Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကုန်ပစ္စည်းနာမည်ကိစ္စနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူကို Rihanna တရားစွဲ

$
0
0

အဆိုတော် Rihanna ဟာ သူ့ရဲ့ Fenty ကုန်ပစ္စည်းနာမည်နဲ့ အရောင်းအဝယ်တွေလုပ်နေတဲ့အတွက် ဖခင်ကို တရားစွဲဆိုလိုက်ပြီး ၂၀၁၇ ခုနှစ်မှာ ဖခင်ထူထောင်ခဲ့တဲ့ အဲဒီ့စီးပွားရေးလုပ်ငန်းဟာ သူနဲ့လည်း သက်ဆိုင်တယ် လို့ ပြောဆိုခဲ့ပါတယ်။

Robyn Rihanna Fenty လို့ အမည်ရင်းရှိတဲ့ Rihanna ဟာ ဖခင် Ronald Fenty နဲ့ သူ့ရဲ့ စီးပွားရေး မိတ်ဖက်နှစ်ဦး တို့ဟာ သူ့ရဲ့ Fenty ဖျော်ဖြေရေးနဲ့ ထုတ်လုပ်ရေး ကုမ္ပဏီနဲ့ ပတ်သက်လို့ လိမ်လည်ပြီး အမှားတွေ ကြော်ငြာနေတယ် ဆိုပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာပဲ လော့စ်အင်ဂျလိစ်မှာ ရှိတဲ့ အမေရိကန် ဖက်ဒရယ်တရားရုံးမှာပွဲ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Barbados နိုင်ငံသူ Rihanna ဟာ Fenty ဆိုတဲ့နာမည်ကို အလှကုန်ပစ္စည်း၊ အတွင်းခံ၊ စနီကာဖိနပ်တွေ ရောင်းချဖို့အတွက် အသုံးပြုနေပြီး အခုလိုမျိုး အဲဒီ့နာမည်ကို ဖခင်က အသုံးပြုနေရတာကို ရပ်တန့်စေဖို့ တရားရုံးအမိန့်နဲ့ ဖော်ပြမထားတဲ့ ထိခိုက်နစ်နာကြေးတွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီ့အမှုမှာတော့ Rihanna က Fenty ဖျော်ဖြေရေးကုမ္ပဏီနဲ့ ဆက်နွယ်မှုမရှိဘဲ ကုမ္ပဏီကသာ သူ့ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး သူနဲ့ ဆက်နွှယ်နေသယောင် မှားယွင်းဖော်ပြတာဖြစ်တယ်လို့ ဆိုထားပါတယ်။

Fenty ဖျော်ဖြေရေးကုမ္ပဏီကတော့ ဒေါ်လာ ၁၅ သန်းနဲ့ လက်တင်အမေရိကမှာ ဖျော်ဖြေပွဲ ၁၅ ခုပြုလုပ်ဖို့ Rihanna အတွက် တတိယကြားခံအနေနဲ့ ၂၀၁၇ ခုနှစ်တုန်းက ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါ့အပြင် Fenty ကုမ္ပဏီဟာ စီးပွားရေးအရဆောက်လုပ်မယ့် ဟိုတယ်စီမံကိန်းတွေမှာ Rihanna နေတယ်လို့ မှားယွင်းစွာ ဖော်ပြထားတယ်လို့ အမှုအစီရင်ခံစာမှာ ပြောဆိုထားပါတယ်။

ဒ့ါအပြင် Rihanna ရဲ့ ကိုယ်စား Fenty ကုန်အမှတ်တံဆိပ်ကို အသုံးပြုခွင့်မရှိဘူးလို့ ထပ်ခါတလဲလဲ ပြောခဲ့ပေမယ့် Ronald Fenty နဲ့ သူ့ရဲ့ စီးပွားရေး မိတ်ဖက်တွေဟာ အဆိုတော်နဲ့ ဆက်နွယ်နေသယောင် ဆက်ပြီးတော့ ပုံမှားရိုက်နေတယ်လို့ဆိုထားပါတယ်။ Fenty ဖျော်ဖြေရေးကုမ္ပဏီကတော့ မှတ်ချက်တစုံတရာမပေးသေးပါဘူး။

Ref:Reuters

The post ကုန်ပစ္စည်းနာမည်ကိစ္စနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူကို Rihanna တရားစွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...