအတွင်း ကြည့်ရှုသူ ၂၈၉ သန်းကျော်သွားတဲ့ ‘Avengers: Endgame’ အမြည်းဗီဒီယို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...