မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်းနဲ့ ၇၅လမ်းထောင့်ရှိ မက်သဒစ်အသင်းတော်(YMCA) ဦးဘအုန်းခန်းမမှာ တေးသံရှင်မွန်းအောင်ပါဝင်တဲ့ “အန္တိမသစ္စာ စီးဆင်းတဲ့မြစ်ရေ ငြိမ်းချမ်းပါစေ” အမည်ဖြင့် ဂီတစာပေစကားဝိုင်းကို ဇန်နဝါရီ ၂၀ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ဂီတစာပေစကားဝိုင်းမှာတော့ လက်ရှိနိုင်ငံရေးအခြေအနေများကို ဂီတဖြင့်ပူးပေါင်းပြီး ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ကာ အပြန်အလှန် နွေးထွေးစွာနဲ့ စကားဝိုင်းအဖြစ် ရည်ရွယ် ပြုလုပ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“အန္တိမသစ္စာ စီးဆင်းတဲ့မြစ်ရေ ငြိမ်းချမ်းပါစေ” ဂီတစာပေ စကားဝိုင်းကို ညနေ၆ နာရီမှစတင်ကာ ည ၉ နာရီအထိ ပြုလုပ်ခဲ့ပြီး မြစ်ဆုံ ဆည် တည်ဆေက်ရေးနဲ့ပက်သက်ပြီး ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်ရေးနှင့် ငြိမ်းချမ်းရေး အကြောင်းများကို အဓိကထား ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီပွဲမှာ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီအရေးအတွက် ဂီတနဲ့ တိုက်ပွဲဝင်ခဲ့သူ တေးရေး၊ တေးဆို မွန်းအောင်နှင့်အတူ ဦးသိန်းသန်း ဦး(လွတ်လပ်သော ရှေ့နေများအသင်း အတွင်းရေးမှူး)၊ စာရေးဆရာ ညီပုလေး(၂၀၁၆ အမျိုးသားစာပေ ဝတ္ထုရှည်ဆုရှင်) တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသလို တက်ရောက်လာသူများနှင့်လည်း အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါပွဲတွင် မွန်းအောင်က THE RHYTHM ဖြင့် တွဲဖက်၍ တေးသီချင်းများနဲ့ ဖျော်ဖြေမှုများလည်း ပြုလုပ်ခဲ့ပြီး ဂီတစာပေစကားဝိုင်းမျာကို ဆက်လက်ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
The post မန္တလေးမြို့မှာ တေးသံရှင်မွန်းအောင်ပါဝင်တဲ့ ဂီတစာပေစကားဝိုင်း ပြုလုပ် appeared first on ဧရာဝတီ.