Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သီချင်းဆိုရင် ပါဖောမန့်မလုပ်တတ်ဘူးဆိုတဲ့ အဆိုတော် ဆုန်သင်းပါရ်

$
0
0

အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်ကြိုက်နှစ်သက်သီချင်းများစွာဖြင့် အချိန်အတော်ကြာဆွဲဆောင်ထားနိုင်ခဲ့တဲ့ အဆိုတော်ဆုန်သင်းပါရ်ကတော့ သူမအနေနဲ့ သီချင်းဆိုတဲ့ အဆိုရှင်အနေနဲ့ပဲ ရပ်တည်ချင်တယ်လို့ ပြောပါတယ်။

“ဆုန်သင်းက သီချင်းဆိုတဲ့ အဆိုရှင်အနေနဲ့ပဲ ရပ်တည်ချင်တယ်။ Rock ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ မနေချင်ဘူး။ Rock သီချင်းတိုင်းကို ဆုန်သင်းလည်း ကြိုက်တာတော့မဟုတ်ဘူး။ ကိုယ်နဲ့လိုက်ဖက်တဲ့ဟာ ကိုယ်ဆိုခဲ့တဲ့ဟာလေး တွေကို ပရိသတ်က ဆုန်သင်းက Rock နဲ့လိုက်တယ်ဆိုပြီး ပြောကြလို့သာ ကိုယ်တိုင်ကတော့ ခေါင်းစဉ်တခုအောက် မှာထက်စာရင် သီချင်းကောင်းဘက်ကို ပိုဦးစားပေးတယ်”

“ သီချင်းတပုဒ်က Pop ဖြစ်ရင်ဖြစ်မယ်။ Rock ဖြစ်ရင်ဖြစ် မယ်။ သီချင်းကောင်းဖြစ်ရင် ဆိုလိုက်တာပဲ” လို့ အဆိုတော် ဆုန်သင်းပါရ်ကပြောပါတယ်။

သီချင်းများအားလုံးကို နှစ်သက်သဘောကျပြီး သူမရဲ့အသံက Rock နဲ့ပိုလိုက်ဖက်တာနဲ့ ပရိသတ်အများစုက ကြိုက်နှစ်သက်ကြတဲ့ သီချင်းများက Rock သီချင်းများဖြစ်နေတာကြောင့် Rock ဂီတနဲ့တွဲမြင်နေတာဖြစ်တယ်လို့ ပြောပါတယ်။

သူမအနေနဲ့ကတော့ တေးသီချင်းသီဆိုတဲ့အခါမှာ ပါဖောမန့်သိပ်မလုပ်တတ်ဘဲ အသံပိုင်းကိုတော့ အကောင်းဆုံးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

“၂၀၁၉ ခုနှစ်မှာတော့ တကယ့်ကို စိတ်ပါလက်ပါနဲ့ကို ဆိုမှာပါ။ ပါဖောမန့်တွေဘာတွေတော့ မလုပ်တတ်ဘူး။ ဒါပေမယ့် ကိုယ့်ရဲ့အသံကိုတော့ သေချာထိန်းသိမ်းထားတယ်။ အိပ်ရေးဝဝအိပ်တာတို့ အသံလေ့ကျင့်ခန်းလုပ်တာတို့ သေချာလုပ်ထားတယ်။ သီချင်းတွေကို အရင်ကအခွေထဲမှာ ဆိုခဲ့တဲ့ Mood ထက်တောင် ပိုကောင်းတဲ့ ပုံစံမျိုးနဲ့ ဆိုပြပါမယ်” လို့ ဆုန်သင်းပါရ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ ဆုန်သင်းပါရ်က ဒုတိယမြောက်သမီးလေးကို မွေးဖွားခဲ့တာကြောင့် သီချင်းအသစ်များမထွက်ဖြစ်ခဲ့ဘဲ ၂၀၁၉ခုနှစ် မှာတော့ သီချင်းအသစ်တွေထွက်ဖို့ရှိတယ်လို့ သိရပါတယ်။

“၂၀၁၈ ခုနှစ်မှာသီချင်းတွေ သိပ်မထွက်နိုင်ဘူး။ သမီးငယ်လေးကို ဗိုက်ကြီးတာနဲ့မွေးတာနဲ့ဆိုတော့ အချိန်ကတော်တော်လေးကုန်သွားတယ်။ ၆လ ၇လလောက်က ဘာမှမလုပ်ဘဲ အိမ်မှာဒီတိုင်းနေခဲ့တာ။ ၂၀၁၉ခုနှစ် မှာတော့ အခွေအသစ်တွေထွက်မယ်။ ပြီးတော့ ရှိုးတွေမပြတ်သွားနေရမယ်။ ပြီးတော့ ဝိတ်တွေလျော့ပြီး လှအောင်နေမယ်” လို့ ဆုန်သင်းပါရ်က ပြောပါတယ်။

ဆုန်သင်းပါရ်ကတော့ သားလေးတယောက် ၊ သမီးလေးတယောက်နဲ့အတူ အေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး သားနဲ့သမီးကိုတော့ ပညာတတ်လေးတွေ ပိုဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

“ကလေးတိုင်းကတော့ သီချင်းဆိုတာကြိုက်ကြတယ်။ သူတို့ကြီးလာမှ ဝါသနာပါတာဘာလဲသိရမယ်။ အခုတော့ အမေကဆိုပြနေတော့ သီချင်းနဲ့မစိမ်းဘူးပေါ့။ ဝါသနာပါတဲ့အပေါ်မှာ ပံ့ပိုးမှာပါ။ ဆုန်သင်းကတော့ အဓိကကတော့ သူတို့ကို ကိုယ်ကဘာမှပေးနိုင်တာမဟုတ်တော့ ပညာမွေပဲပေးနိုင်မယ်။ ပညာတတ်ကလေးလေးတွေ ဖြစ်စေချင်တယ်။ ဝါသနာအရတော့ ဂီတအပိုင်းဖန်တီးတာကို ပံ့ပိုးမယ်” လို့ ဆုန်သင်းပါရ်က ပြောပါတယ်။

ဆုန်သင်းပါရ်က မကြာခင်မှာတော့ “9 Dreams” လို့အမည်ရတဲ့ အဆိုတော် ၉ယောက်နဲ့ဖျော်ဖြေမယ့် Show ပွဲကြီးမှာ ပါဝင်သီဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

The post သီချင်းဆိုရင် ပါဖောမန့်မလုပ်တတ်ဘူးဆိုတဲ့ အဆိုတော် ဆုန်သင်းပါရ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...