Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြင့်မြတ် ချောတာတွေပဲ ရိုက်ပြထားတဲ့ ရိုက်တာ ပွင့်သိင်္ဂီဇော်

$
0
0

ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က လတ်တလော ရုံတင်နေတဲ့ “ရည်းစား တစ်ဝမ်းကွဲ” ရုပ်ရှင်ဇာတ်ကားမှာ Edition ပိုင်းကို တာဝန်ယူခဲ့ပြီး ဒီဇာတ်ကားကိုတော့ သူမရဲ့ ဖခင်ဖြစ်သူ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူးထားတာလို့ ဆိုပါတယ်။

“ဒီ ရည်းစားတစ်ဝမ်းကွဲ ကားလေးကို ပွင့်က Edit လုပ်ပေးဖြစ်တယ်။ နောက်ပိုင်းတွေမှာ အစ်မတို့က တခြားသူတွေနဲ့ ပြန်ပြင်တာတွေလည်း ရှိတော့ ရှိတယ်။ ဒီကားကို ပွင့်က Edit လုပ်ကတည်းက အရမ်းကြိုက်တယ်။ စိုင်းစိုင်းနဲ့ ဖွေးဖွေး တို့နှစ်ယောက်က အရမ်းချစ်စရာကောင်းတယ်။ ရိုမန့်ကော်မဒီက ဖေကြီး ရိုက်နေကျ ပုံစံတော့ မဟုတ်ဘူး”

“တကယ်က ဟိုးတုန်းကဖေကြီးက ဗွီဒီယိုခေတ်တုန်းကဆို ရိုမန့်တွေ၊ ဒရာမာတွေပဲ ရိုက်ရတာ။ နောက်ပိုင်းတော့ ဘယ်လိုဖြစ်သွားလဲ မသိဘူး။ သူ ရွာဟာသတွေမှာ တအားပေါက်ပြီးတော့ ဟာသတွေပဲ အရမ်းရိုက်ရတယ်။ အခု ဒီကားကို စရိုက်တဲ့ အချိန်မှာတောင် ပထမတော့ ဖေကြီးရိုက်တယ်လို့တောင် မသိကြဘူး။ ပွင့်က Share တော့ ပွင့် ရိုက်တယ်ပဲ ထင်ကြတာ”လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ဧရာဝတီကို ပြောပါတယ်။

ဖခင်ဖြစ်သူ ဒါရိုက်တာကိုဇော် (အရုဏ်ဦး)က ဟာသကားတွေ အရိုက်များတဲ့အတွက် အခုလို လူငယ် ရိုမန့် ဇာတ်လမ်း ရိုက်တဲ့အပေါ်အမြင်ကိုလည်း သူက ခုလိုပြောပါတယ်။

“လူငယ်လက်ရာတော့ မှီပါတယ်။ ဖေကြီးက တကယ်တော့လေ ကင်မရာ ဖရိန်ယူတာတို့၊ ဇာတ် ဖမ်းတာတို့ဆို ပွင့်တို့တွေ ဖေကြီးကို မမှီသေးဘူး။ ရှုခင်းလှတာလေးတွေ့လို့ ဖေကြီးရိုက်ပေးဆိုပြီး ရိုက်တာက လှနေရော။ သူလည်းပဲ ရိုမန့်တွေ၊ ဒရာမာတွေ ရိုက်ချင်တာပေါ့နော်။ ဒါပေမဲ့ ပရိုဂျူဆာတွေက အပ်လိုက်ရင် ဟာသပဲဆိုတော့ အဲဒါပဲရိုက်နေရတာပေါ့။ ဒါပေမယ့် သူ့ကို နည်းနည်းတော့ ထိန်းရတာပေါ့နော်”

“ဟာသအရမ်း အရိုက်များတော့လေ။ အရမ်းအိုဗာဖြစ်တဲ့ဟာသတွေ ဖြစ်မှာစိုးလို့ ၊ဇာတ်တွေထပ်မှာ စိုးလို့ ပွင့်က လိုက်ထိန်းရတာပေါ့။ အခုခေတ်အနေအထားနဲ့ မရိုက်သင့်တော့တာတွေလည်း ရှိတယ်။ ဒါပေမဲ့ ခုချိန်မှာ အားလုံးကလည်း ဇာတ်အိမ်ကောင်းလေးတွေ ရိုက်ချင်လာကြတယ်။ သူလည်း လုပ်ချင်တာပေါ့နော်။ အပ်တဲ့သူတွေက ဟာသတွေပဲ အပ်နေကြတော့ ဟာသတွေပဲ ရိုက်နေရတာပေါ့”လို့ ပွင့်သိင်္ဂီဇော်က ဆိုပါတယ်။

လတ်တလော ကိုယ်တိုင်ရိုက်ကူးဖြစ်နေတဲ့ ဇာတ်တွေနဲ့ ဖခင်အတွက် ဝိုင်းလုပ်ပေးဖြစ်တဲ့ကဏ္ဍတွေနဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။

“ပွင့်ကတော့ ရိုကော်(ရိုမန့်ကော်မဒီ) တွေ အရိုက်များတယ်။ ဟိုးတလောကဆို ရိုမန့်စစ်စစ်ရိုက်ရမယ်ဆိုပြီး ဖြစ်ချင်တော့ ဇာတ်လမ်းက သူများနည်းနည်းဆင်နေလို့ မရိုက်ဖြစ်လိုက်ဘူး။ အပ်တဲ့ကားလေးတွေလည်း ကိုယ်ကြိုက်လို့ပဲ ရိုက်ဖြစ်တာပေါ့နော်။ ဖေကြီးကိုတော့ အကုန်လုံး လိုက်လုပ်ပေးရတယ်။ သူက လက်စမသတ်ဘူး။ ဖေကြီးက ရိုက်ရုံပဲ။ ပွင့်က အနောက်က အကုန် လက်စသတ် ပေးရတယ်”

“တခါတလေ သူ့ရဲ့လက်ကျန်တွေ၊ သူမပြီးဘဲ နောက်တခု ဝင်ရတော့မယ်ဆိုရင် ပွင့်ကဝင်ရိုက်ပေးရတာတွေ လုပ်ပေးရတယ်”လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ပြောပါတယ်။

ဒါရိုက်တာ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က မိသားစုကိုယ်ပိုင်လုပ်ထားတဲ့ ခေတ်သစ် အရုဏ်ဦး Production အတွက် ပွဲဦးထွက်ရုပ်ရှင်တကားလည်း ရိုက်ကူးထားပါတယ်။ မကြာခင်ကရိုက်ပြီးခဲ့တဲ့ “ရည်းစားရွေးနည်း”ကားကြီးကို တခြားကားတွေနဲ့မတူအောင် ရိုက်ကူးထားတဲ့ အကြောင်းကိုလည်း အခုလိုဆိုပါတယ်။

“ဒီကားက မဖွေးနဲ့ ကိုမြင့်မြတ်နဲ့ ။ ရိုကော်လေးပဲ။ အဲဒါလေးကိုလည်း မြန်မြန် ရုံတင်ခွင့်ရအောင်လုပ်နေတယ်။ ဇာတ်လမ်းကတော့ ပွင့်နဲ့ မေမေနဲ့ ဖရိန်ချတယ်။ ရာဇဝင်ကိုက ဇာတ်ညွှန်းပေါ့”

“ကိုမြင့်မြတ်ကို ပရိသတ်အများစုကမြင်ကြတာက ဟာသဖြစ်ရင်ဖြစ်၊ မဟုတ်ရင် လူဆိုးဂိုဏ်းစတားလို့ မြင်ကြတယ်။ ပွင့်ကတော့ ထူးခြားအောင် တမင်သက်သက် အဲဒီကားမှာ အစ်ကို့ကိုချောစေချင်လို့၊ အစ်ကိုရဲ့ချောတာတွေကိုပြစေချင်လို့ အစ်ကို့ကို ချောအောင်ရိုက်ထားတယ်”လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ဆိုပါတယ်။

ဒါရိုက်တာ ဒါရိုက်တာပွင့်သိင်္ဂီဇော် အနေနဲ့ အနီးစပ်ဆုံး ရုံတင်လာနိုင်မယ့် ဇာတ်ကားအနေနဲ့ “Marry Me”, “Play boy” တို့ရှိနေပြီး ဖွေးဖွေးနဲ့ ရိုက်ထားတဲ့ “ပွဲကြမ်းပြီ”ကားကြီးလည်း ရုံတင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

The post မြင့်မြတ် ချောတာတွေပဲ ရိုက်ပြထားတဲ့ ရိုက်တာ ပွင့်သိင်္ဂီဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...