Quantcast
Viewing all articles
Browse latest Browse all 7343

“ဒီနှစ်အကယ်ဒမီဆုက ပြိုင်ဆိုင်မှု အရမ်းများတဲ့နှစ်လို့ ထင်တယ်”

မကြာမီအချိန်မှာတော့ ၂၀၁၈ခုနှစ်အတွက် မြန်မာ့ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကို ကျင်းပတော့မှာဖြစ်တဲ့အတွက် ယခုနှစ်အတွက် အကယ်ဒမီကတော့ ပြိုင်ဆိုင်မှုအရမ်းများတဲ့ နှစ်ဖြစ်တယ်လို့ အကယ်ဒမီရဲအောင်က ပြောပါတယ်။

“ဒီနှစ်ဆိုရင် ဇာတ်ကား ၈၃ကားရှိတယ်။ ၈၃ကားထဲမှာ ဇာတ်လမ်းကောင်းတွေက အများကြီးပဲဆိုတော့ ဒီနှစ်ကို ပြိုင်ဆိုင်ရမှာ ကြီးကြီးမားမားဖြစ်တယ်။ ဒရာမာတွေလည်း အရမ်းများတယ်။ တော်တဲ့သူတွေရော၊ လက်ရှိအနုပညာ လောကက အသစ်တွေရော ပြိုင်ဆိုင်မှုအရမ်းများတဲ့နှစ်လို့ ကျနော်မြင်တယ်”

“ရတဲ့သူကလည်း အရမ်းကိုထူးချွန်ပြီးတော့ အရမ်းကိုကောင်းတဲ့နှစ်ဖြစ်မယ်လို့ ထင်ပါတယ်။ ကျနော်လည်း ရင်ခုန်ပါတယ်” လို့ရဲအောင်က ပြောပါတယ်။

အကယ်ဒမီအကဲဖြတ်အဖွဲ့မှာလည်း တတ်ကျွမ်းတဲ့ သဘာရင့် ဝါရင့်ဆရာသမားများက ကြည့်ရှုအကဲဖြတ်နေတာ ဖြစ်တဲ့အတွက် ပရိသတ်အကြိုက်နဲ့ ထပ်တူကြိုက်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ ရဲအောင်က ပြောပါတယ်။

“မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တနှစ်ပြီးသွားရင်တနှစ် အစည်းအဝေးတွေထိုင်ပြီးတော့ ဘာတွေလိုအပ်တာလဲ။ ဘာတွေ အားနည်းတာလဲကြည့်ပြီးတော့ တနှစ်ထက်တနှစ် ကောင်းအောင်ကြိုးစားနေတာ။ ဒီနှစ်ဆိုရင်လည်း အချိန်တွေအများကြီး ကြိုတင်ပြင်ဆင်ပြီးတော့ အခုဆိုရင်တော်တော်လည်းကြည့်နေပြီ။ မပြီးလည်းမပြီးသေးဘူး”

“ ဒီနှစ်ဆိုရင် အကယ်ဒမီအကဲဖြတ်တဲ့အဖွဲ့ ဥက္ကဌဦးကြည်စိုးထွန်း၊ ဦးစိုးမိုးတို့တတ်ကျွမ်းနားလည်တဲ့ ဆရာသမား တွေပါတော့ သေချာစိစစ်ပြီးမှ ပရိသတ်တွေကြိုက်တာနဲ့ တထပ်တည်းကျပြီး ဆုရလိမ့်မယ်လို့ ထင်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း အဲဒီလိုမျိုးပဲလုပ်ခဲ့တာပဲ” လို့ အကယ်ဒမီရဲအောင်က ပြောပါတယ်။

မြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ယခု ဆိုရှယ်မီဒီယာအားကောင်းလာတဲ့ခေတ်မှာတော့ ယခင်ကနဲ့မတူ ဝေဖန်မှုများစွာရှိနေခဲ့ပြီး အဆိုပါဝေဖန်မှုများကိုတော့ ရဲအောင်က အခုလိုပြောပြခဲ့ပါတယ်။

“ကျနော်တို့ ရုပ်ရှင်ပဲရိုက်ရိုက် ဗီဒီယိုပဲရိုက်ရိုက် ဝေဖန်မှုဆိုတာတော့ရှိမှာပဲလေ။ မြန်မာနိုင်ငံမှာ လူဦးရေ သန်းပေါင်း ၆ထောင်ကျော်ရှိတယ်။ အကုန်လုံးကိုယ့်ပရိသတ်ကိုယ် သူ့ပရိသတ်နဲ့သူ အားလုံးက ကြည့်ရှုပြီးတော့ အားပေးတာရှိတယ်။ ကြိုက်နှစ်သက်တာရှိတယ်။ အားနည်းချက်လေးတွေကို ဝေဖန်တာရှိတယ်။ အဲဒါတွေကို ကျနော်တို့ဘက်က ဘာတွေပြင်ဆင်ပြီး ဘာတွေပြင်ဆင်မယ်။ နောက်တခါဘယ်လိုကောင်းအောင်လုပ်မယ်ဆိုတာကို ပြင်ဆင်ကြရတာ”

“ဘယ်လိုပဲဖြစ်ဖြစ် ဝေဖန်မှုတွေကို ကြိုဆိုတယ်။ ဝေဖန်မှုဆိုတာ အနုပညာသမားတွေအတွက် ရင်းရင်းနှီးနှီးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် “ကိုယ်ထင်ရင် ကုတင်ရွှေနန်း” “ရှမ်းကြိုက်တော့ နွားချော” ပါတယ်” လို့ အကယ်ဒမီရဲအောင်က ပြောပါတယ်။

သူကိုယ်တိုင်လည်း ယခုအချိန်မှာ ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်ရိုက်ကူးနေရမယ့် အနေအထားမဟုတ်တဲ့အတွက် ရောက်လာတဲ့ဇာတ်ကောင်များကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်လျက်ရှိတယ်လို့ ပြောပါတယ်။

“ကျနော့်အသက်အရွယ် ကျနော့်အနေအထားနဲ့ ရွေးချယ်သွားဖို့မရှိပါဘူး။ ကျနော့်ဆီရောက်လာတဲ့ ဇာတ်လမ်းတွေ၊ ဇာတ်ကောင်တွေကိုပဲ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ကျနော့်ဘက်ကဘယ်လိုပြင်ဆင်ရမလဲ။ ဘာတွေလေ့လာပြီးတော့ သရုပ်ဆောင်သွားရမလဲဆိုတာပဲ ပြင်ဆင်သွားရမှာပါ” လို့ ရဲအောင်က ပြောပါတယ်။

The post “ဒီနှစ်အကယ်ဒမီဆုက ပြိုင်ဆိုင်မှု အရမ်းများတဲ့နှစ်လို့ ထင်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...