Quantcast
Viewing all articles
Browse latest Browse all 7343

လန်ဒန်မှာရှိနေတဲ့ သားနဲ့ သမီးအကြောင်း ပြောပြတဲ့ အဆိုတော် တင်ဇာမော်

ဂီတလောကမှာလည်း အောင်မြင်ကျော်ကြားမှုကို ယနေ့အထိ ထိန်းသိမ်းထားနိုင်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝကိုလည်း ပိုင်ဆိုင်ထားတဲ့ အဆိုတော် တင်ဇာမော်က သူမရဲ့သားနဲ့ သမီး အကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“သားကြီးက ၁၆ နှစ် ပြည့်သွားပြီ။ သမီး အငယ်လေးက ၅နှစ်ပေါ့။ သူတို့က ဟိုမှာပဲ နေဖြစ်တာများတယ်။ ကျောင်းတက် နေရတာကို။ သူတို့ကျောင်းကလည်း တနှစ်လုံးနေမှ တလပဲ ခွင့်ရတယ်။ ကြားထဲမှာ နားတာလေးတွေက တခါပိတ်ရင် တပတ်ပဲ။ အဲဒီတပတ်ကလည်း ဒီဘက်ကို ပြန်လာဖို့ကမလွယ်ဘူးလေ”လို့ တင်ဇာမော်က ပြောပါတယ်။

လက်ရှိမှာတော့ မိသားစုတွေက လန်ဒန်မှာ အခြေချနေထိုင်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် မလွယ်ကူသေးဘူးလို့ သိရပါတယ်။ ၁၆ နှစ်အရွယ် သားဖြစ်သူနဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူတို့ရဲ့ မတူညီတဲ့ စရိုက်လက္ခဏာများအပေါ် မူတည်ပြီးတော့လည်း အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“သားက ကောလိပ်တက်နေပြီ။ ပထမနှစ်ပေါ့။ ပြီးရင် University ဆက်သွားမယ်။ သူယူထားတဲ့ဘာသာက နိုင်ငံရေး။ သူကအေးတယ်လေ။ သတင်းတွေနားထောင်တယ်။ ဖတ်တယ်။ အဲဒါတွေကို ပြန်ကိုးကားပြီးတော့ ကျောင်းစာ လုပ်ရတာကို။ ဘာပဲဖြစ်ဖြစ် ဒီအသက်အရွယ်မှာ စပြီးတော့ လေ့လာပြီးလုပ်ရတယ်ဆိုတော့ သူ့အတွက် စိတ်ချမ်းသာတယ်”

“ကိုယ်တောင်နိုင်ငံရေး သိဖို့ မလွယ်ဘူး။ အရမ်း ခက်တယ်။ နက်နဲတယ်။ ကိုယ်တောင် သိချင်ရင် အချိန်ပေးနိုင်မှ စိတ်ရှည်မှ စိတ်လည်းဝင်စားမှ အဲဒါကြောင့်သူ့အတွက် ကျမ ဝမ်းသာတယ်။ အနေအေးတော့ လူရှေ့ထွက်ရမယ့် အလုပ်တော့ သူလုပ်မှာ မဟုတ်ဘူး” လို့ တင်ဇာမော်က ပြောပါတယ်။

သားဖြစ်သူကတော့ အနေအေးပြီး အနုပညာကို ဝါသနာပါသော်လည်း လူရှေ့ထွက်ရတာမျိုးကို မကြိုက်ဘဲ သမီးအငယ်လေးကတော့ အကနဲ့ သီချင်းဆိုတာကို ဝါသနာပါပြီး လူအများကို ဖျော်ဖြေမယ့်သူတဦးဖြစ်လိမ့်မယ်လို့ ထင်မိတယ်လို့ ဆိုပါတယ်။

“သမီးငယ်လေးကတော့ သီချင်းဆိုတယ်။ သူကတော့ ဝါသနာကို ပါတာ။ သူကနောက်ဆုံးတခေါက် ဘာပြောလဲဆို တော့ မာမီတဲ့ သူအဆိုတော် အရင်ဖြစ်အောင် လုပ်မယ်တဲ့။ အဲဒီလိုပြောတယ်။ နောက်ပြီး ကတာ သူ ကတာက အရမ်းကို Flexible ဖြစ်တယ်။ You Tube ကြည့်တယ်။ အခုဆို ဂျိုဂျိုစေးဝါးကို ကြိုက်နေတယ်။ ဆယ်ကျော်သက် ကလေးလေးတွေ ကတာကို လိုက်ကပြတယ်။ သူကတတ်တယ်။ ထင်တာမမှားဘူးဆိုရင် သူကလူရှေ့ထွက်ပြတဲ့ Performer ဖြစ်မယ်ထင်တယ်” လို့ တင်ဇာမော်က ပြောပါတယ်။

သားနဲ့သမီးအပေါ်မှာ ထားရှိတဲ့ အတ္တကို တတ်နိုင်သမျှသတ်ထားပြီး သူတို့ဖြစ်ချင်တဲ့အပေါ်မှာသာ ပံ့ပိုးနိုင် သလောက်ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

“ကျမကတော့ အတ္တ မရှိအောင်နေတယ်။ ပေါ်လာရင်လည်း ဖျောက်လိုက်တယ်။ မရှိအောင် သတ်တယ်။ အတ္တက မကောင်းဘူးလေ။ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာ ကိုယ်ရအောင်လုပ်ရမယ်ဆိုတဲ့ အတ္တက တော်သေးတယ်။ ကိုယ်တိုင် မဟုတ်ဘူးဆိုရင် သူများဖြစ်သွားပြီ။ သူတို့လည်း သတ္တဝါတွေထဲက တယောက်ပဲလေ။ ကိုယ်သားသမီးမို့လို့ ကိုယ်ပိုင်လို့ ဒါလုပ်ဆိုပြီးတော့ လုပ်ကို လုပ်ရမယ်ဆိုတဲ့အတ္တ ကျမမှာ မရှိဘူး”

“သူတို့ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲ ဆိုတာ ကျမဘက်က ဘာလုပ်ပေးနိုင်လဲဆိုတာကို ကြည့်မယ်။ လုပ်ပေးနိုင်သလောက်အထိ လုပ်ပေးမယ်။ မလုပ်ပေးနိုင်တဲ့ အရာမျိုးဆိုတော့ နှုတ်အားဖြင့် ကူညီမယ်။ ကျမမှာလည်း အပေါင်းအသင်းမိတ်ဆွေတွေ ရှိမယ်။ ပတ်ဝန်းကျင်က အကူအညီလည်း ယူပြီးတော့ အတတ်နိုင်ဆုံး အကူအညီပေးမယ်”လို့ တင်ဇာမော်က ပြောပါတယ်

သားအကြီးဖြစ်သူ ၇ နှစ်အရွယ်မှစတင်ကာ အမျိုးသားဖြစ်သူနဲ့ မိသားစုမှာ လန်ဒန်မှာ အခြေချနေထိုင်နေပြီး တင်ဇာမော်ကတော့ မြန်မာပြည်နဲ့ လန်ဒန်မှာ တလှည့်စီ အချိန်ပေးကာနေထိုင်လျက်ရှိပါတယ်။ နိုင်ငံရပ်ခြားမှာ ကြီးပြင်းရတဲ့အတွက် သားနဲ့သမီးကိုတော့ ယဉ်ကျေးမှုရှိအောင် လူကြီးမိဘများက အမြဲမပြတ် သင်ကြားပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

“သားသားကတော့ မြန်မာပြည်ကနေထွက်တော့ ၇ နှစ်လောက် ရှိပြီ။ ၇နှစ်ဆိုတော့ သူ့အဘိုးတွေအဘွားတွေက ကောင်းကောင်းသင်ပေးလိုက်တယ်။ လူကြီးတွေနဲ့ ဘယ်လိုနေရမလဲ။ ဘုရားစာဆိုတာတွေ တတ်လာတယ်။ အနေလည်း အေးတယ်။ လိမ္မာတယ်။ လူကြီးတွေနဲ့ စကားပြောရင် ယဉ်ကျေးရမယ်။ အငယ်မလေးက မြန်မာလို မပြောတတ်ဘူး။ ကျမကတော့ မြန်မာလိုပြောပြရင် သူနားလည်တယ်။ သားလေးက မြန်မာလိုပြောတယ်။ ယဉ်ကျေးအောင်တော့ သင်ပေးတယ်။ ကလေးတွေကလည်း နားထောင်ပါတယ်” လို့ တင်ဇာမော်က ပြောပါတယ်။

လတ်တလောမှာတော့ တင်ဇာမော်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီး သီချင်းများသီဆိုဖျော်ဖြေရန် ၊ သူမရဲ့ ထွက်ရှိထားတဲ့ “ 7 ” အခွေရဲ့ Music Video ရိုက်ကူးရန်နှင့် သီချင်းအသစ်များကို လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

The post လန်ဒန်မှာရှိနေတဲ့ သားနဲ့ သမီးအကြောင်း ပြောပြတဲ့ အဆိုတော် တင်ဇာမော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...