Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဝေဠုကျော်ရဲ့အမှု နှစ်ဖက်ရှေ့နေ သဘောတူညီမှုဖြင့် အမှုစစ်ဆေးရန် ရက်ရွေ့ဆိုင်း

$
0
0

ကာမလိမ်လည်မှုဖြင့် အလှမယ် သင်းသင်းက တရားစွဲဆိုထားသော အမှုရဲ့ ဒုတိယအကြိမ်မြောက် ရုံးချိန်းမှာတော့ အမှုကို စတင်စစ်ဆေးရန် ချိန်းဆိုထားခဲ့သော်လည်း တရားသူကြီး အပြောင်းအရွေ့ ရှိတာကြောင့် နှစ်ဖက်ရှေ့နေများရဲ့ သဘောတူညီချက်ဖြင့် ဒီကနေ့ ရုံးချိန်မှာတော့ အမှု မစစ်ဆေးဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

“တရားသူကြီး အပြောင်းအရွေ့ရှိတော့ စစ်ဆေးမယ်ဆိုရင်လည်း ဆုံးအောင်စစ်လို့ မရဘူး။ နောက် တရားသူကြီး လာတဲ့အခါကျတော့ စွပ်စွဲခံရသူဘက်က အစကပြန်စစ်ပေးပါဆိုရင် အခက်အခဲ ဖြစ်မယ်။ ဒါကြောင့် နှစ်ဖက်ရှေ့နေတွေက တင်ပြလိုက်တယ်။ နှစ်ဖက်ရှေ့နေ သဘောတူညီချက်နဲ့ အမှုကို ၁၉ ရက်နေ့မှာ စစ်ဆေးဖို့အတွက် ရွေ့ဆိုင်းလိုက်တယ်။ နောက် ဆက်ခံမယ့် တရားသူကြီးကလည်း မကြာခင် ရက်ပိုင်းမှာ ရောက်တော့မှာပါ”လို့ တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

တရားလို ရှေ့နေ ဦးရောဘတ်စမ်းအောင် (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

ဒီကနေ့မှာ ချိန်းဆိုထားခဲ့တဲ့ ဒုတိယရုံးချိန်းကိုတော့ တရားလိုဖြစ်သူ အလှမယ် သင်းသင်းနဲ့ စွပ်စွဲခံရသူ သရုပ်ဆောင် ဝေဠုကျော်တို့ နှစ်ဖက်စလုံးမှ စုံညီစွာနဲ့ တရားခွင်ကို လာရောက်ခဲ့ကြပါတယ်။

“တရားသူကြီး အပြောင်းအရွေ့ ကျထားလို့ ရုံးချိန်းလိုက်ပါတယ်။ ကျနော့် အလုပ်ကတော့ ဒီအတိုင်းပဲ လုပ်နေရပါတယ်။ တရားရုံးပေါ် ရောက်လာပြီဆိုတော့ အချိန်ပေါ်မှာ မူတည်ပြီးတော့ပဲ အဖြေထွက်လာမှာပါ။ အမှုကိုတော့ အမှန်အတိုင်းပဲ ရင်ဆိုင်သွားမယ်”လို့ သရုပ်ဆောင် ဝေဠုကျော်က ပြောပါတယ်။

ဝေဠုကျော်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ရက်နေ့ ပထမဆုံးအကြိမ်ရုံးချိန်းမှာတော့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ငွေကျပ် သိန်း(၅၀) ဖြင့် အာမခံလျှောက်ထားရယူခဲ့ပြီး ရှေ့နေပါဝါ တင်ခဲ့တာ ဖြစ်ပါတယ်။

အာမခံ ရယူခဲ့တာနဲ့ ပတ်သက်ပြီး တရားလိုရဲ့ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က “အာမခံကတော့ ပေးကို ပေးရမှာ။ ဒီပုဒ်မက မပေးလို့ မရဘူး။ မပေးရင် ဥပဒေကြောင်းအရ မပေးတဲ့ ပုဂ္ဂိုလ်မှာ ဖြေရှင်း ရနိုင်တယ်။ ပေးကို ပေးရမှာပဲ။ ဥပဒေကြောင်းအရ ဆက်သွားမှာပဲ။ တခြားလုပ်စရာအကြောင်း ဘာမှ မရှိဘူး။ Facebook တွေမှာက ဒီလိုပါပဲ။ အကောင့် ၂ မျိုး ၃မျိုးသုံးပြီး တဖက်ကလူကို မြှောက်ပေးလိုက်၊ တဖက်ကလူကို ပုတ်လိုက်နဲ့ လုပ်ကြတယ်” လို့ ပြောပါတယ်။

ဝေဠုကျော်ကိုတော့ သင်းသင်းက ကာမ လိမ်လည်မှုဖြင့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဇန်နဝါရီလ ၈ ရက်နေ့က တရားစွဲဆိုခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ ဝေဠုကျော်ဘက်မှ ငွေကျပ် သိန်း ၅၀ ဖြင့် အာမခံလျှောက်ထားရယူခဲ့တာ ဖြစ်ပါတယ်။ တတိယအကြိမ် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

The post ဝေဠုကျော်ရဲ့အမှု နှစ်ဖက်ရှေ့နေ သဘောတူညီမှုဖြင့် အမှုစစ်ဆေးရန် ရက်ရွေ့ဆိုင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...