Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂျပန်ဘာသာ စာလုံးပေါင်းမှားပြီး တက်တူးထိုးခဲ့တဲ့ အဆိုတော် Ariana Grande

$
0
0

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Ariana Grande ဟာ မကြာသေးခင်တုန်းက သူ့ရဲ့လက်ဖဝါးမှာ တက်တူးတခုထိုးခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ သီချင်းနာမည်ကို ဂျပန်ဘာသာနဲ့ ရေးထိုးခဲ့တာ ဖြစ်ပေမယ့် စာလုံးပေါင်း မှားယွင်းသွားခဲ့တာကြောင့် တခြား အဓိပ္ပာယ်တခု ထွက်သွားခဲ့ပါတယ်။

အမေရိကန်အဆိုတော် Ariana ဟာ “7 Rings” ဆိုတဲ့ သီချင်းရဲ့ နာမည်ကို သူ့ရဲ့လက်မှာ တက်တူးထိုးခဲ့ပေမယ့် အင်္ဂလိပ်ဘာသာနဲ့ မဟုတ်ဘဲ ဂျပန်ဘာသာနဲ့ ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဖြစ်ချင်တော့ အဲဒီ့ဂျပန်ဘာသာနဲ့ ရေးထားတဲ့ စာလုံးပေါင်းက မှားသွားခဲ့ပြီး “7 Rings” (လက်စွပ် ၇ ကွင်း) ဖြစ်ရမယ့်အစား “shichirin” (ကျောက်မီးသွေး အသားကင်) ဆိုတဲ့ အဓိပ္ပာယ် ရသွားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် Ariana ဟာ သူ့ရဲ့ တက်တူးပုံကို Instagram မှာ တင်ခဲ့ပေမယ့် စာလုံးပေါင်းမှားနေတဲ့ အကြောင်း ပရိသတ်တွေက ပြန်လည် ထောက်ပြပြီးတဲ့နောက်ပိုင်း အဲဒီ့ပုံကို ပြန်ဖျက်လိုက်ပါတယ်။ အခုတော့ အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားခဲ့ပြီး Ariana က သူဟာ သင်္ကေတကို မေ့သွားခဲ့ကြောင်းနဲ့ အဲဒီ့ ဒီဇိုင်းဟာလည်း သိပ်ကြာကြာခံမှာ မဟုတ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

လူ့ခန္ဓာကိုယ်ပေါ်က အခြားနေရာတွေမှာ ထိုးထားတဲ့ တက်တူးထက် လက်ဖဝါးပေါ်မှာ ထိုးထားတဲ့ တက်တူးက ပိုပြီး အရောင်မှေးမှိန်လွယ်လို့ ဖြစ်ပါတယ်။

အဆိုတော်က “ကျမက မေ့ကျန်ခဲ့တာဆိုရင် နောက်တကြိမ် ဒါကိုပြန်ခံစားနေရမှာပါ” လို့ ရေးပြီး နောက်ပိုင်းမှာ တော့ “ကျမကို အဲဒီအသားကင်နဲ့ တယောက်တည်းထားခဲ့ပါ။ ကျေးဇူးတင်ပါတယ်” လို့ ရေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အမှားကို Twitter မှာတော့ နောက်ပြောင်ကျီစယ်ကြတဲ့ ပို့စ်တွေက အဆက်မပြတ် တက်လာခဲ့ပါတယ်။

တချို့ကတော့ အကောင်းမြင်ဘက်ကတွေးပေးကြတာမျိုးလည်းရှိပါတယ်။ လောလောဆယ်တော့ သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “7 Rings” သီချင်းဟာ YouTube မှာ ကြည့်ရှုနှုန်း သန်း ၁၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

Billboard Hot သီချင်း အပုဒ်ရေ ၁ဝ၀ စာရင်းမှာလည်း ထိပ်ဆုံးကနေ ရှိနေတာပါ။ “Thank U, Next” လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ အယ်လ်ဘမ်ကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့၊မှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

Ref: asiaone

The post ဂျပန်ဘာသာ စာလုံးပေါင်းမှားပြီး တက်တူးထိုးခဲ့တဲ့ အဆိုတော် Ariana Grande appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles