Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကရင်ဘာသာနဲ့ “ယအယ်နား” (I Love You) လို့ နာမည်ပေးထားတဲ့ စော်လားထော်ဝါးရဲ့ အခွေ

$
0
0

Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့Season 1 မှာ Winner ဖြစ်ခဲ့ပြီး ပထမဆုံး တကိုယ်တော် တေးစီးရီးကို Myanmar Idol ရဲ့အစီအစဉ်နဲ့ ထွက်ခဲ့ဖူးတဲ့ အဆိုတော် စောလားထော်ဝါးက ဒုတိယမြောက် တကိုယ်တော်တေးစီးရီးကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

စောလားထော်ဝါးရဲ့ ဒုတိယ တကိုယ်တော် တေးစီးရီး “ယအယ်နား” (I Love You) လို့ အမည်ပေးထားပြီး ဒီအခွေထဲမှာ သီချင်း ၁၄ ပုဒ်ပါဝင်ပြီး သီချင်းတွေအကြောင်းတွေနဲ့ ပတ်သက်လို့ အခုလိုဆိုပါတယ်။

“ပထမ တကိုယ်တော်တုန်းက သီချင်းဟောင်းတွေ များတယ်။ ပြန်ဆိုတေးပေါ့။ အခု တကိုယ်တော်ကတော့ သီချင်းအသစ်တွေကြီးပဲနဲ့ ကိုယ်ပိုင်သံစဉ်တွေချည်းပဲ။ ပထမအခွေမှာက အေးအေးလေးတွေများတယ်။ ဒီအခွေမှာတော့ အအေးတွေရော၊ အမြူးတွေရော ပါတယ်။ Style တော်တော်စုံတယ်။ Music ပိုင်းကို အားရကျေနပ်မှု ရှိတယ်။ အတီးပိုင်းကိုလည်း လုံးဝ အာမခံတယ်။ ကျနော့်ဆရာလို့လည်း ပြောလို့ရတဲ့ ကိုဘွိုင်းတို့ဝိုင်းက သေချာတီးပေးထားတာပါ”

“ကျနော့်ဘက်ကတော့ လိုအပ်ချက်၊ အားနည်းချက်တွေ ရှိနေတုန်းပါ။ ကျနော့်အနေနဲ့ ဒီလောက်ထိဖြစ်လာလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို မထင်ထားဘူး။ အခုလိုဖြစ်လာတာကလည်း Fan တွေကြောင့်ပေါ့နော်။ သူတို့်က အကုန်ဝိုင်းကူညီကြတယ်။ သီချင်းတွေကိုလည်း တေးရေးဆရာတွေဆီ သွားပြီးတိုင်ပင်ပေးကြ၊ အပ်ပေးကြ၊ ကူညီကြတာပါ။ ကျနော် တယောက်တည်း ဆိုရင် ဖြစ်နိုင်မယ်မထင်ဘူးဗျ။ Fanတွေကအားလုံး ဝိုင်းကူကြတယ်။ ဒါကြောင့်လည်း ဒီထိရောက်လာတာပါ”လို့ စောလားထော်ဝါးက ဆိုပါတယ်။

တေးစီးရီးနာမည်ကို “ယအယ်နား ( I Love You)” လို့ ကရင်ဘာသာနဲ့ ပေးဖြစ်တာနဲ့ ပတ်သက်လို့လည်း စော်လားထော်ဝါးက အခုလိုဆိုပါတယ်။

“ကျနော် ၂ နှစ်ခွဲလောက်ကြိုးစားပြီး သီဆိုထားတာပါ။ စီးရီး Title က အထူးအဆန်းဖြစ်တယ်။ အဲဒီလိုဖြစ်အောင်လည်း လုပ်တာပါ။ ယအယ်နားဆိုတာက မင်းကို ချစ်တယ်ပေါ့နော်။ ကရင်စကားပေါ့။ ကိုယ်တိုင်ကလည်း ကရင်လူမျိုးမို့လည်း ပါတာပေါ့နော်။ ဆိုထားတာကတော့ ဗမာလိုပဲ။ ဒါပေမယ့် သီချင်းထဲမှာ အဲဒီစကားလုံးလေး တလုံးပါတယ်။ အဲဒါကြောင့် ဒီနာမည်ပဲရွေးဖြစ်လိုက်တာ”လို့ စောလားထော်ဝါးက ဧရာဝတီကို ပြောပါတယ်။

“ယအယ်နား” ဆိုတဲ့ သီချင်းလေးကို တေးရေး စောခူဆဲက ရေးပေးထားတာလို့ သိရပါတယ်။ ဂီတကိုချစ်လို့ လုပ်ဖြစ်နေတဲ့ စောလားထော်ဝါးကဆိုပြီး ခံစားချက်ကိုလည်း အခုလိုဆိုပါတယ်။

“ခံစားမှုအပေါ်မှာလည်း မူတည်တာပေါ့နော်။ ကျနော်လုပ်နိုင်ရင် လုပ်မယ်။ နောက်ဆုံး အခွေမထုတ်နိုင်ဘူးဗျာ။ ပရိသတ်နဲ့လည်း အချိတ်မဆက် မရှိဘူး ဆိုရင်တောင်မှ ကိုယ်တိုင်အိမ်မှာပဲ ထိုင်ပြီးသီချင်းတွေဆိုနေမှာပဲ”လို့ စောလားထော်ဝါးက ဧရာဝတီကို ပြောပါတယ်။

စောလားထော်ဝါးရဲ့ ဒုတိယ တကိုယ်တော်တေးစီးရီး “ယအယ်နား”ကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး ဖြန့်တဲ့နေ့မှာပဲ လှည်းတန်းစင်တာမှာ ပရိသတ်နဲ့ တွေ့ဆုံကာ ပရိုမိုးရှင်းပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။

The post ကရင်ဘာသာနဲ့ “ယအယ်နား” (I Love You) လို့ နာမည်ပေးထားတဲ့ စော်လားထော်ဝါးရဲ့ အခွေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...