Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အော်စကာဆုပေးပွဲမှာ “The Avengers”သရုပ်ဆောင်များ တင်ဆက်သူအဖြစ် ဆောင်ရွက်ဖွယ်ရှိ

$
0
0

အခုဆိုရင် The Avenger အဖွဲ့ကြီးဟာ ဂြိုဟ်သား ရန်သူတွေ လက်ကနေ ကမ္ဘာကြီးကို ကယ်တင်ခဲ့ရုံ မကပါဘူး။ ၂၀၁၉ ခုနှစ် အော်စကာဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူ မရှိ ဖြစ်နေရတာကို ကယ်ဆယ်ရဖို့ ဖြစ်လာပြန်ပါပြီ။

အဲဒီ ဆုပေးပွဲဟာ အစီအစဉ်တင်ဆက်သူ မရှိဘဲ ဖြစ်နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း Marvel စူပါဟီးရိုး ရုပ်ရှင်သရုပ်ဆောင်တွေဟာ အော်စကာဆုပေးပွဲ ထုတ်လုပ်သူတွေရဲ့ ချဉ်းကပ်မှုကို ခံနေရတယ်လို့ ဆိုပါတယ်။

The Hollywood Reporter မီဒီယာရဲ့အဆိုအရ ဆုပေးပွဲရဲ့ ထုတ်လုပ်သူတွေဟာ ဆုတွေကို မိတ်ဆက်ပေးဖို့နဲ့ ဆုကြေညာပေးဖို့ The Avengers သရုပ်ဆောင်တွေကို ထည့်သွင်းရေး စီစဉ်နေတယ်လို့ သိရပါတယ်။

ဘယ်သရုပ်ဆောင်တွေကို အော်စကာထုတ်လုပ်သူတွေက ချဉ်းကပ်နေသလဲဆိုတာ မသိရသေးပေမယ့် The Avengers သရုပ်ဆောင်တွေကတော့ ဆုပေးပွဲမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ခဲ့ကြဖူးပါတယ်။

၂၀၁၃ ခုနှစ် အော်စကာဆုပေးပွဲမှာ Robert Downey Jr. (Iron Man), Chris Evans (Captain America), Mark Ruffalo (Bruce Banner/The Hulk), Jeremy Renner (Hawkeye) နဲ့ Samuel L. Jackson (Nick Fury) တို့ဟာ ၂၀၁၂ ခုနှစ်မှာ အထူးအောင်မြင်ခဲ့တဲ့ “The Avengers” ရုပ်ရှင်ကြောင့် ဆုပေးပွဲ စင်မြင့်ထက်မှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ကြပါသေးတယ်။

မကြာမီမှာလည်း အများကစိတ်ဝင်စားနေတဲ့ “Avengers: Endgame” ရုပ်ရှင်ကို ရုံတင်ဦးမှာဖြစ်တဲ့အတွက် သူတို့သာ အော်စကာဆုပေးပွဲမှာ ပါဝင်ဖြစ်မယ်ဆိုရင် ပရိသတ်စိတ်ဝင်စားမှုတော်တော်လေး ခံရမှာဖြစ်ပါတယ်။ ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီကတော့ တရားဝင်ကြေညာချက်တော့ မထုတ်သေးပါဘူး။

ဒါပေမဲ့ Variety မီဒီယာရဲ့ ထုတ်ပြန်ချက်မှာတော့ ဆုပေးပွဲ ထုတ်လုပ်သူတွေဟာ သရုပ်ဆောင် Kevin Hart က အစီအစဉ် တင်ဆက်သူအဖြစ်ကနေ နုတ်ထွက်သွားပြီးတဲ့နောက်မှာ သီတင်း ၆ ပတ်လောက်သာ လိုတော့တဲ့ ဆုပေးပွဲမှာ အစီအစဉ် တင်ဆက်သူအဖြစ် အစားထိုးရမယ့် ပုဂ္ဂိုလ်ကို ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။

၉၁ ကြိမ်မြောက်အဖြစ် ကျင်းပမယ့် အော်စကာဆုပေးပွဲကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အင်ဂျလိစ်၊ ဟောလိဝုဒ်က Dolby ပြဇာတ်ရုံမှာ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ကျင်းပဖို့ ရှိနေပါတယ်။ “Avengers: Endgame” ရုပ်ရှင်ကို လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားပါတယ်။

Ref : aceshowbiz

The post အော်စကာဆုပေးပွဲမှာ “The Avengers” သရုပ်ဆောင်များ တင်ဆက်သူအဖြစ် ဆောင်ရွက်ဖွယ်ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...