မန္တလေးမှာ နေထိုင်တဲ့ လူကြမ်းသရုပ်ဆောင် အံ့မင်းညိုရဲ့ သမီးလေးကို မွေးရာပါနှလုံးရောဂါ ကုသမှုဆောင်ရွက် နိုင်ရေးအတွက် ခေတ်သစ်ဖောင်ဒေးရှင်းက အဆိုတော်လင်းလင်းက သွားရောက်တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ခေတ်သစ်ဖောင်ဒေးရှင်းက အဆိုတော်ချစ်သုဝေက အခုလိုဆိုပါတယ်။
“ကိုအံ့မင်းညိုတို့ သတင်းလေးတွေ့ပြီး ထရီဇာတို့က ကိုယ့်လောကသားလည်း ဖြစ်တဲ့အတွက် ကူညီချင်တယ်ဆိုပြီး သွားရောက်တာပါ။ အခုထရီဇာတို့သွားပြောတာက စိတ်မပူပါနဲ့။ တကယ်လို့ ခွဲစိတ်လို့ရတဲ့ Case ဆိုရင် ထရီဇာတို့ ဖောင်ဒေးရှင်း က အကုန်လုံးတာဝန်ယူပါတယ်လို့ သွားပြောတာပါ”လို့ ခေတ်သစ်ဖောင်ဒေးရှင်း အလုပ်မှုဆောင်ချုပ်၊သရုပ်ဆောင်၊အဆိုတော် ချစ်သုဝေက ပြောပါတယ်။
ခေတ်သစ်ဖောင်ဒေးရှင်း ရဲ့သတ်မှတ်ချက်အရ အသက် ၅ နှစ်အောက် နှလုံးအပေါက်ပါ ကလေးငယ်များလို့ဆိုပေမယ့် သရုပ်ဆောင် အံမင်းညိုရဲ့ သမီးလေးက အသက် ၆ နှစ်ကျော်၊ ပထမတန်းကျောင်းသူတဦးဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီးလည်း ချစ်သုဝေက အခုလို ရှင်းပြပါတယ်။

“ထရီဇာတို့ဖောင်ဒေးရှင်းရဲ့ Criteria က အသက် ၅ နှစ်အောက်ကလေး။ အခုကိုအံ့မင်းညိုကလေးက အသက် ၅နှစ်ကျော်နေတယ်။ ဒါပေမယ့် ကိုယ့်လောကသား ဖြစ်နေတာကြောင့်မို့ ထရီဇာတို့က ကူညီမှာပါ။ ကူညီဖို့ အဓိက လိုအပ်ချက်က လူနာသည် ဆရာဝန်နဲ့ အရင်ဆုံးတွေ့ရမှာပေါ့နော်။ ဒါကြောင့် ထရီဇာတို့က ကိုအံမင်းညိုနဲ့သွားတွေ့ပြီး သမီးလေးရဲ့ဆေးမှတ်တမ်းတွေကို သွားကြည့်ကြတာ”လို့ ချစ်သုဝေက ဆိုပါတယ်။
ကလေးရဲ့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ ခွဲစိတ်မှုအတွက် ဆုံးဖြတ်ချက်အပေါ်မှာလည်း ချစ်သုဝေက အခုလိုဆိုပါတယ်။
“၂၀၁၂ခုနှစ် ဆေးမှတ်တမ်းအရဆိုရင် ကလေးက ခွဲလို့ရတယ်။ ဒါပေမယ့် အခုလက်ရှိသမီးလေးရဲ့ ကျန်းမာရေးအခြေအနေက ခွဲစိတ်ဖို့အတွက် ကျန်းမာတယ်။ ခံနိုင်ရည်ရှိတယ်ဆိုရင် ထရီဇာတို့ဖောင်ဒေးရှင်းက အကုန်တာဝန်ယူ ခွဲစိတ်ပေးဖို့ အသင့်ပါပဲ”
“နှလုံးခွဲစိတ်မှုဆိုတာ ရှင်ခြင်းနဲ့သေခြင်း မာဂျင်လိုင်းပေါ်ကနေ ခွဲစိတ်ရတာဖြစ်တယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်ကို အလွယ်တကူ ချလို့မရပါဘူး။ တကယ့်ကိုတတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးပြီး၊ လူနာနဲ့တွေ့ဆုံပြီးမှသာ ပြောလို့ရတာပါ”
“ အခုသူတို့ရဲ့ဆေးမှတ်တမ်းက ၂၀၁၂ ခုနှစ်ကနောက်ဆုံးပဲ။ အဲဒီနှစ်နောက်ပိုင်းက Record မရှိဘူး။ အဲဒီအတွက် ကလေး အခြေအနေ ၊ရောဂါအခြေအနေကို သိရဖို့ဆိုတာက ဒီကိုလာပြီး နှလုံးကို ECHO ပြန်ရိုက်ရမယ်။ ခွဲစိတ်ဖို့အတွက် ကျန်းမာရေးအခြေအနေကို Team နဲ့ပြန်ဆွေးနွေးရမယ်”

“ကလေးကို ခွဲစိတ်အထူးကုဆရာဝန်ကြီးတွေနဲ့ ပေးတွေ့မှ ရမယ်။ အခုက ကိုအံမင်းညိုတို့က မန္တလေးမှာနေတဲ့အတွက် ကလေးနဲ့သူက ရန်ကုန်ကိုလာရမယ်။ အဲဒါကြောင့် သူတို့တွေ ရန်ကုန်ဘယ်နေ့လာလို့ ရမလဲလို့ သွားမေးတာ။ ကလေးကလည်း ကျောင်းတက်နေရတဲ့အတွက် ကျောင်းကလည်း ဘယ်နေ့ခွင့်ရမလဲ မသိ။ ခွင့်ရရင်သမီးတို့ကိုပြန်ဆက်သွယ်မယ်လို့ ပြောပါတယ်”လို့ ဆိုပါတယ်။
ကလေးငယ်များကို အသက် ၅နှစ်အောက် သတ်မှတ်ထားတဲ့အပေါ်ကိုလည်း ချစ်သုဝေက အခုလိုဆိုပါတယ်။
“အသက်သတ်မှတ်ချက်လေးကတော့လေ ထရီဇာတို့က တိုင်းပြည်ဖွံဖြိုးမှု Data တွေကြည့်မယ်ဆိုရင် Under 5 Motality နဲ့တိုင်းတာကြတာကိုး။ အဲဒါကြောင့် under 5 ကိုရည်ရွယ်တာပါ။ အရေးကြီးရင် ကြီးသလို ဆိုတာကလည်း မွေးရာပါ နှလုံးအပေါက်ပါတာဖြစ်တဲ့အတွက် မွေးစကနေ Under 5 မှာလုပ်နိုင်ရင် အကောင်းဆုံးဖြစ်မယ့်အရာမို့လို့ အဲဒီလိုရွေးချယ်ရတာပါ”လို့ချစ်သုဝေက ဆိုပါတယ်။
ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ ပထမဆုံးကျန်းမာရေးလုပ်ဆောင်မှုအနေနဲ့ ဖေဖေါ်ဝါရီလမှာစတင်တော့မှာဖြစ်ပါတယ်။ ဖောင်ဒေးရှင်းရဲ့ သတ်မှတ်ချက်ပြည့်မီသူ ၊အချို့တဲ့ဆုံးသူကိုရွေးထုတ်ပြီး ခွဲစိတ်လူနာ နှစ်ယောက်ကို ဖေဖေါ်ဝါရီလထဲမှာ တာဝန်ယူခွဲစိတ်ပေးမှာ ဖြစ်ပါတယ်။
The post အနုပညာလောကသားအချင်းချင်း ကူညီနိုင်ဖို့ စတင်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း appeared first on ဧရာဝတီ.