Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိုးအောင်ရင်အား ထောင်ဒဏ် ချလိုက်တဲ့အပေါ် အနုပညာရှင်များ၏ ဝမ်းနည်းစကားများ

$
0
0

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် တရားရုံးမှာ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ပြီး ထပ်မံကာ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ရန်ကုန်မြို့၊ အရှေ့ပိုင်းခရိုင်တရားရုံးမှလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချလိုက်တဲ့ အပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကားသံများကို မေးမြန်း ဖော်ပြပေးလိုက်ပါတယ်။

မို့မို့မြင့်အောင်

“မို့ကတော့ မိုးအောင်ရင်ကို ဝမ်းနဲ့သာ မမွေးရတာ အနုပညာနဲ့ လွယ်မွေးရတာပေါ့။ သူတို့ အနုပညာလောကမှာ လူဖြစ်ဖို့ မျက်ရည် တပေါက်ကျဖို့ ကိုယ်တိုင် နှပ်ညှစ်ပြီး မွေးခဲ့ရတာပါ။ စဖြစ်ကတည်းကလည်း တော်တော် ခံစားရတယ်။ Lucky Seven မှာလည်း ငွေပုံပေးထားတယ်။ ကလေးကိုကျွေးဖို့အတွက် ပေးထားတယ်။ သူ့မိဘတွေ ရန်ကုန်ကိုရောက်နေတော့ စိတ်တော့ နည်းနည်းပေါ့တာပေါ့။ ဘာတွေလုပ်ကြမလဲတော့ မျှော်လင့်တာပေါ့။ ဒီလောက်နှစ်အများကြီး မကျစေချင်ဘူး”

“မိဘတွေနဲ့ ကလေးကဝေးနေခဲ့တာ ကိုယ်ကလည်း အမျိုးသမီးဆရာလေ။ လက်ပွန်းတတီး နေဖို့ မဖြစ်ဘူးပေါ့။ အမျိုးသားဆရာဆိုရင် ဆွဲထိုးလိုက်တယ်။ မိဘအုပ်ထိန်းမှုကတော့ ပိုလိုအပ်တာပေါ့။ မိဘက နိုင်ငံခြားမှာနေတော့ ကလေးက အပေါင်းအသင်း မှားတာပေါ့။ ဒါကိုယ်လုပ်မှ ဖြစ်တာပါ။ ကလေးကလေ အရက်တောင် မသောက်တတ်ပါဘူး။ စီးကရက်တောင်သောက်ချင်ရင် ဆရာရှေ့ မသောက်ရဲပါဘူး။ အဲ့လိုကနေ ဒီလို အဖမ်းခံရတော့ မို့ အတွက် စကြားကတည်းက လန့်သွားတယ်။ ၃၊ ၄ ရက်လောက် ချောက်ချောက်ချားချားလည်း ဖြစ်သွားတယ်”

“ကလေးက လိမ္မာပြီး မိဘကို လုပ်ကျွေးခဲ့တဲ့ သားလေးပါ။ ညီမလေးကို ကျောင်းတက်ဖို့ ကျောင်းစရိတ်ပေးတာပါ။ မို့သားလေးကလေ အနုပညာကွန့်မြူးဖို့ အချိန် မရှိလိုက်ပါဘူး။ မို့ အရမ်း ရင်ကျိုးရပါတယ်။ ခုသူ့ကို ချတဲ့နှစ်ကတော့ များတယ်ပေါ့။ မို့သားလေးအတွက် အကောင်းဆုံးတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လူလိမ္မာလေးပါ။ အကောင်းဆုံးဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ်”လို့ မို့မို့မြင့်အောင်က ပြောပါတယ်။

နန်းဆုရတီစိုး

“နန်းဆုက မိုးအောင်ရင်နဲ့ ကားတွေ အများကြီး ရိုက်ခဲ့တယ်ပေါ့။ အရမ်းခင်တဲ့ သူငယ်ချင်းတွေပေါ့။ ပထမ ၁ မှု ၅ နှစ် ချကတည်းက သူ့မိဘတွေကိုလည်း နှစ်သိမ့်ပေးတာမျိုးတွေ လုပ်ဖြစ်တယ်။ အရမ်း စိတ်မကောင်းဖြစ်တယ်။ သူက အမြဲပျော်ပျော်ပဲ နေခဲ့တယ်။ သူငယ်ချင်းတွေကိုလည်း စတယ်၊ နောက်တယ်။ ပထမ ၁ မှု ချပြီးတော့ နောက် ၁ မှုကို မကြားချင်တော့ဘူး။ နောက် ၁ မှုလည်း ကြားတော့ သူတယောက်တည်း အဲ့ထဲမှာ နှစ်တွေအများကြီးနေဖို့ အဆင်ပြေပါ့မလားဆိုပြီး စိတ်မကောင်း ဖြစ်ရတယ်”

“သူ့ ပုံစံက ပျော်ပျော်နေတတ်တဲ့ သူဆိုတော့ သူစိတ်ဆင်းရဲနေမှာပဲလု့ိ။ ၁၇ နှစ်ဆိုတာ သူ့အတွက် အရမ်းပြစ်ဒဏ်က ပြင်းတယ်လို့ မြင်တယ်။ လူငယ် တယောက်အတွက် အချိန်တွေ အကုန်လုံး အဲ့ထဲမှာပဲ ကုန်ဆုံးသွားတယ်လို့ မြင်တယ်။ တကယ်ဆိုရင် သူ့အမှားကိုလည်း သိနေလောက်ပြီပေါ့။ ပြုပြင်ဖို့ ပြင်ဆင်ဖို့ အချိန်ပေးလေးတော့ ပေးသင့်တယ်ထင်တာပေါ့နော်။ လူတိုင်းမှာ ဒုတိယအခွင့်အရေးလေးတော့ ရှိသင့်တယ်ထင်တာပဲ။ အခု နှစ်တွေအရမ်းမျာေးတာ့ စိတ်တော့ မကောင်းဘူး”လို့ နန်းဆုရတီစိုးက ဆိုပါတယ်။

ဟိန်းဝေယံ

“မိုးအောင်ရင်နဲ့ ကျနော်တို့က Generation တနှစ်တည်းလို့ ပြောလို့ရတယ်။ ကျနော်ရယ်၊ မြင့်မြတ်ရယ်၊ မိုးအောင်ရင်ရယ်က အနုပညာလောကထဲကို ရောက်လာတဲ့ အနုပညာ ညီအစ်ကိုတွေပေါ့။ အခုလိုကြားရတာ တော်တော်တော့ စိတ်မကောင်း ဖြစ်ရတယ်။ ကျနော်တို့ကတော့ ဘာမှ ထွေထွေထူးထူး မသိတဲ့ အပေါ်မှာတော့ ဘာမှ မှတ်ချက် မပေးချင်ပါဘူး။ မိုးအောင်ရင်အတွက် ဆုတောင်းပေးချင်တာ တခုတော့ရှိတယ်။ သူ့ အခုလို အခက်အခဲ ဖြစ်နေချိန်မှာ စိတ်ကို ခိုင်ခိုင်မာမာနဲ့ အေးအေးချမ်းချမ်း ထားနိုင်ပါစေ။ ဒီအခက်အခဲကိုလည်း ကျော်လွှားသွားနိုင်ပါစေလို့ဆုတောင်းပေးချင်ပါတယ်။ ဒီလို အကျဉ်းတွေကနေ အမြန်ဆုံးလွတ်လပ်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့လည်း ဟိန်းဝေယံက ဝမ်းနည်းစကား ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

အရှေ့ပိုင်းခရိုင်တရားရုံးမှ သရုပ်ဆောင် မိုးအောင်ရင်ကို ထောင်ဒဏ် ၁၂ နှစ်ချမှတ်

မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ် ခံလိုက်ရတဲ့ သရုပ်ဆောင် မိုးအောင်ရင်

The post မိုးအောင်ရင်အား ထောင်ဒဏ် ချလိုက်တဲ့အပေါ် အနုပညာရှင်များ၏ ဝမ်းနည်းစကားများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...