Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဝင်ငွေအများဆုံး ရရှိနေဆဲဖြစ်တဲ့ ကမ္ဘာကျော်အဆိုတော်များ

$
0
0

သီချင်းဂီတတွေဟာ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ အနုပညာ အမျိုးအစားဖြစ်ပြီး ဖန်တီးသူအနုပညာရှင်တွေဟာလည်း အသစ်အဆန်းတွေကို တင်ဆက်နေကြပါတယ်။ အခုဖော်ပြပေးမယ့် ကမ္ဘာကျော်တွေကတော့ အနုပညာအရရော ဝင်ငွေအရပါ အောင်မြင်မှု ရရှိနေဆဲဖြစ်တဲ့ အဆိုတော်တွေပဲ ဖြစ်ပါတယ်။

(၁) Coldplay

“A Head Full Of Dream” ဆိုတဲ့ လှည့်လည်ဖျော်ဖြေမှုနဲ့ အတူ ၂ နှစ်အတွင်းမှာ Coldplay အဖွဲ့ဟာ ဒေါ်လာသန်းတဝက်ကျော်ခန့်ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ U2 နဲ့ Rolling Stone အဖွဲ့တွေပြီးရင် Coldplay အဖွဲ့ဟာ လှည့်လည်ဖျော်ဖြေပွဲတွေမှာ ဝင်ငွေအများဆုံး ပိုင်ဆိုင်မှုရရှိထားတဲ့ ဂီတအဖွဲ့တဖွဲ့အဖြစ် မှတ်တမ်းတင်ထား နိုင်ခဲ့တာပဲဖြစ်ပါတယ်။

(၂) Ed Sheeran

အသက် ၂၇ နှစ်အရွယ်ရှိ အဆိုတော် Ed Sheeran ဟာဆိုရင်တော့ တကိုယ်တော်ဂီတပညာရှင်တွေထဲမှာ ဝင်ငွေပိုင်ဆိုင်မှု အများဆုံး အဆိုတော်တဦးအဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ သူဟာ အဆိုတော်တဦးဖြစ်တဲ့အပြင် “Game of Thrones” နဲ့ “The Simpson” ရုပ်ရှင်တွေမှာလည်း တစိတ်တဒေသအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

(၃) Bruno Mars

နောက်ထပ် တကိုယ်တော် ဂီတပညာရှင်တဦးဖြစ်တဲ့ Bruno Mars ဟာဆိုရင်တော့ 24K Magic လှည့်လည်ဖျော်ဖြေမှုနဲ့ အတူ ဝင်ငွေအများဆုံးပိုင်ဆိုင်တဲ့ အဆိုတော်တဦးအဖြစ် ရပ်တည်နေတာဖြစ်ပြီး Grammy ဆု ၆ ဆုကိုလည်း ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ထားသူ တဦးဖြစ်ပါတယ်။

(၄) Katy Perry

ဖျော်ဖြေပွဲတွေမှာ တက်တက်ကြွကြွ ဖျော်ဖြေတတ်တဲ့ Katy Perry ဟာဆိုရင် Show ပွဲတွေမှာ တညကို ဒေါ်လာ ၁ သန်းနှုန်းနဲ့ အနုပညာကြေး ရရှိသူတဦးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသူတဦးဖြစ်တဲ့ သူမဟာ သရုပ်ဆောင်၊ အဆိုတော်နဲ့ သီချင်းရေးသားသူတဦးလည်း ဖြစ်ပါတယ်။

(၅) Taylor Swift

သူမရဲ့ Album အသစ်ဖြစ်တဲ့ Reputation ဟာ အမေရိကန်နိုင်ငံမှာတင် ၁ ဒဿမ၂ သန်းခန့် ရောင်းချခဲ့ရတာဖြစ်ပြီး Reputation လှည့်လည်ဖျော်ဖြေပွဲတွေကလည်း အသင့်စောင်ကြိုနေခဲ့တာ ဖြစ်ပါတယ်။ Emmy ဆု ၁ ဆု၊ Grammy ဆု ၇ ဆုနဲ့ Billboards ဆု ၂၂ ဆုကိုလည်း ပိုင်ဆိုင်ထားသူတဦးဖြစ်ပါတယ်။

Ref : www.wonderlist.com

The post ဝင်ငွေအများဆုံး ရရှိနေဆဲဖြစ်တဲ့ ကမ္ဘာကျော်အဆိုတော်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...