Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၈ ဟာ၂၀၁၉ အတွက် အကောင်းဆုံးဖြစ်လာဖို့ အခြေခံဖောင်ဒေရှင်းလို့ နေခြည်ဦး ပြော

$
0
0

Beauty Blogger အလုပ်အပြင် သရုပ်ဆောင် အလုပ်တွေပါ လုပ်ကိုင်နေတဲ့ နေခြည်ဦးက ယခုနှစ်အတွင်း ဝေဖန်မှုများစွာနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ရရှိခဲ့ပြီး သူမ အတွက် ၂၀၁၈ ဟာ၂၀၁၉ အတွက် အကောင်းဆုံးဖြစ်လာဖို့ အခြေခံဖောင်ဒေရှင်းလို့ ဆိုပါတယ်။

“၂၀၁၈ က ကံကောင်းတယ်တော့ မဟုတ်ဘူး။ အချိုးပေါ့။ ၁၀ တန်း အောင်စာရင်း ထွက်သလို အချိုးပေါ့။ ၁၀ တန်းတုန်းက အောင်စာရင်း မထွက်တော့ ဘဝပျက်သွားသေးတယ်။ အခုလည်း ဘဝရဲ့ အချိုးတကွေ့ပါ”လို့ နေခြည်ဦးက ပြောပါတယ်။

“ဒီလိုမျိုးကြီး ပရိသတ်တွေ စိတ်ဝင်စားခြင်းခံရဖို့ မီဒီယာတွေနဲ့ တွေ့ဖို့ တခါမှ မတွေးဖူးဘူး။ ကိုယ့်ဟာနဲ့ကိုယ် မိဘလုပ်စာ စားပြီး ပျော်နေတဲ့ ကောင်မလေးက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်။ အဖေ့ကို ထောက်ပံ့စရာ မလိုဘူး။ အမေ့ကို ထောက်ပံ့ရတာနဲ့တင်ပျော်တယ်။ အမေလိုချင်တာတွေ ဝယ်ပေးတယ်။ အဖေက အဲ့ပီတိနဲ့တင် ပျော်နေတာ”လို့ နေခြည်ဦးက ဆိုပါတယ်။

ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေ ဘယ်လိုပဲ ရှိရှိ နေခြည်ဦးကတော့ ၂၀၁၉ တနှစ်ပတ်လုံးကို ရဲရဲကြီး ဆက်သွားနေဦးမယ်လို့ ဆိုပါတယ်။

“ဒီလိုမျိုးဖြစ်လာဖို့ အားပေးတဲ့ ပရိသတ်တွေ ထုတ်လုပ်ပေးခဲ့တဲ့ ထုတ်လုပ်ရေးတွေ မီဒီယာတွေကြောင့်ပဲ ဝေဖန်မှုတွေ၊ အောင်မြင်မှုတွေကြားထဲကနေ နေရာတနေရာ ရောက်လာတာပါ။ ၂၀၁၈ ကတော့ ၂၀၁၉ အတွက် အကောင်းဆုံးဖြစ်လာဖို့ အခြေခံဖောင်ဒေရှင်းလို့ပဲ ထင်ပါတယ်။ အောင်မြင်မှုအတွက် Chilies တွေရဲ့ပံ့ပိုးမှုနဲ့ ၂၀၁၉ တနှစ်ပတ်လုံးကို ရဲရဲကြီးသွားနေဦးမှာပဲ”လို့လည်း နေခြည်ဦးက ပြောပါတယ်။

Beauty Blogger နေခြည်ဦး (ဓာတ်ပုံ – Nay Chi Oo’s Facebook)

မကြာခင် ရှေ့နှစ်ထဲမှာ အသက် ၂၇ နှစ် ပြည့်တော့မယ့် နေခြည်ဦးက မွေးနေ့ကျရင် သီလရှင်ဝတ်ဖို့ အစီအစဉ်ရှိတယ်လို့လည်း ပြောပါတယ်။ “သီလရှင်ဝတ်ဖို့ သူငယ်ချင်းတွေလည်း ပါတယ်။ အလှူလည်း အကြီးကြီး လုပ်ချင်တာကြောင့် မွေးနေ့မှာ သီလရှင်တပတ်လောက်တော့ ဝတ်ဖြစ်မယ်”လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးက ၂၀၁၈ ခုနှစ်အတွင်းမှာလည်း သူမရဲ့ ကိုယ်ပိုင် Brand ဖြစ်တဲ့ “Your Social Media BFF” ဆိုတဲ့ 2019 Year Planner စာအုပ်ကိုလည်း ထုတ်လုပ်ထားပြီး သူမရဲ့ စာအုပ်ကို ပရိသတ်တွေက အားပေးကြတဲ့အတွက် အရမ်းဝမ်းသာတယ်လို့ ဆိုပါတယ်။

“နေခြည့် စာအုပ်လေးကို အရမ်းအားပေးကြတော့ ဘယ်လိုပြောရမလဲ။ အရမ်းဝမ်းသာတယ်။ ပျော်လည်းပျော်တယ်။ ဒီစာအုပ်လေးထုတ်ဖို့ ကြော်ငြာမှာဆိုလည်း ထူးထူးခြားခြားလေးဖြစ်အောင် လုပ်ရတယ်။ ဒီကြော်ငြာလေးဖြစ်ဖို့ လုပ်ပေးတဲ့ ဒါရိုက်တာတွေရော၊ မန်နေဂျာရော Team တခုလုံး ကျေးဇူးတင်တယ်။ နေခြည့် စိတ်ထဲကအတိုင်း ဖြစ်လာအောင် လုပ်ပေးတာပေါ့”

“ကြော်ငြာကိုလည်း သေချာလေး လုပ်ခဲ့တယ်။ ကြားထဲမှာလည်းနေခြည့်ကို ဝေဖန်မှုတွေကမျိုးစုံပါပဲ။ စာအုပ်ဖြစ်ပြီး အလယ်မှာ ဗြောင်ချည်းပဲလို့လည်း ပြောတယ်။ Planner စာအုပ်ကို နေခြည်က အလယ်မှာ ဗြောင်မထားလို့ ဘာရေးပေးရမှာလဲ။ ဘယ်လိုပဲပြောပြော ၂၀၁၉ ကို အားအင်အပြည့်နဲ့ တက်မယ့် နေခြည့် Fan တွေကိုတွေ့ရတာလည်း အရမ်းဝမ်းသာပါတယ်။ ဒီစာအုပ်လေးက အကျိုးအမြတ်ထက် နေခြည် ပထမဆုံး Brand လေးကပေါက်သွားတယ်။ နေခြည် ကုသိုလ်လည်း အများကြီးရတယ်လို့ စားရပါတယ်။ အဲ့အတွက်လည်း နေခြည် အရမ်းပျော်ပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးကို Beauty Blogger တဦးအနေနဲ့ ပရိသတ်တွေက အားပေးခဲ့တာ ဖြစ်ပြီး အဲဒီနောက် နေခြည်ဦးဟာ Beauty Blogger တင်မက အနုပညာအလုပ်တွေပါ လုပ်ကိုင်လာပါတယ်။ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ “ရန်သူ” ရုပ်ရှင်ကားကြီးက ၂၀၁၈ မှာ ရုံတင်ပြသခဲ့ပြီး ၂၀၁၉ မှာလည်း သူပါဝင်တဲ့ ရုပ်ရှင်ကားများ ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။

The post ၂၀၁၈ ဟာ၂၀၁၉ အတွက် အကောင်းဆုံးဖြစ်လာဖို့ အခြေခံဖောင်ဒေရှင်းလို့ နေခြည်ဦး ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...