Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၇၂ သန်းနဲ့ အဖွဲ့လှခဲ့တဲ့ ‘Aquaman’ ရုပ်ရှင်

$
0
0

“Aquaman” (ရေဘုရင်ကြီး) ဟာ ပင်လယ်သမုဒ္ဒရာထဲမှာတင် ကြီးစိုးခဲ့တာမဟုတ်ပါဘူး။ DC Comics ရဲ့ ရုပ်ရှင်အသစ် ဟာ အခုခရစ်စမတ်ပိတ်ရက် ရုံဝင်ငွေစာရင်းကိုလည်း အဖွင့်သီတင်းပတ်မှာတင် ဒေါ်လာ ၇၂ သန်းနဲ့ နံပါတ် ၁ နေရာကနေ စိုးမိုးထားတာကိုတွေ့ရပါတယ်။

Variety မီဒီယာရဲ့ အဆိုအရ ခရစ်စမတ်မတိုင်မီ ဖြန့်ချိခဲ့ပြီး များသောအားဖြင့် ခရစ်စမတ်နဲ့ နှစ်သစ်ကူးပိတ်ရက်တွေ အတွင်းမှာ ကြည့်ရှုသူတွေ များတတ်တာ ထုံးစံပဲဖြစ်ပါတယ်။

ဒါ့အပြင် မင်းသား Jason Momoa ပါဝင်ထားတဲ့ စူပါဟီးရိုးရုပ်ရှင်ဟာ “Mary Poppins Returns” နဲ့ “Bumbebee” ရုပ်ရှင်တွေ ရုံစတင်ခဲ့ပေမယ့်လည်း ရုံဝင်ငွေ တော်တော်လေး ကွာခြားခဲ့ပြီး ပြိုင်ဖက် ကင်းခဲ့တာပဲ ဖြစ်ပါတယ်။

Variety မီဒီယာရဲ့ ထောက်ပြချက်အရ Disney ရဲ့ “Mary Poppins Returns” ရုပ်ရှင်ဟာ ကလေးငယ်တွေနဲ့ ရုပ်ရှင်ကြည့်သူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုဆိုတာ သက်သေပြပေးခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၃၁ သန်း ရရှိခဲ့ပါတယ်။

ကမ္ဘာတဝန်းမှာတော့ ရုံဝင်ငွေ ဒေါ်လာ သန်း ၂၀ ရရှိခဲ့လို့ စုစုပေါင်း ဒေါ်လာ ၅၁ သန်း ရရှိခဲ့ပါတယ်။ အဲဒီရုပ်ရှင်ဟာ ဒေါ်လာ သန်း ၁၃၀ ကုန်ကျခဲ့တာဖြစ်ပေမယ့် အခုလိုရလဒ်ကို ကြည့်မယ်ဆိုရင် နည်းနည်း စိတ်ပျက်ဖို့ကောင်းတယ်လို့ ပြောရမှာပါ။

“Transformers” ရုပ်ရှင်ရဲ့ ရှေ့ကြိုဇာတ်လမ်းဖြစ်တဲ့ “Bumblebee” ရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၂၀ ဒသမ ၉ သန်းရရှိခဲ့ပြီး တတိယနေရာမှာ ရပ်တည်နေပါတယ်။

“Aquaman” ရုပ်ရှင်ကတော့ ကမ္ဘာတဝန်းက ပရိသတ်တွေ တော်တော်အားပေးတာကို မြင်တွေ့ရပါတယ်။ ကမ္ဘာတဝန်းရုံဝင်ငွေ ဒေါ်လာ သန်း ၄၁၀ ရှိခဲ့တဲ့အတွက် စုစုပေါင်း ရုံဝင်ငွေ ဒေါ်လာ ၄၈၂ ဒဿမ ၈ သန်း ရရှိခဲ့ပြီး ဖြစ်ပါတယ်။

Wonder Woman ရဲ့ ရုပ်ရှင်ရဲ့နောက်ပိုင်းမှာ ခက်ခဲမှုတွေနဲ့ ကြုံတွေ့ရပေမယ့် အခုလိုမျိုး ထူးထူးခြားခြားဖန်တီးထားတဲ့ ရုပ်ရှင်ကြောင့် DC က ပြန်လည်ဦးမော့လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စတုတ္ထနေရာမှာရှိနေတာက “Spider-Man: Into the Multiverse” ရုပ်ရှင်ဖြစ်ပြီး ဒုတိယမြောက်ရုံတင်တဲ့ သီတင်းပတ်မှာ ဒေါ်လာ ၆၄ ဒဿမ ၈ သန်းရရှိထားပြီးဖြစ်ပါတယ်။

မင်းသားကြီး Clint Eastwood ရဲ့ “The Mule” ရုပ်ရှင်ကတော့ ရုံဝင်ငွေ ၉ ဒဿမ ၉၅ သန်းရရှိခဲ့ပြီး ပဉ္စမနေရာမှာရပ်တည်နေပါတယ်။

Ref: etcanada

The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၇၂ သန်းနဲ့ အဖွဲ့လှခဲ့တဲ့ ‘Aquaman’ ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...