Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းရင်းကို ပြောပြခဲ့တဲ့ အဆိုတော် ရေမွန်

$
0
0

Idiots အဖွဲ့မှ အဆိုတော် ရေမွန်ဟာ ပရိသတ် အခိုင်အမာရရှိထားတဲ့ အဆိုတော်တဦးပါ။ ရေမွန်ရဲ့သီချင်းတွေဟာ လူငယ် ပရိသတ်တွေကြား ရေပန်းစားပါတယ်။

ပရိသတ်တွေဟာ သူ့ရဲ့သီချင်းတွေကို အားပေးသလို သူရဲ့အချစ်ရေးဟာလည်း ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကို ခံရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်က ချစ်သူ ကောင်မလေးကို အေးအေးဆေးဆေး လမ်းခွဲခဲ့တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

ချစ်သူ ကောင်မလေးနဲ့ ၇ လကြာ ချစ်သူသက်တမ်းကို ကောင်မလေးရဲ့ မွေးနေ့မှာ သူမကို ဘုရားလိုက်ပို့ရင်း လမ်းခွဲစာလေး ပေးဖြစ်ခဲ့တာပါ။ ကောင်မလေးကို လမ်းခွဲခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ စိတ်ဝင်စားခြင်း ခံခဲ့ရတာပါ။ အဲ့ဒါနဲ့ ပတ်သက်ပြီး ရေမွန်ကိုယ်တိုင်ကလည်း ယခုလိုပြောပြထားပါတယ်။

“အဆင်မပြေတဲ့ ကိစ္စလေးတွေကြောင့် လမ်းခွဲဖြစ်ခဲ့တာပါ။ မုန်းလို့တော့ မဟုတ်ပါဘူ။ လူတိုင်းလည်း ချစ်သူရည်းစားနဲ့ ပြတ်စဲတယ်ဆိုတာ။ အမုန်းကြီးနဲ့ ရန်တွေ ဖြစ်ပြီး ပြီးတာထက် ဒီလိုလေး ဇာတ်သိမ်းလိုက်ရင် အဆင်ပြေမယ်လို့ ထင်လို့ပါ။ သက်သက်ကြီးတော့ရယ်လည်း မဟုတ်ပါဘူး။ ဒီတိုင်းပဲ စိတ်ထဲမှာ ရှိတဲ့အတိုင်းလေး လုပ်ဖြစ်သွားတာပါ။ သီချင်းရေးတဲ့သူ ဂီတသမားဆိုတော့ အဲ့လိုပဲ ပြောရမှာပေ့ါ”လို့ ရေမွန်က ပြောပါတယ်။

“အနုပညာဆန်တာပေ့ါ။ ကျနော့် လိုအပ်ချက်ပေါ့။ ကျနော့်ကိုယ်ကျနော် မနိုင်တာ။ လောကကြီးမှာ ဘယ်သူကိုမှ မကြောက်ဘူး။ ကျနော့်ကိုယ် ကျနော်ကြောက်တယ်။ ချစ်သူကို အချိန်မပေးနိုင်ဘူး။ ဂရုမစိုက်နိုင်ဘူး။ ကျနော်နဲ့တွဲတဲ့ ကောင်မလေးက ဘာအခွင့်အရေးမှ မရဘူး။ လက်ဆောင်တောင် တခါတလေမှ ပေးဖြစ်တာ။ အဲ့လိုကျတော့ မိန်းကလေးဘက်ကကြည့်ရင် ရေရှည်ကျ မကောင်းဘူးလေ”လို့ ရေမွန်က ဆိုပါတယ်။

“အသက်ကြီးလာတာနဲ့အမျှ ၁၅၀၀ နဲ့ ၅၂၈ ကို ခွဲပြီး မြင်လာတယ်။ ၁၅၀၀ က ခဏပဲ။ ၂ လ ၃ လပဲ အရူးအမူးချစ်ကြ။ နောက် ၅၂၈ ပဲ ကျန်ခဲ့တာ။ သံဃောဇဉ်နဲ့ မေတ္တာနဲ့ပဲ ကျန်ခဲ့တာဆိုတော့ ကျနော် ၅၂၈ ပဲ ယုံတော့တယ်။ ၁၅၀၀ ကို မယုံတော့ဘူး။ ကျနော် ကျောင်းသွားတက်မယ်။ Music လုပ်မယ်။ ဘုန်းကြီး ဝတ်မယ်”လို့ ရေမွန်က ပြောပါတယ်။

ကျောင်းသွားမတက်ခင် ပရိသတ်တွေအတွက် သီချင်းတွေနားထောင်လို့ရအောင် အများကြီး ထုတ်ခဲ့မယ်လို့လည်း ဆိုပါတယ်။

“၂၀၁၈ မှာ ကိုယ်ကိုယ့်ကိုယ် ပြန်သုံးသပ်ရင်သေချာတာ ကျနော် ကိုယ်ကိုယ့်ကိုယ် နောင်တရအောင်တော့မလုပ်ဘူး။ ဘဝမှာ နှစ်ခုပဲ ရှိတယ်။ ကောင်းရင်ကောင်း မကောင်းရင် သင်ခန်းစာပေါ့။ မှားရင် သင်ခန်းစာရမယ်။ မမှားရင် ကောင်းရမယ်။ အကုန်လုံးက ကိုယ့်အတွက် အမြတ်ပါပဲ။ ၂၀၁၉ မှာ ပရိသတ်ကို ချပြစရာတွေ အများကြီးပါပဲ။ ခွေတွေ ထွက်မယ်။ ထွက်ပြီးရင် ကျောင်းသွားတက်မယ်။ တနှစ်ပဲ တက်မှာ။ တနှစ်အတွင်း ပရိသတ်တွေ နားထောင်လို့ရအောင် အများကြီးထုတ်ခဲ့မယ်”လို့ ရေမွန်က ပြောပါတယ်။

Idiots အဖွဲ့ဟာ ရော့ခ်ဂီတ မျိုးဆက်သစ်အဖွဲ့အနေနဲ့ ၁၃ နှစ်ကြာ ရပ်တည်လာတဲ့ ဂီတသမားတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ တေးသီချင်းတိုင်းက ယနေ့ခေတ် လူငယ်တွေကြားမှာ ရေပန်းစားပါတယ်။

The post ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းရင်းကို ပြောပြခဲ့တဲ့ အဆိုတော် ရေမွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles