ကာတွန်းကား ကြိုက်တဲ့ ပရိသတ်တွေအတွက် အခု ရုံတင်နေတဲ့ Ralph Break The Internet ဆိုတဲ့ ဇာတ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားထဲက ကာရိုက်တာတွေဖြစ်တဲ့ Ralph နဲ့ Vanellope တို့ကို ၂၀၁၂ ခုနှစ်မှာ ထွက်ထားတဲ့ Wreck It Ralph ဆိုတဲ့ ဇာတ်ကားမှာ မိတ်ဆက်ထားပြီးသားပြီးသား ဖြစ်ပါတယ်။ ဝင်ငွေစံချိန်ချိုးခဲ့တဲ့ Ralph Break The Internet ဟာ သွားကြည့်တဲ့ အခါမှာလည်း မျှော်မှန်းထားသလောက် တာထွက်ကောင်းတာကို တွေ့ခဲ့ရပါတယ်။
ကြာမြင့်ချိန် ၁၁၂ မိနစ်ရှိတဲ့ ဒီဇာတ်ကားဟာ 3D ဇာတ်ကား တကားဖြစ်ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၇၅ မီလီယံ ကုန်ကျခံ ရိုက်ကူးခဲ့ပါတယ်။ Box Office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅၈ ဒဿမ ၂ မီလီယံ ပြန်လည် ရရှိထားပါတယ်။ ဒီဇာတ်ကားကို Disney မှ ရိုက်ကူးထားပါတယ်။
ဇာတ်လမ်း အကျဉ်းကတော့ အားလုံး သိပြီးသား ဖြစ်တဲ့ Ralph နဲ့ Vanellope တို့ဟာ ပထမ တကားမှာ ပါတဲ့ ဂိမ်းစက်ထဲမှာပဲ နေနေကြပါတယ်။ သူတို့ ၂ယောက်ရဲ့ Friendship ဟာ အရမ်း ခိုင်မာပြီး Ralph က Vanellope အတွက် ဆို ဘာဖြစ်ဖြစ် အကုန် လုပ်ပေးမယ့် လူသန်ကြီးပါ။
ကားမောင်းပြိုင်တဲ့ ဂိမ်းစက်ထဲမှာ နေထိုင်တဲ့ Vanellope ကို ပျော်ရွှင်စေဖို့ Ralph ဟာ နေ့တိုင်း ကေဘယ်ကြိုးတွေတဆင့် Vanellope ရဲ့ ဂိမ်းစက်ထဲ ခိုးဝင်ပြီး ပျော်စရာလေးတွေ ဖန်တီးပေးလေ့ရှိပါတယ်။
တနေ့မှာတော့ Ralph ဟာ သူ့ရဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ကားမောင်းတဲ့ ဂိမ်းစက်ထဲ ဝင်ပြီး လမ်းဖောက်ပေးခဲ့ပါတယ်။ ဂိမ်းထဲမှာ ရှိနေတဲ့ Vanellope နဲ့ လက်တွေ့ဘဝမှာ ဂိမ်းဆော့နေတဲ့ လူသားမိန်းကလေးတို့ အပေးအယူ မတည့်ရာက ဂိမ်းစက် ပျက်သွားပြီး Ralph တို့ နှစ်ယောက် အင်တာနက်ထဲ ခိုးဝင်ဖို့ ဖြစ်လာပါတော့တယ်။
အင်တာနက်ထဲမှာ အခု လူတိုင်းသုံးနေတဲ့ Social Media တွေရဲ့ အလုပ်လုပ်ပုံတွေကို ပုံမှန် မြင်နေကျအမြင်တွေကနေ ခွဲထွက် ရိုက်ကူးထားပြီး ပျင်းဖို့တောင် မေ့နေလောက်အောင် ကောင်းတဲ့ ဇာတ်ကား တကားလို့ ဆိုနိုင်ပါတယ်။
Disney Princess တွေ အားလုံးကို ပြန်လည် ထည့်သွင်းရိုက်ကူးထားပြီး Disney က သူ့ပိုင်ဆိုင်မှုတွေကို ကြွားချင်တဲ့ ဇာတ်ကား တကားလို့တောင် ဆိုနိုင်ပါတယ်။
The post သင့်ကို ပျော်ရွှင်မှုရသ အပြည့်ပေးမယ့် Ralph Break The Internet appeared first on ဧရာဝတီ.