Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဝက်ဝက်ကွဲအောင်ပွင့် ရုပ်ရှင်မှာ LGBT တွေကို လှောင်ပြောင်ခြင်း မပြုလုပ်ထားပါဘူး”

$
0
0

မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ဝက်ဝက်ကွဲအောင်ပွင့်” ဆိုတဲ့ရုပ်ရှင်ကားကြီးရဲ့ ဇာတ်ကားနမူနာကို မကြာသေးမီရက်ပိုင်းအတွင်းက Facebook မှာတင်ခဲ့ပြီးနောက်မှာတော့ LGBT အသိုင်းအဝိုင်းနဲ့ တခြားသော ရုပ်ရှင်ကြည့်ပရိသတ်များက များစွာဝေဖန်မှုများရှိနေခဲ့ပါတယ်။

အဆိုပါဝေဖန်မှုများကိုတော့ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဥက္ကာမင်းမောင်က ဒီကနေ့ ဇန်နဝါရီ ၂၄ရက် နေ့လည်ပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရှင်းပြခဲ့ပါတယ်။

“အခုတလော ကျနော်နဲ့ ပတ်သက်ပြီး ထနေတဲ့ ဂယက်လေးရှင်းပြချင်ပါတယ်။ အထူးသဖြင့် LGBT ပရိသတ်တွေ အထင်လွဲနေတာပေါ့။ ပထမတော့ မရှင်းဘူးလို့နေမလို့ပဲ။ ဒါပေမယ့် မကြာခင်မှာ မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် & Proud Festival မှာပေးအပ်မယ့် LGBT Hero ဆုနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှုတွေ ရှိလာတဲ့အတွက် မပြောလို့ မဖြစ်ဘဲ ပြောပြရတာဖြစ်ပါတယ်” လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

ဥက္ကာမင်းမောင်ကတော့ သူ့နဲ့ပတ်သက်တဲ့ ဝေဖန်မှုများမှာ မကြာခင်ပြုလုပ်ကျင်းပမယ့် &Proud Festival မှာ သူ့ကို ချီးမြှင့်မယ့် LGBT Hero အပေါ် မထိုက်တန်ဘူးဆိုတဲ့ ဝေဖန်မှုများပါ ရှိလာတဲ့အတွက် ဇာတ်ကားကို ရုံတင်တဲ့ အထိစောင့်ပြီး ကြည့်စေချင်တယ်လို့ ဆိုပါတယ်။

“ပြဿနာက ဖေဖော်ဝါရီ ၂၂မှာ ရုံတင်တော့မယ့် “ဝက်ဝက်ကွဲအောင်ပွင်”့ဇာတ်ကားမှာ Gay တယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အဲဒီကားလေးရဲ့ Taser ကို ကျနော်မိန်းမလိုဝတ်ထားတဲ့ အပိုင်းလေးကို ဖြတ်ပြီး တင်ထားတယ်။ အဲဒီအပိုင်းတိုလေးကိုကြည့်ပြီးတော့ LGBT အသိုင်းအဝိုင်းက ဥက္ကာမင်းမောင်သည် Gay တွေ Trangender တွေကို ဟာသလုပ်ပြီး သရုပ်ဆောင်ထားတယ်။ သူကိုယ်တိုင်က Gay ဖြစ်ပြီး ဘာဖြစ်လို့ ဒီလိုမျိုးဇာတ်ရုပ်ကို သရုပ်ဆောင်တာလဲ”

“ဒီ Hero ဆုနဲ့မထိုက်တန်ဘူးစသဖြင့် ဂယက်တွေက အမျိုးမျိုးဖြစ်လာတဲ့အတွက် ဇာတ်ကားလေးကို ရုံတင်တဲ့အထိ စောင့်ပြီး ကြည့်ပေးပါလို့ပြောပြချင်တယ်” လို့ ဥက္ကာမင်းမောင်က ပြောထားပါတယ်။

အဆိုပါ ဝက်ဝက်ကွဲအောင်ပွင့် ဇာတ်ကားကိုတော့ လွန်ခဲ့တဲ့ ၂နှစ်ခန့်က ရိုက်ထားတာဖြစ်ပြီး မရိုက်ခင်ကတည်းက ဇာတ်ကို ကြိုသိပြီး လက်ခံရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဒီကားထဲမှာ ကိုပြေတီဦးကလွဲလို့ တခြားသူတွေအကုန်လုံးက Gay အနေနဲ့သရုပ်ဆောင်ရပါတယ်။ ဒါပေမယ့် သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေက တချို့မြန်မာကားတွေမှာ (ဒီလိုပြောတာဟာ ဘယ်သူ့ကိုမှပုတ်ခတ်ပြောဆိုခြင်း မဟုတ်ပါဘူး) ပရိသတ်တွေမြင်ဖူးနေကျဖြစ်တဲ့ Gay တွေကို နိမ့်ချပြီးတော့ ဟာသတခုအနေနဲ့ရိုက်တဲ့ ဇာတ်ကားမဟုတ်ဘူး။ ဇာတ်ကလည်း အဲဒီလိုတည်ထားတာ မဟုတ်ဘူး။ အကုန်လုံးက နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ Gay တွေအနေနဲ့ သရုပ်ဆောင်ထားတာ” လို့ ဥက္ကာမင်းမောင်က ပြောထားပါတယ်။

“ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ကရိုက်ကူးထားပြီး သရုပ်ဆောင် ရန်အောင် ၊ ပြေတီဦး ၊ ဥက္ကာမင်းမောင်၊ ထွန်းလွင်အောင် ၊ ဝတ်မှုံရွှေရည် အစရှိတဲ့သရုပ်ဆောင်များက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဥက္ကာမင်းမောင်ကတော့ လက်ရှိအချိန်မှာ အမေရိကားတွင် သူ့ရဲ့ချစ်သူနဲ့အတူ အခြေချနေထိုင်နေတာဖြစ်ပါတယ်။

The post “ဝက်ဝက်ကွဲအောင်ပွင့် ရုပ်ရှင်မှာ LGBT တွေကို လှောင်ပြောင်ခြင်း မပြုလုပ်ထားပါဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...