Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရည် အဓိကမကျဘဲ သရုပ်ဆောင်ကောင်းဖို့ပဲ လိုတာပါလို့ မင်းခိုက်စိုးစန်ပြော

$
0
0

စာရေးဆရာ၊ ဒါရိုက်တာ မင်းခိုက်စိုးစန်က YTV ရုပ်သံလိုင်းသစ်ရဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးရန် အတွက် သရုပ်ဆောင်သစ်တွေကို ရွေးချယ်သွားမှာဖြစ်ပြီး ပါဝင်မယ့် သရုပ်ဆောင်သစ်တွေအနေနဲ့ သရုပ်ဆောင်ချင်စိတ်ရှိဖို့ပဲ လိုတယ်လို့ ဆိုပါတယ်။

“YTVက ဇာတ်လမ်းတွဲရိုက်ဖို့ ကမ်းလှမ်းလာပါတယ်။ သူတို့ ကမ်းလှမ်းလာတဲ့ ဇာတ်ကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော့် ညီမရေးတဲ့ ဝတ္ထုဖြစ်နေတယ်။ အကုန် အဆင်ပြေသွားတာပေါ့။ ကျနော်တို့ ဇာတ်ကား ၂ ကားအတွက် သရုပ်ဆောင်သစ်တွေ မွေးဖွားပေးချင်တာကြောင့် ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်သစ် ရွေးချယ်သွားမှာပါ”

“ဝါရင့်သရုပ်ဆောင်တွေနဲ့လည်း ရိုက်မှာပါ။ ကမ်းလှမ်းထားတာတွေ ရှိပါတယ်။ သူတို့လက်ခံမယ်၊ လက်မခံဘူး မသေချာသေးတာကြောင့် ကျနော် ထုတ်မပြောသေးတာပါ။ ဝါရင့်တွေနဲ့ အသစ်တွေနဲ့တွဲပြီးပုံဖော်သွားမှာပါ။ ကျနော် ဇာတ်လမ်းတွဲရယ် Reality Show လည်း ရိုက်ဖို့ရှိပါတယ်။ ပါဝင်မယ့် သရုပ်ဆောင်သစ်တွေ အနေနဲ့ သရုပ်ဆောင်ချင်စိတ်ရှိဖို့ပဲ လိုပါတယ်”လို့ မင်းခိုက်စိုးစန်က ပြောပါတယ်။

“ငါအတတ်နိုင်ဆုံး မခိုမကပ်ဘဲ ရှိသမျှအချိန်တွေ ရှိသမျှအားပေး အကုန်ပေးမယ်ဆိုရင် လုံလောက်ပါတယ်။ အဝတ်အစားကအစ ဆင်မှာပါ။ အဲ့အတွက် စိတ်ပူစရာ မလိုဘူး။ ကျနော်တို့က မင်းသား မင်းသမီးကို ရွေးချယ်တာ မဟုတ်တဲ့အတွက် ရုပ်ရည်အဓိက မကျပါဘူး။ သရုပ်ဆောင်ကောင်းဖို့ပဲလိုတာပါ”လို့ မင်းခိုက်စိုးစန်က ဆိုပါတယ်။

အရင်တုန်းက အားထုတ်တဲ့ ဝတ္ထုပုံစံနဲ့ အခုခေတ်လူငယ်တွေ အားထုတ်တဲ့ ဝတ္ထုပုံစံတွေကွာခြားသွားတယ်လို့လည်း သူက ဆိုပါတယ်။

“အခုနောက်ပိုင်း Modernize ဝတ္ထုတွေ များလာတာ ဝမ်းသာတာပေါ့။ အဲ့လိုဖြစ်စေချင်တာပေါ့။ လူငယ်တွေရဲ့ ရင်ခုန်သံတွေ ကြားရတဲ့ မြင်ရတဲ့ ဖတ်ရတဲ့ စာတွေ ထွန်းကားလာတာကို ကြိုဆိုတာပေါ့။ ကျနော်တို့ ကွာသွားပါတယ်။ အရင်တုန်းကဆိုရင် ဇာတ်လမ်း ဇာတ်ကောင်စရိုက်တွေ ပီပြင်အောင်ပေါ်လွင်အောင် ကြိုးစားအားထုတ်ရတယ်။ ဒီဘက်ခေတ်မှာ ဇာတ်လမ်းက ပါတယ်ဆိုရုံလေးပဲ”

“ဇာတ်ကောင်နာမည် ဘာမှန်းတောင် မသိလိုက်ရဘူး။ ကျနော်နဲ့ ကောင်မလေးနဲ့ ပြီးသွားတယ်။ ဒါပေမယ့် မကောင်းဘူးလားဆိုတော့ ကောင်းတယ်။ သူတို့က ခံစားချက်ကို လတ်လတ်ဆတ်ဆတ် စကားလုံး အသစ်အဆန်းတွေ ထိရောက်တဲ့ စကားလုံးတွေနဲ့ သူတို့ ဖန်တီးဖို့ ကြိုးစားလာတဲ့အတွက် အဲ့လို စာပေတွေ ထွန်းကားလာတာကို ကျနော်ကြိုဆိုပါတယ်”

“အရင်တုန်းကတော့ တအား ဝေဖန်ခံရတယ်။ မြန်မာစာပေလောကကို ဖျက်ဆီးတယ်။ နိုင်ငံခြားကပုံစံတွေကို ခိုးတယ်။ ပုံတူကူးတယ်ဆိုတဲ့ ဆွဲချက်တွေ အများကြီး ရှိတယ်။ ဒါပေမယ့် အဲ့ဒါခေတ်ပါပဲ။ ကျနော်တို့တွေ အသစ်တခုကို ဖန်တီးမယ်ဆိုရင် ဝေဖန်ခံရမယ်”

“ဒါပေမဲ့ ဝေဖန်မှုတွေကြောင့် နောက်တွန့်သွားတာ ပြိုလဲသွားတာ မလုပ်ဘဲနဲ့ မိမိကိုယ်ကို မိမိအရည်အသွေးကို ပိုပိုပြီးတောက်ပြာင်အောင် သွေးရင် ကိုယ်လိုချင်တဲ့ ခရီးပန်းတိုင်ကို ရောက်မယ်ဆိုတာ သာဓကပါပဲ။ ကျနော် စာရေးမှာပါ။ အချိန်ကာလတခုယူပြီး ပုံစံအသစ်ဖြစ်မယ့် အနုပညာတွေကို အချိန်ယူပြီး ကြိုးစားနေပါတယ်။ မကြာခင်မှာ ကျနော့်ဝတ္ထုတွေ ပြန်မြင်ရဦးမှာပါ”လို့ မင်းခိုက်စိုးစန်က ပြောပါတယ်။

The post ရုပ်ရည် အဓိကမကျဘဲ သရုပ်ဆောင်ကောင်းဖို့ပဲ လိုတာပါလို့ မင်းခိုက်စိုးစန်ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...