Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“လွင်ပြင်”သီချင်းမှာ ယောက်ျားချင်း ကြိုက်တဲ့ ကာရိုက်တာ သရုပ်ဆောင်ထားတဲ့ ချာလီ

$
0
0

Music Video တွေများစွာမှာ ပါဝင် သရုပ်ဆောင်နေတဲ့ မော်ဒယ် ချာလီက အဆိုတော် AR-T ရဲ့ သီချင်းခွေထဲမှာ ယောကျာ်းချင်း ချစ်ကြိုက်တဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပြီး အဲဒီ ကာရိုက်တာကို သရုပ်ဆောင်ရာမှာ ပရိသတ်တွေ ဝေဖန်မှာကို မစိုးရိမ်ဘူးလို့ ချာလီက ဧရာဝတီကို ပြောပါတယ်။

“ကျနော်ကို AR-T ရဲ့ အခွေထဲမှာပါတဲ့ ‘လွင်ပြင်’ သီချင်းမှာ ယောကျာ်းချင်း ချစ်ကြိုက်ရတဲ့ ပုံမျိုး သရုပ်ဆောင်ထားပါတယ်။ ရိုက်ရတာလည်း တာဝန်တော့ကြီးတယ်။ အရမ်းခက်ခဲပြီး အရမ်း အမှတ်တရဖြစ်ခဲ့တဲ့ Music Video လေးပါ။ ကျနော်တို့ ဒီသီချင်းလေးကို ကလောမှာ ၄ ရက် ရိုက်တယ်”

“ပထမဆုံးရိုက်တဲ့နေ့မှာပဲ ကျနော်တို့ နှစ်ယောက် လက်တွေကိုင် ထားတယ်။ ဖက်တာတွေ ရိုက်တော့ အဆင်မပြေဘူး။ ဒါတောင် အရမ်းခင်တဲ့ သူငယ်ချင်းတွေ အဲ့လိုရိုက်ရတော့ အသားတွေတုန်ပြီး ဖြစ်ပါ့မလားနဲ့ ရိုက်ခဲ့တယ်”

“နမ်းတဲ့ အခန်းတွေ ရိုက်တော့လည်း ဒါရိုက်တာက ရအောင် ရိုက်ချင်တာကြောင့် ကျနော်တို့ ရအောင် ရိုက်ခဲ့ကြတယ်။ ပရိသတ်တွေ ဝေဖန်မှာကို မစိုးရိမ်ပါဘူး။ ဘာလို့လဲဆို ဒါကျနော်တို့ရဲ့ အနုပညာ ပြခွင့်ရတာမို့ ကာရိုက်တာမျိုးစုံကို အကောင်းဆုံး ကြိုးစားပြီး လုပ်တာပေါ့”လို့ ချာလီက ပြောပါတယ်။

“Music Video တွေ အများကြီး ရိုက်ခဲ့တယ်။ ရိုက်ခဲ့ဖူးတဲ့ MV တွေထဲမှာတော့ ဒါက ပထမဆုံး လုပ်ဖူးတဲ့ ကာရိုက်တာလေးပါ။ ပရိသတ် တမျိုးမြင်မှာ၊ မမြင်မှာထက် ကျနော် အနုပညာပြောင်မြောက်တယ်လို့ ပြောတာနဲ့တင် ကျေနပ်ပါတယ်”လို့ ချာလီက ဆိုပါတယ်။

AR-T ရဲ့ “လွင်ပြင်” သီချင်းမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ မော်ဒယ် ထက်ဦးထွဋ်နဲ့ ချာလီ

အချစ်ရေးမှာ တယောက်တည်း ဖြစ်နေပြီဖြစ်တဲ့ ချာလီက အနုပညာလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်နေပြီး တနှစ်ပြည့်ပြီဖြစ်တဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်း “အလွန်အကြူး” Clothing Collection ကလည်း အသစ်တွေ ထပ်မံ ထွက်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။

ယောကျာ်းလေးချင်း ချစ်ကြိုက်တဲ့ ကာရိုက်တာမှာ ပါဝင် သရုပ်ဆောင်ထားတဲ့အတွက် LGBT (Lesbian, Gay, Bisexual, Transgender) စတဲ့ လိင်တူချစ်သူတွေအပေါ် ဘယ်လိုမြင်လဲ ဆိုတဲ့ အမေးကိုလည်း ချာလီက အခုလိုပဲ ဖြေပါတယ်။

“ကျနော် LGBTတွေကို ဘယ်လိုမှ မမြင်ဘူး။ အကုန်လုံးနဲ့လည်း တန်းတူလို့ပဲ မြင်ပါတယ်။ ကျနော်က မိန်းမပဲ စိတ်ဝင်စားတယ်။ ကျနော် ထက်တဲ့ မိန်းကလေးပုံစံလေးတွေ ကြိုက်တယ်။ အရမ်း Sexy မဟုတ်ဘဲ ခေတ်နဲ့အညီ လိုက်လျောညီထွေ နေနိုင်တဲ့သူဆိုရင် ကျနော်ကြိုက်တယ်။ ဆံပင်ပုံစံလေးကလည်း မတိုမရှည်ပုံစံလေးတွေဆိုရင် သဘောကျပါတယ်” လို့ ချာလီက ဆိုပါတယ်။

“အခုလက်ရှိမှာ အချစ်ရေးက တယောက်တည်းပါ။ အချစ်ရေးကတော့ တွေ့လိုက်၊ ချစ်မယ်လုပ်လိုက်၊ ကံမကောင်းသလို ဖြစ်လိုက်နဲ့။ အသည်းကွဲ ဓာတ်ခံရှိလို့လား မသိဘူး။ အသည်းပဲ ကွဲနေတယ်။ လတ်တလောမှာ ရှိုးတွေ လျှောက်တယ်။ ဇာတ်ကားတွေ ရိုက်ဖို့လည်း ရှိတယ်။ Music Video တွေလည်း ရိုက်ထားတယ်။ ကြောငြာတွေလည်း ရိုက်ဖြစ်နေတယ်”လို့ ချာလီက ပြောပါတယ်။

မော်ဒယ်၊ သရုပ်ဆောင် ချာလီဟာ Music Video များမှာ သရုပ်ဆောင်နေသလို ကိုယ်တိုင်လည်း “စိတ်ပုတ်”ဆိုတဲ့ တကုယ်တော်တေးစီးရီး ထွက်ရှိထားပါတယ်။

The post “လွင်ပြင်”သီချင်းမှာ ယောက်ျားချင်း ကြိုက်တဲ့ ကာရိုက်တာ သရုပ်ဆောင်ထားတဲ့ ချာလီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...