အပိုင်း (၃) မှာ ဖော်ပြခဲ့သလို နံပါတ် ၄ ကနေ ၇ အတွင်းရှိနေတဲ့ Rock ဂီတဝိုင်းတွေကတော့ “Green Day”, “Avenged Sevenfold”, “Skillet” နဲ့ “Foo Fighters” စတဲ့ ဂီတဝိုင်းတွေပါ။ ကျန်ရှိနေတဲ့ ဂီတဝိုင်းတွေ အကြောင်းကိုလည်း ထပ်မံ ဖော်ပြ ပေးပါမယ်။
(၈) Red Hot Chili Peppers
ဒီဘက်ခေတ် Rock ဂီတအကြောင်း ပြောရင် Red Hot Chili Peppers လည်း ပါရပါလိမ့်မယ်။ အမေရိကန် Rock ဂီတသမားတွေပါဝင်တဲ့ Red Hot Chili Peppers ကို ၁၉၈၃ ခုနှစ်က အမေရိကန်နိုင်ငံ၊ Los Angeles မြို့ မှာ စတင်တည်ထောင်ခဲ့ပါတယ်။ သီချင်းပုံစံတွေကတော့ Funk-rock နဲ့ Alternative Rock တွေဖြစ်ပြီး အဖွဲ့သားတွေကတော့ Anthony Kiedis (Vocals), Flea (Bass), Chad Smith (Drums) နဲ့ John Frusciante (lead Guitar) တို့ ပါဝင်ပါတယ်။
ဂီတသမိုင်းမှာတော့ သူတို့အဖွဲ့ကို Funk-rock သမားတွေအဖြစ် လူသိများကြပြီး Defunkt, Metallica, Elvis Presley စတဲ့ ဂီတသမားတွေရဲ့ လွှမ်းမိုးမှုတွေ ရှိပါတယ်။ ၁၉၈၃ ကနေ ၂၀၁၇ အထိ album ပေါင်း ၁၁ ချပ် ထွက်ထားပြီး “Blood Sugar Sex Magik” နဲ့ “Californification” စတဲ့ သီချင်းတွေက ထင်ရှားပါတယ်။
(၉) Papa Roach
အမေရိကန် Rock ဂီတဝိုင်း တဝိုင်းဖြစ်တဲ့ Papa Roach ကို ၁၉၉၃ ခုနှစ်တုန်းက ကယ်လီဖိုးနီးယားပြည်နယ်၊ Vacaville မှာ ဖွဲ့စည်းခဲ့ပါတယ်။ Alternative Rock, Alternative
Metal, Hard Rock, Nu Metal, Rap Metal သီချင်းပုံစံတွေကို ဆိုလေ့ ရှိပါတယ်။ ပါဝင်တဲ့ ဂီတပညာရှင်တွေကတော့ Jacoby Shaddix (vocals), Jerry Horton (lead guitar), Tobin Esperance (bass) နဲ့ Tony Palermo (drums) တို့ ဖြစ်ပါတယ်။
သူတို့ကို လွှမ်းမိုးတဲ့ ဂီတပညာရှင်တွေကတော့ Queen, Red Hot Chili Peppers, LedZeppelin,Wu-Tang Clan စတဲ့ သူတွေပါ။ ၁၉၉၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ album ပေါင်း ၁၀ ချပ် ထွက်ရှိထားပြီး ချပ်ရေပေါင်းသန်း ၂၀ ကျော် ရောင်းချထားပြီး ဖြစ်ပါတယ်။ လူသိများတဲ့သီချင်းတွေကတော့ “Last Resort”, “Between Angels and Insects”, “She Loves Me Not” စတဲ့ သီချင်းတွေပါ။ Papa Roach ဟာ ၂၀၁၈ ခုနှစ်မှာတော့ “Who Do You Trust?” album ထွက်ရှိခဲ့ပါတယ်။
(၁၀) Muse
Muse ဟာ အင်္ဂလိပ် Rock Band ဖြစ်ပြီး ၁၉၉၄ ခုနှစ်က လူဦးရေ ၁၅၀၀၀၀ လောက်သာ ရှိတဲ့ Teignmouth မှာ ဖွဲ့စည်းခဲ့ပါတယ်။ Alternative Rock, Space Rock, Progressive Rock, Progressive Metal, Art Rock စတဲ့ သီချင်းပုံစံတွေကို ဆိုလေ့ ရှိပါတယ်။ ပါဝင်တဲ့ဂီတသမားတွေကတော့ Matt Bellamy (vocals, guitars, keyboards), Dominic Howard (drums, synthesizers) နဲ့ Chirst Wolstenholme (bass, harmonica) တို့ ဖြစ်ပါတယ်။
Muse အဖွဲ့ဟာ ဆုပေါင်းများစွာ ရရှိထားခဲ့ပြီး ကမ္ဘာအနှံ့ ချပ်ရေပေါင်းသန်း ၂၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကနေ ၂၀၁၇ အထိ album ပေါင်း ၈ ချပ် ထွက်ထားပြီးနောက်ဆုံး album ဖြစ်တဲ့ “Simulation Theory” ကိုတော့ ၂၀၁၈ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။
အောင်မြင်တဲ့ Rock ဂီတဝိုင်းတွေ အများအပြား ရှိတဲ့အနက်က အခုဖော်ပြပေးခဲ့တာဟာ မိတ်ဆက် သဘောလောက်ပါပဲ။ နောက်ထပ် ကျော်ကြားတဲ့ဝိုင်းတွေကတော့ “Disturbed”, “System of a Down”, “Evanescence”, “Radiohead”, “Shinedown”, “My Chemical Romance”, “Rise Against”, “Slipknot” နဲ့ “Coldplay” စတဲ့ ဂီတဝိုင်းတွေပါပဲ။ ။
ဆက်စပ် သတင်းလင့်ခ်များ
အောင်မြင်ကျော်ကြားတဲ့ Rock ဂီတဝိုင်းများ အပိုင်း (၁)
အောင်မြင်ကျော်ကြားတဲ့ Rock ဂီတဝိုင်းများ အပိုင်း (၂)
အောင်မြင်ကျော်ကြားတဲ့ Rock ဂီတဝိုင်းများ အပိုင်း (၃)
Ref : thetoptens
The post အောင်မြင်ကျော်ကြားတဲ့ Rock ဂီတဝိုင်းများ အပိုင်း (၄) appeared first on ဧရာဝတီ.