Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ပပဝတီ စီရင်ခန်း” ရုပ်ရှင်မှာ မျက်နှာချထားတဲ့ ထွန်းထွန်း (Examplez)

$
0
0

ဒါရိုက်တာ ဝိုင်း ရိုက်ကူးပုံဖော်နေတဲ့ “ပပဝတီ စီရင်ခန်း” ရုပ်ရှင်ကားကြီးမှာ ပါဝင်ရတဲ့ ကာရိုက်တာအတွက် မျက်နှာ အစိတ်အပိုင်းအချို့ အပြောင်းအလဲ လုပ်ထားတယ်လို့ ထွန်းထွန်း (Examplez) က ပြောပါတယ်။

“ပပဝတီ စီရင်ခန်းမှာ လိုအပ်တဲ့ ဇာတ်ဝင်ခန်း စရိုက်တွေ ရှိပါတယ်။ အဲဒီမှာ လိုတာလေးတွေ လုပ်ထားရပါတယ်။ တချို့ဟာတွေကျတော့လည်း ရုပ်ရှင်ကားထွက်လာမှ ပြောတာကောင်းပါတယ်။ ဒီကားက ဒီနှစ်ထဲမှာ ရုံတင်မယ်။ အဲဒီထဲက ကျနော့်အတွက် ကာရိုက်တာတခုက စိန်ခေါ်မှုတခုဖြစ်နေတယ်။ ကျနော်က တော်ရုံတန်ရုံမျက်နှာကို ဘာမှမလုပ်တတ်ဘူး”

“ဒါပေမဲ့ ဒီထဲမှာ လိုအပ်ချက်အရ ပြင်ဆင်ထားရတာတွေ ရှိတယ်။ ရုံတင်ရင်တော့ ပရိသတ် နားလည်မယ် ထင်ပါတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။

“ပပဝတီ စီရင်ခန်း” ရုပ်ရှင်မှာတော့ သရုပ်ဆောင် ထွန်းထွန်းနဲ့အတူ အလင်းရောင်၊ ဖွေးဖွေး၊ မိုးဟေကို တို့ ပါဝင်ထားကြပြီး မင်းသမီး ၂ယောက် အားပြိုင်မယ့် ဇာတ်ကားတကားဖြစ်သလို ထွန်းထွန်းအတွက်လည်း စိန်ခေါ်မှုရှိတဲ့ ဇာတ်ကားတကားဖြစ်တယ်လို့ သိရပါတယ်။

“ဒီထဲမှာတော့ အဓိက ကာရိုက်တာ ၄ ယောက်ပေါ့။ ဒီ ၄ ယောက်က အကုန်လုံး သူ့နေရာနဲ့သူ အရေးကြီးတယ်။ အဓိကက မင်းသမီး ၂ယောက် ဘယ်လိုအားပြိုင်မလဲဆိုတဲ့ အိုက်တင်တွေ ရှိတယ်။ ကျနော် သရုပ်ဆောင်ရတဲ့ ကာရိုက်တာကြီးကလည်း ကျနော် တခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာ တော်တော်လေးကို ကျနော့်အတွက် ဆန်းကြယ်တဲ့ ကာရိုက်တာ”

“ကိုဝိုင်းနဲ့လည်း အရင်က ဗီဒီယိုကားတကားပဲ ရိုက်ဖူးတာ။ ဒုတိယမြောက်ကားက ရုံကြီးကားဆိုတော့ ကျနော်လည်း စိတ်နှစ်ပြီး ကြိုးစားထားပါတယ်”လို့ထွန်းထွန်းက ပြောပါတယ်။ ထွန်းထွန်းအနေနဲ့ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ကတော့ ဒါရိုက်တာ ဝိုင်းနဲ့ ဒုတိယမြောက် တွေ့ဆုံတဲ့ ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးရတဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“စူပါ ဒါရိုက်တာလေ။ အရာအားလုံး အကောင်းဆုံးဖြစ်ချင်တဲ့သူ ဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ မသိတာရှိရင် အကုန်လုံးမေးတယ်။ အကောင်းဆုံးဖြစ်လာမယ့် ကားတကားလို့ မျှော်လင့်မိတယ်” လို့ ထွန်းထွန်းက ပြောပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားအတွက် ပြင်ဆင်မှုများစွာကို ပြုလုပ်ထားပြီး ခန္ဓာကိုယ် ပြောင်းလဲမှုအတွက် ဝေဖန်မှုများလည်း ရှိခဲ့ပါတယ်။

“ကျန်းမာရေး မကောင်းတာရော၊ ဆေးချတာရော လာပြောကြတယ်။ ရယ်ရတယ်။ အဲဒီကာလတွေက ကျနော် ဖြတ်သန်းခဲ့ပြီးပါပြီ။ အဲဒါတွေက ကျနော်နဲ့ မဆိုင်တော့ပါဘူး။ သေချာတာတခုက ကျန်းမာရေးကောင်းအောင် Gym ဆော့နေပါတယ်။ ၆ လ အချိန်ရှိတယ်။ အဲဒီမှာမှ ၃ လပဲ ရှိသေးတယ်။ ၅၀ ရာခိုင်နှုန်းပဲ ပြီးမြောက်သေးတယ်။ ၁၀၀ ရာခိုင်နှုန်း ပြည့်ဖို့အတွက် ကြိုးစားရဦးမယ်” လို့ ထွန်းထွန်းက ပြောပါတယ်။

The post “ပပဝတီ စီရင်ခန်း” ရုပ်ရှင်မှာ မျက်နှာချထားတဲ့ ထွန်းထွန်း (Examplez) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...