Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Celine Dion ရဲ့ အလွန်ပိန်နေတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်များ စိုးရိမ်နေ

$
0
0

အဆိုတော် Celine Dion ဟာ လက်ရှိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ပြုလုပ်နေတဲ့ Paris Haute Couture Fashion Week ကို တက်ရောက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာတော့ အခုလိုမျိုး ဂုဏ်သိက္ခာကြီးမားတဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့် ပရိသတ်စိတ်ဝင်စားမှုကိုခံခဲ့ရပေမယ့် အဲဒီဖက်ရှင်ပုံစံကြောင့် အရမ်းကို ပိန်ချုံးနေတဲ့ ခန္ဓာကိုယ်ကို မြင်တွေ့ခဲ့ကြရတဲ့ ပရိသတ်တွေကတော့ စိုးရိမ်နေပါတယ်။

ကနေဒါအဆိုတော် Celine ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ Hotel de Crillon ကနေ ထွက်လာချိန်မှာ ပန်းလွှာပုံစံအကျီနဲ့အတူ အပေါ်ကနေ ကတ္တီပါသား ကုတ်အကျီဝတ်စုံက ဖက်ရှင်ကျနေတာကို တွေရပါတယ်။ ဒါအပြင် maroon ဘွတ်ဖိနပ်၊ အဖြူရောင် လက်အိတ်၊ ကြောင်မျက်လုံးပုံစံ နေကာမျက်မှန်နဲ့ အနက်ရောင် ဘေးလွယ်အိတ်တို့ဟာ သူ့ရဲ့ အလှနဲ့ ပနံရနေတာကိုတွေ့ရပါတယ်။

ကင်မရာတွေရှေ့မှာ ပရိသတ်တွေကို စိတ်အားထက်သန်စွာနဲ့ ပြုံးပြခဲ့ပေမယ့် သူဝတ်ထားတဲ့ တန်ဖိုးကြီး ဝတ်စုံတွေအောက်က ပိန်လွန်းနေတဲ့ အသက် ၅၀ အရွယ် အဆိုတော်ရဲ့ ခန္ဓာကိုယ်ကို ပရိသတ်တွေက အထူးစိုးရိမ်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီနေ့ နောက်တရက်မှာလည်း သူ့ရဲ့ ခန္ဓာကိုယ်အနေအထားကို ဖုံးကွယ်ထားခဲ့ခြင်းမရှိခဲ့ပါဘူး။

V ပုံသဏ္ဍာန်လည်ပင်းပုံစံနဲ့ အနက်ရောက် ဝတ်စုံတွေနဲ့ လှပနေပေမယ့်လည်း သူ့ရဲ့ အရိုးတွေကိုပါ မြင်တွေ့နေရတဲ့ ပုံသဏ္ဍာန်ကြောင့် ပရိသတ်တွေက စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ သူဟာ ဖက်ရှင်ဒီဇိုင်နာ Oscar de la Renta ဖန်တီးထားတဲ့ ဂါဝန်နဲ့ ယုံကြည်မှု ရှိရှိ ပွဲတက်လာခဲ့တာကိုတွေ့ရပါတယ်။ အဲဒီအကျီမှာတော့ တော်တော်လေး လုံလုံခြုံခြုံဝတ်ထားတာကိုတွေ့ရ ပြန်ပါတယ်။ အနက်ရောင်နေကာမျက်မှန်၊ အနက်ရောင်သားရေလက်အိတ်နဲ့ အနီရောင် ဒေါက်မြင့်ဖိနပ် တို့ကြောင့် တော်တော်လေး အမြင်ဖမ်းစားခဲ့တာကို မြင်တွေ့ရမှာပါ။

City of Lights (အလင်းမြို့တော်) လို့တင်စားကြတဲ့ ပဲရစ်မြို့မှာ သူဟာ သူ့ရဲ့ရင်းနှီးတဲ့သူငယ်ချင်း Pepe Munoz နဲ့အတူ ရှိနေခဲ့တာပါ။ သူတို့နှစ်ဦး တွဲနေကြတယ်လို့ ကောလာဟလထွက်နေခဲ့ပေမယ့် Celine နဲ့ အသက် ၃၄ နှစ်အရွယ် Pepe တို့ဟာ ပဲရစ်ဟိုတယ်ကနေ တပူးတွဲတွဲထွက်သွားခဲ့တာကိုမြင်တွေ့ခဲ့ကြရပါတယ်။

Ref: aceshowbiz

The post Celine Dion ရဲ့ အလွန်ပိန်နေတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်များ စိုးရိမ်နေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...