Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကမ္ဘာကျော်တွေရဲ့ မြင်ရခဲတဲ့ မင်္ဂလာဆောင်ဓာတ်ပုံများ

$
0
0

လူတယောက်ရဲ့ ဘဝမှာ ပျော်စရာအကောင်းဆုံးနဲ့ အမှတ်ရစရာ အကောင်းဆုံးနေ့ကိုပြပါဆိုရင် မင်္ဂလာဆောင်တဲ့ နေ့လို့ပဲပြောရပါလိမ့်မယ်။

လူသာမန်ဖြစ်နေဦးတော့ မင်္ဂလာဆောင်နေ့မှာသူတို့ရဲ့ ပျော်ရွှင်နေတဲ့ ပုံတွေကို မြင်ရတယ်ဆိုရင်ပဲ အပျော်တွေက ကူးစက်တတ်တာ ထုံးစံပါ။ ဒီတခါမှာ ကမ္ဘာကျော်တွေရဲ့ မင်္ဂလာဆောင် ဓာတ်ပုံတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) David Beckham နဲ့ Victoria Adams

ကမ္ဘာကျော် ဘောလုံးသမားတဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ Spice Girls အဖွဲ့ရဲ့ အဆိုတော် တဦးဖြစ်တဲ့ ဗစ်တိုးရီးယားတို့ဟာ ဗစ်တိုးရီးယားရဲ့ မိဘတွေဆီကို သွားရောက်လည်ပတ်ပြီး အပြန် အိုင်ယာလန်နိုင်ငံမှာ ၁၉၉၉ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

(၂) John Lennon နဲ့ Yoko Ono

သူတို့နှစ်ဦးရဲ့ လက်ထပ်ပြီးစီးကြောင်းလက်မှတ်ကို ၁၉၆၉ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ လက်ထပ်ပြီးချိန်မှာ ချစ်သူသက်တမ်း သုံးနှစ်ရှိပြီဖြစ်ပြီး ရော့ခ်အဆိုတော် John ဟာ Yoko ဦးစီးပြီး ကျင်းပတဲ့ ပြပွဲတခုမှာ တွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

(၃) Kurt Cobain နဲ့ Courtney Love

ကမ္ဘာကျော် အဆိုတော် Kurt Cobain ဟာ သူ့ချစ်သူဖြစ်လာမယ့် Courtney နဲ့ နိုက်ကလပ်တခုမှာ ၁၉၉၀ ပြည့်နှစ်က တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပြီး ၂နှစ်အကြာမှာတော့ ဟာဝိုင်အီကျွန်းမှာ လက်ထပ်ပွဲကို ကျင်းပခဲ့ပါတယ်။ လက်ထပ်ပွဲမှာ ဧည့်သည် ၈ယောက်သာတက်ရောက်ခဲ့ပါတယ်။ သတို့သမီးက သူမရဲ့ သူငယ်ချင်း ဂါဝန်ကို ငှားဝတ်ပြီး သတို့သားဖြစ်တဲ့ Kurt ကတော့ ညအိပ်ဝတ်စုံကိုသာ ဝတ်ဆင်ခဲ့ပါတယ်။

(၄) Barack Obama နဲ့ Michelle LaVaughn Robinson

တနေ့မှာ အမေရိကန်ရဲ့ ပထမဆုံးလူမည်းသမ္မတဖြစ်လာမယ့် ဘားရတ်အိုဘားမားဟာ သူ့ရဲ့ အနာဂတ်ဇနီးလောင်းကို ဥပဒေအလုပ်သင်လုပ်ရင်းနဲ့ တွေ့ခဲ့ပါတယ်။ ဘားရတ်ဟာ မီရှယ်ရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့ လပေါင်းများစွာ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဘားရတ်ရဲ့ ဟောပြောပွဲတခုမှာမှ မီရှယ်က ဘားရတ်ကို စတင်သတိထားမိခဲ့ပြီး နောက်ပိုင်းမှာ သူမဟာ သူကို သမ္မတဖြစ်ဖို့အထိ ကူညီပေးခဲ့ပါတယ်။ သူတို့ နှစ်ဦးကတော့ ၁၉၉၂ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Ref;celelife

The post ကမ္ဘာကျော်တွေရဲ့ မြင်ရခဲတဲ့ မင်္ဂလာဆောင်ဓာတ်ပုံများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...