Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒီနှစ် အကယ်ဒမီပေးပွဲကို ဇနီးဖြစ်သူနဲ့အတူ တက်မယ့် အကယ်ဒမီ ဗေလုဝ

$
0
0

သရုပ်ဆောင်လည်းဖြစ် စာရေးဆရာတယောက် အဖြစ်လည်း လုပ်ကိုင်နေတဲ့ သရုပ်ဆောင် ဗေလုဝက မကြာခင်ကျင်းပမယ့် ၂၀၁၈ ခုနှစ်အတွက်ပေးအပ်မယ့် အကယ်ဒမီ ချီးမြှင့်ပွဲကို တက်ရောက်မှာ ဖြစ်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“အကယ်ဒမီ ထူးထူးခြားခြားနှစ်လို့ ပြောတာပဲ။ မိတ်ကပ်ဆုတွေ ဘာတွေ ပေးမယ်လို့ ပြောတယ်။ စနစ်တကျ ရွေးချယ်ပြီး ပေးမှာဆိုတော့ ဘာပဲပြောပြော အကယ်ဒမီက သန့်သန့်ပြန့်ပြန့်လေးပါ။ အားလုံ းရစေချင်တယ်။ Star Award ပေးမယ်လို့လည်း ကြားတယ်။ အရမ်းကောင်းပါတယ်။ ကျနော်တို့က ကြိုဆိုပါတယ်။ အဲ့လိုမျိုးပေးတာ ကမ္ဘာမှာလည်း ရှိပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲ တက်မှာပါ။ ကျနော်တို့ လင်မယားနှစ်ယောက် တက်မှာပါ”လို့ အကယ်ဒမီ ဗေလုဝက ပြောပါတယ်။

“ကျနော်ဆုတောင်းတာ တခုပဲ ရှိတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကယ်ဒမီပေးပွဲလေး ပြီးသွားပါစေလို့ ဆုတောင်းတယ်။ ရှေးလူတွေပြောတဲ့ အကယ်ဒမီက နတ်ကြီးတယ်ဆိုတာ ဟုတ်တယ်။ မထင်မှတ်တာတွေလည်း ရတယ်။ ကျနော်ဆို တကယ် မထင်ထားဘူး။ မထင်မှတ်လို့ ယိုးဒယားကို စာပေဟောပြောပွဲ တက်သွားတာပေါ့။ ရရင်တော့ နှစ်ပေါင်းများစွာ ကြိုးစားလာရတဲ့ ဒီလိုစင်မြင့်မျိုးတက် ချင်တာပေါ့။ မတက်လိုက်ရဘူး။ ကိုယ့်သားပဲ တက်လိုက်ရတာ”လို့ ဗေလုဝက ဆိုပါတယ်။

ဆက်လက်ပြီး သူက “မထင်မှတ်တာတွေလည်း ဖြစ်ရင် ဖြစ်တတ်တယ်။ ဒါက နှစ်စဉ်နှစ်တိုင်း ဖြစ်နေတဲ့ အကယ်ဒမီရဲ့ Taste လေးတခုပေါ့။ ဒါလေးက ရင်ခုန်ရတာပဲ။ အဲ့ဒါလေးက အရသာ ရှိတာပဲ။ အနုပညာရှင် မဖြစ်ခင်ကတည်းက အကယ်မီပွဲကို ကြည့်ရင် ရင်ခုန်တာ”လို့ ဗေလုဝက ပြောပါတယ်။

ဟာသကားတွေမှာ အရိုက်များပြီး အတွေ့များတဲ့ ဗေလုဝက ဇာတ်ကားရိုက်ကူးရာမှာ တလကို ဘယ်နှစ်ကားရိုက်မယ် ဆိုပြီး သတ်မှတ်ထားမျို းမရှိဘူးလို့ ဆိုပါတယ်။

သရုပ်ဆောင် ဗေလုဝနဲ့ သူ့ရဲ့ ဇနီး (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

“ကျနော် အခုချိန်မှာ ရွေးချယ်ပြီး ရိုက်ကူးဖို့ဆိုတာ ကျနော်တို့ ဒီဇာတ်ကို ဒီလိုလေးရိုက်မယ်ဆိုတာ ၁၀၀ မှာ ၅၀လောက်ပဲ ပြောတာပါ။ ငှားပြီဆိုကတည်းက ဘာဇာတ်လဲလို့ ကိုယ့်အနေနဲ့မေးရင် ကြေး(ဂျီး)များတယ်လို့ ပြောကြတယ်။ အသက်အရွယ်အရတော့ နည်းနည်းရွေးချယ်ပြီး ရိုက်သင့်ပါပြီ။ တလကို ဘယ်နှစ်ကားရိုက်မယ်တို့ ဘာတို့ မရှိပါဘူး”

“တခါတလေ တလမှာ တကားတောင် မရိုက်ရဘူး။ ဇာတ်ကားတွေနည်းပြီး စာတွေရေးတယ်။ ဟောပြောပွဲတွေ ဟောပြောနေတယ်။ ဗီဒီယို ဈေးကွက်က မရှိတော့ ဇာတ်လမ်းတွဲတွေ ရှိမယ်။ ရုပ်ရှင်ကားကြီးတွေရှိမယ်။ အဲ့လိုလေးတွေရှိတော့ လောကသားတွေအတွက် အလုပ်လေးတွေ ရှိနေကြရင်တော့ အဲ့အတွက် ဝမ်းသာရပါတယ်။ တိုးတက်အောင်လုပ်မယ့် သူတွေလည်း အများကြီးရှိပါတယ်။ မြန်မာတွေက အများကြီးတော်ပါတယ်။ တော်ခွင့်မရသေးတာ ဖြစ်ပါလိမ့်မယ်” လို့ ဗေလုဝက ဆိုပါတယ်။

ရုပ်ရှင်လောကမှာ သရုပ်ဆောင်စလုပ်ခါက အတွေ့အကြုံ့များနဲ့ ဒီဘက်ခေတ် ကွာခြားပုံကိုလည်း ဗေလုဝက အခုလို ဆိုပါတယ်။

“ကျနော်တို့ စဝင်တုန်းက ရုပ်ရှင်က စနစ်သိပ်ကျတယ်။ ကျနေ်ာတို့လေ့လာရတဲ့ ပုံစံတွေက တမျိုး လေးလေးနက် နက်ရှိခဲ့တယ်။ နောက်ပိုင်း မလေးနက်ဘူး မဟုတ်ဘူး၊ လေးနက်ပါတယ်။ အရေအတွက်တွေက အရမ်းများသွားတယ်။ အဲ့ပေါ်မှာ ဆန်ခါတင်ကျန်ခဲ့တဲ့ ကားတွေက မရှိသလာက်ဖြစ်သွားပြီ”

“အရင်တုန်းက တကားဆို တကား ကျနော်တို့ ရင်ခုန်ရတယ်။ ဇာတ်ကားတကားမှာ ဒါရိုက်တာက သူဘယ်လောက် ကြိုးစားထားတယ် ဆိုတာသိနိုင်တယ်။ လူထုက အရမ်းတော်လာတယ်။ သူတို့က တလိုင်းတည်းကြည့်တာ မဟုတ်ဘူး။ နိုင်ငံပေါင်းစုံ ကြည့်တော့ ကောင်းခြင်း၊ ဆိုးခြင်း သူတို့ သိသွားတယ်။ ကျနော်ရုပ်ရှင်လောက တိုးတက်လာတက်လာတယ်လို့ ထင်ပါတယ်” လို့ ဗေလုဝက ပြောပါတယ်။

ဗေလုဝဟာ “ဤအရာကို အချစ်လို့ခေါ်သလား” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားသူ တဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် တဦးလည်း ဖြစ်ပါတယ်။ ဗေလုဝဟာ မြို့၊ ရွာတွေမှာ ရှိတဲ့ စာပေ ဟောပြောပွဲတွေမှာ တတပ်တအား ပါဝင်ဆောင်ရွက်နေတာကြောင့် အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေသူလည်း ဖြစ်ပါတယ်။

The post ဒီနှစ် အကယ်ဒမီပေးပွဲကို ဇနီးဖြစ်သူနဲ့အတူ တက်မယ့် အကယ်ဒမီ ဗေလုဝ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles