Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးမင်းသမီးဆုမရလို့ စိတ်ပျက်နေတဲ့ လေဒီဂါဂါ

$
0
0

အဆိုတော်လေဒီဂါဂါဟာ ၂၀၁၉ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးမင်းသမီးဆုနဲ့ လွဲချော်ခဲ့ပြီး အဲဒီအချိန်ဟာ အသက် ၃၂ နှစ်အရွယ် သူ့အတွက်တော်တော်လေးခက်ခဲခဲ့တယ်လို့ဆိုပါတယ်။

Ally Campana အဖြစ် “A Star Is Born” ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ လေဒီဂါဂါဟာ မင်းသမီး Glenn Close ကို အကောင်းဆုံးမင်းသမီး ပေးအပ်လိုက်ရပြီးတဲ့နောက်တော်တော်လေး စိတ်ပျက်ခဲ့တယ်လို့လည်းသိရပါတယ်။

ဆုပေးပွဲ အချိန်တလျှောက်လုံးမှာ သူဟာအေးဆေးတည်ငြိမ်တဲ့ ပုံစံကိုထိန်းသိမ်းခဲ့ပေမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ့ဆုပေးပွဲအပြီးမှာ သူဟာ မျက်ရည်ကျခဲ့ရတယ်လို့ ဆိုပါတယ်။ သတင်း ရင်းမြစ်တခုက “သူဟာဆုကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာပဲ မျက်ရည်တွေ ကျခဲ့ပါတယ်။ သူလုံးဝ မပျော်ပါဘူး။ သူ့ကိုသူ ထိန်းနိုင်ဖို့ စိတ်တည်ငြိမ် အောင်ထားခဲ့ရပါတယ်။ သူ Gleen Close ကိုရှုံးနိမ့်ရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဆုကိုသိမ်းပိုက်ပြီး အိမ်ကိုပြန်ဖို့ ပြင်ဆင်ထားတဲ့အကြောင်းလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်တခုက “သူဟာ ဆုလက်ခံရယူမယ့်အခါပြောမယ့်စကားကိုလည်း အဆင်သင့်ရေးထားပြီး ကြိုတင်လ့ကျင့်ထားပါပြီ။ ဆုတွေအများကြီးနဲ့ အိမ်ပြန်နိုင်မယ်လို့ သူထင်နေတာပါ” လို့ပြောဆိုခဲ့ပါတယ်။

ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ သူဟာအကောင်းဆုံးမင်းသမီးဆုကို မရရှိခဲ့ပေမယ့်လည်း “Shallow” သီချင်းနဲ့အကောင်းဆုံး ဇာတ်ဝင်တေးဆုကို ရရှိခဲ့ပါတယ်။

လေဒီဂါဂါဟာ ၂၀၁၆ ခုနှစ်က “American Horror Story: Hotel” ရုပ်သံစီးရီးနဲ့ အကောင်းဆုံးမင်းသမီးဆုကို ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရရှိခဲ့ဖူးပါတယ်။

Ref: aceshowbiz

The post ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးမင်းသမီးဆုမရလို့ စိတ်ပျက်နေတဲ့ လေဒီဂါဂါ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...