မင်းသား Jason Momoa ပါဝင်သရုပ်ဆောင်ထားတဲ့ DC စူပါဟီးရိုးရုပ်ရှင် “Aquaman” ဟာ တရုတ်နိုင်ငံမှာ အဖွင့်ရက်သတ္တပတ်မှာပဲ စံချိန်တင်သွားခဲ့ပြီဖြစ်ပါတယ်။
ပြသပြီး ၃ ရက်အတွင်း ဒါရိုက်တာ James Wan ရိုက်ကူးခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ စုစုပေါင်း ရုံဝင်ငွေ ဒေါ်လာ ၉၃ ဒဿမ ၆ သန်းရရှိခဲ့တယ်လို့ The Hollywood Reporter မီဒီယာမှာ ဖော်ပြထားပါတယ်။ တရုတ်ရုံဝင်ငွေစာရင်းမှာ ဒီဇင်ဘာလအတွင်း အမြင့်ဆုံးဝင်ငွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
“Aquaman” ရုပ်ရှင်ကို မြောက်အမေရိကဒေသမှာ မပြသမီ သီတင်းနှစ်ပတ်လောက်ကြိုပြီး တရုတ်နိုင်ငံမှာ ဒီဇင်ဘာလ ၇ ရက်နေ့ကစလို့ ပြသနေတာပါ။ မြောက်အမေရိကဒေသမှာတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စတင်ပြသမှာဖြစ်ပါတယ်။
ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ “Warner Bros” ကတော့ Disney ရဲ့ “Mary Poppins Returns” ရုပ်ရှင်နဲ့ Paramount ရဲ့ “Bumblebee” ရုပ်ရှင်ပြသချိန်နဲ့ ထိပ်တိုက်တွေ့မှာကို ရှောင်ရှားတဲ့အနေနဲ့ တရုတ်နိုင်ငံမှာ အရင်ဆုံးပြသရတာ ဖြစ်တယ်လို့ဆိုပါတယ်။ မြောက်အမေရိကဒေသမှာတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေစပြီး ရုံတင်ပြသမှာပါ။
“Aquaman” ရုပ်ရှင်မှာ သရုပ်ဆောင်တွေအဖြစ် Amber Heard, Willem Dafoe, Patrick Wilson, Dolph Lundgren, Yahya Abdul-Mateen II နဲ့ Nicole Kidman တို့က ပါဝင်ထားကြတာပါ။
ပြီးခဲ့တဲ့နှစ်က ဖြန့်ချိခဲ့တဲ့ Justice League ရုပ်ရှင်နောက်ပိုင်း ပထမဆုံးထွက်ရှိလာတဲ့ DC ရုပ်ရှင်ဖြစ်ပါတယ်။
ရုပ်ရှင်ရဲ့ တရားဝင် ဇာတ်လမ်းအညွှန်းမှာတော့ “Warner Bros. Pictures နဲ့ ဒါရိုက်တာ James Wan တို့က အက်ရှင် စွန့်စားခန်းရုပ်ရှင်ကတော့ မင်းသား Jason Momoa ကအဓိကဇာတ်ရုပ်ကနေ ပါဝင်ထားတဲ့ ပင်လယ် ၇ ခုအောက်က ရေအောက်ကမ္ဘာရုပ်ရှင် “Aquaman” ကို ဖန်တီးလိုက်ပါပြီ။ လူသားတဝက် အတ္တလန်သား တဝက် Arthur Curry ဟာ သူ့ရဲ့ သဝတသက်တာခရီးစဉ်ကို စတင်ပြီး သူဟာ ဘယ်သူလဲဆိုတာ ရင်ဆိုင်ရုံ သာမက ဘုရင်တပါးအဖြစ် မွေးဖွားဖို့ ထိုက်တန်တဲ့သူဆိုတာ ရှာဖွေတွေ့ရှိမှာပါ” လို့ ဖော်ပြထားပါတယ်။
Ref:indianexpress
The post တရုတ်နိုင်ငံမှာ အဖွင့်ရုံဝင်ငွေ စံချိန်တင်သွားတဲ့ Aquaman ရုပ်ရှင် appeared first on ဧရာဝတီ.