Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သက်သတ်လွတ်စားတဲ့ ပရိသတ်ကို တသက်တာလက်မှတ် အလကားပေးမယ့် Beyonce နဲ့ Jay-Z

$
0
0

ဂီတအနုပညာရှင်စုံတွဲဖြစ်တဲ့ Beyonce နဲ့ Jay-Z တို့ဟာ တလကြာ သက်သတ်လွတ်စားနိုင်တဲ့ ပရိသတ်တွေကို ပြိုင်ပွဲတခုအနေနဲ့ ကျင်းပပေးပြီး အဲဒီအထဲက ကံကောင်းတဲ့သူကတော့ သူတို့ရဲ့ နောက်လုပ်မယ့် ဖျော်ဖြေပွဲ အားလုံးမှာ တသက်တာ ကြည့်ရှုခွင့်လက်မှတ် အခမဲ့ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

“Queen Bey” လို့ခေါ်ကြတဲ့ Beyonce ဟာ အဲဒီစိန်ခေါ်မှုကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့တုန်းက သူ့ရဲ့ Follower ၁၂၃ သန်းရှိတဲ့ Instagram အကောင့်မှာ ကြေညာခဲ့တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ တစိတ်တပိုင်း သက်သတ်လွတ်စားတဲ့ အစားရှောင်မှုကို ကျင့်သုံးရေး မြှင့်တင်တဲ့ Greenprint Project ကို ထောက်ပံ့တဲ့အနေနဲ့လည်း ပြုလုပ်တာဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့ အဲဒီအွန်လိုင်းပြိုင်ပွဲအတွက် စာရင်းသွင်းနိုင်ပြီး ကံထူးသူ တဦးကို Beyonce နဲ့ Jay-Z တို့ရဲ့ နှစ် ၃၀ စာ ဖျော်ဖြေပွဲလက်မှတ်၊ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၀၀၀ ဖိုးကို ကျပန်းစနစ်နဲ့ ရွေးချယ်မှာ ဖြစ်ပါတယ်။

Lemonade” အယ်လ်ဘမ်နဲ့ နာမည်ကျော်ကြားတဲ့ စူပါစတား Beyonce ကတော့ သူ့အနေနဲ့ အပတ်စဉ် တနင်္လာနေ့တိုင်းမှာ အသားလုံးဝ မစားဘဲ အသီးအရွက်ကို အခြေခံတဲ့ မနက်စာကို စားသုံးတယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူ Rap အဆိုတော် Jay-Z ကတော့ သူ့ရဲ့ နေ့စဉ်ထမင်း ၂ နှပ်ကိုလည်း အသီးအရွက်ကို အခြေခံတဲ့ ဟင်းနဲ့ ပဲစားတယ်လို့ ဆိုပါတယ်။

Beyonce ရဲ့ လေ့ကျင့်ရေးဆရာ Marco Borges က ဒီပရောဂျက်ကို ဦးဆောင်တာ ဖြစ်ပါတယ်။ Queen Bey ကတော့ ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလမှာ စပြီးတော့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး သက်သတ်လွတ်စားသုံး နေထိုင်တဲ့အစီအစဉ်မှာ သူနဲ့အတူ Miley Cyrus နဲ့ Ariana Grande တို့လို နာမည်ကျော် အဆိုတော်တွေလည်း ပါဝင်လာပါတယ်။

သက်သတ်လွတ်စားသုံး နေထိုင်တဲ့အလေ့အထ ဆိုတာကတော့ အသား၊ နို့ထွက်ပစ္စည်း၊ ကြက်ဥနဲ့ ပျားရည်အပါအဝင် တိရိစ္ဆာန်အားလုံးရဲ့ ထုတ်ကုန်များကို အသုံးပြုခြင်းနဲ့ သားရေဝတ်ဆင်မှုတို့ တားမြစ်ထားတာဖြစ်ပါတယ်။

သုတေသီတွေရဲ့အဆိုအရ အသားနဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးမှုလျှော့ချခြင်းဟာ လယ်ယာမြေအသုံးပြုမှုနဲ့ ကမ္ဘာကြီး ပူနွေးလာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့ကျလာစေနိုင်ခြင်းကြောင့် ကမ္ဘာကြီးရဲ့ကျန်းမာရေးကို မြှင့်တင်နိုင်တယ်လို့ သိရပါတယ်။

Ref: asiaone

The post သက်သတ်လွတ်စားတဲ့ ပရိသတ်ကို တသက်တာလက်မှတ် အလကားပေးမယ့် Beyonce နဲ့ Jay-Z appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ