Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခရစ်စမတ်နဲ့ နှစ်သစ်ကူးအတွက် အနုပညာရှင်များရဲ့ ဆုတောင်းစကားသံများ

$
0
0

မကြာခင်ကျရောက်တော့မယ့် Marry Chirstmas& Happy New Year ၂၀၁၉ နှစ်သစ်အတွက် အနုပညာရှင်တို့ က ဆုတောင်းစကားများကို အခုလို အသီးသီးဆိုထားကြပါတယ်။

၁။ အဆိုတော် ဝေလ

ကျနော်က New Year ကို ပုဂံမှာ သီချင်းဆိုရင်း မိသားစုနဲ့ ခရီးထွက်ရင်း အလုပ်လည်း လုပ်ရင်းပေါ့။ ၂၀၁၈ ခုနှစ်မှာပိုပြီးတော့ကြိုးစား စရာ အပြစ်အနာအဆာတွေလည်းတွေ့တယ်။ အဲ့ဒါတွေကို ပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲ ဆိုပြီး တွေးတယ်။ ကောင်းတာတွေရော ဆိုးတာတွေရောပေါ့။ လူဆိုတာ အမြဲဖြူစင်နေတာမှမရှိတာ။ အဲ့ အတွက်ရှေ့လျှောက် ကောင်း အောင်ဘယ်လိုလုပ်မလဲပဲ စဉ်းစားပါတယ်။ နှစ်သစ်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

၂။ သရုပ်ဆောင် နေမင်း

New Year က ကျနော်ရန်ကုန်မှာပဲရှိမှာပါ။ အမေတို့ အဖေတို့ နဲ့ပဲရှိမှာပါ။ ၂၀၁၈ခုနှစ်ကို ပြန်သုံးသပ်ရရင်တော့ ကျနော်အတွက်တော့ အပြောင်းအလဲအရမ်းများတဲ့ နှစ်ပါ။ အောင်မြင်ခြင်းတွေရော ကျရှုံးခြင်းတွေရော အမျိုးပါပဲ။ ဘဝကို အပြောင်းအလဲ တခု အနေနဲ့ ရင်ဆိုင်ရတဲ့နှစ်တခုပါ။ ၂၀၁၉ ခုနှစ်မှာ အနုပညာအလုပ်တွေအများကြီး ပြန်လုပ်ဖြစ်မယ်။ ၂၀၁၉ခုနှစ်မှသည် ရှင်သန်နေတဲ့ တလျှောက်လုံး ပျော်ရွှင်ချမ်းသာခြင်းတွေနဲ့ အချိန်နဲ့ တပြေးညီရရှိခံစားနိုင်ကြပါစေ။

၃။ သရုပ်ဆောင် ခင်ဝင့်ဝါ

 

New Year မှာလည်း အလုပ်တွေ နဲ့ပဲ ဖြတ်သန်းဖြစ်မှာပါ။ ၂၀၁၈ခုနှစ်ကို ပြန်သုံးသပ်ရရင်တော့ အများကြီးကြိုးစား ဖို့လိုသေးပါတယ်။ ၂၀၁၈ခုနှစ်မှာ ကံကောင်းတာလည်းရှိတယ်။ ကံမကောင်း တာလည်းရှိတယ်။ ဝမ်းနည်းရတာတွေလည်းရှိတယ်။ ပျော်ရွှင်ရတာတွေလည်းရှိတယ်။ ၂၀၁၈ခုနှစ်မှာ စိတ်ပင်ပန်းစရာတွေအများကြီး ကြုံခဲ့ရသလို အများကြီးသင်ခန်းစာ ရတယ်။ ပိုပြီးကိုယ့်ကိုယ်ကိုလည်း ရင့်ကျက်လာတယ်လို့ ခံစားရတယ်။

တနှစ်ထပ် တနှစ်ပိုပြီး သည်းခံတတ်လာတယ်။ ဘယ်လိုပဲဝေဖန်ဝေဖန် တိုက်ခိုက်တိုက်ခိုက် သည်းခံတတ်လာတယ်။ အဲ့တော့ ကိုယ့်ကိုယ်ကို သည်းခံစိတ်ပိုကြီးလာ တယ်လို့ပြောရမယ်။ တနှစ်ထက် တနှစ်ပိုပြီးတော့ အနုပညာတွေကို ပရိသတ် လက်ခံလာအောင် အကောင်းဆုံးကြိုးစား သွားဖို့ပဲရှိပါတယ်။

လာမယ့်နှစ်သစ်မှာ ပရိသတ်တွေ ကံကောင်းခြင်းတွေ ပျော်ရွှင်ခြင်းတွေ ဖြစ်ချင်တာတွေ အားလုံး ပြည့်ဝပြီးတော့ သဘာဝဘေးအန္တရာယ်ကလဲ ကင်းဝေကြပါစေလို့ ဆုတောင်း ပေးပါတယ်။ New Year မှာလည်းအလုပ်တွေ

၄။ အဆိုတော် ဘီလီလမင်းအေး

ခရစ္စမတ်နဲ့ New Year မှာ နယ်ပြန်ပြီး မိသားစုနဲ့ အချိန်ကုန်ဖြစ်ဖို့ များပါတယ်။ တော်တော်များများက သီတင်းကျွတ်လိုပဲ ခရစ်ယာန်မိသားစုတွေကလည်း မိသားစုတွေတွေ့ကြတာပေါ့နော်။ ခရစ္စမတ်ရောက်ရင် မုန့်တွေ စားကြတယ်။ ဘုရားကျောင်းတွေတက်ကြတယ်။ နယ်တွေသွားကြတယ်။ အဲ့တော့ ဖူးလည်း ပြန်ဖို့များပါတယ်။ မကြာခင် ခရစ္စမတ်နဲ့ New Year ရောက်တော့မှာဆိုတော့ Marry Chirstmas Happy New Year ပါလို့ ။ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းပေးပါတယ်။

The post ခရစ်စမတ်နဲ့ နှစ်သစ်ကူးအတွက် အနုပညာရှင်များရဲ့ ဆုတောင်းစကားသံများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...