Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဟောလိဝုဒ် Walk Of Fame မှာ ကြယ်ပွင့်နဲ့ မှတ်တမ်းတင်ခံခဲ့ရပြီဖြစ်တဲ့ Pink

$
0
0

အဆိုတော် Pink ဟာ ဟောလိဝုဒ်မှာရှိတဲ့ အောင်မြင်မှုလမ်းမ Walk of Fame မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ တုန်းက ကြယ်တပွင့်နဲ့ ဂုဏ်ပြုခံလိုက်ရပြီဖြစ်ပါတယ်။ အဲဒီ့အထူးအခမ်းအနားကို အဆိုတော်နဲ့ သီချင်းရေးဆရာမ Pink နဲ့အတူ ခင်ပွန်း Carey Hart နဲ့ ကလေးနှစ်ဦးတို့ပါ တက်ရောက်ခဲ့ကြပါတယ်။

ဂရမ်မီဆုရှင် အဆိုတော် Pink က “ဒါဟာ အိပ်မက်ဆန်လွန်းပါတယ်။ ကျမဖြတ်သန်းခဲ့ရတဲ့ ဒီအနုပညာ လမ်းကြောင်းမှာ မကြာသေးခင်တုန်းက ပြန်တွေးကြည့်တော့ ခရီးတခုကို ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ ကျမ လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းက ပထမဆုံး အသံသွင်းဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်” လို့ သူ့ရဲ့ ဂုဏ်ပြုပွဲကို တက်ရောက်လာတဲ့ ပရိသတ်ကြီးကို ပြောဆိုခဲ့ပါတယ်။

မအောင်မြင်တဲ့ မိန်းကလေးအဖွဲ့ကနေထွက်တာ၊ မူးယစ်ဆေးစွဲနေတာကို ဖြတ်ပစ်တာလိုမျိုး ဆုံးဖြတ်ချက်ချတာ တွေအပါအဝင် သူ့ရဲ့ ရှည်လျားတဲ့ လမ်းကြောင်းတလျှောက်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားခဲ့ရပုံကိုလည်း ပြောဆိုခဲ့ပါတယ်။

သူက “ကျမ ရရှိလိုတာကို တကယ်ရရှိခဲ့ပါပြီ။ ဒါပေမယ့် ကျမရဲ့ အားသာချက်တွေက ဘာလဲဆိုတာ ကျမအမြဲတမ်း သိနေခဲ့ပါတယ်။ ကျမက လိင်ကိစ္စကို ရောင်းမနေပါဘူး။ ရေမွှေးလည်းမရောင်းပါဘူး။ ကျမက အလှဆုံးလည်း မဟုတ်ပါဘူး။ အတော်ဆုံးလည်း မဟုတ်ပါဘူး။ ကျမက အလုပ်ကြိုးစားတယ်။ လုံလောက်တဲ့ အရည်အချင်းရှိတယ်။ ကျမ လမ်းကြောင်းအတိုင်း ကြိုးစားတယ်။ ရိုကျိုးတယ်”

“ ပြီးတော့ ကျမအနိုင်ရသွားတယ်။ ပြီးတော့ ကျမ တဖန်အားသွင်းရင်း ပြန်အားဖြည့်တယ်။ ပြီးတော့ ကျမအရှုံးမပေးဘူး။ ဒါကြောင့် ကျမသီချင်းခွေတွေ သိပ်မရောင်းရသည့် တိုင် ကျမဖျော်ဖြေပွဲလက်မှတ်တွေကို ရောင်းချနေရဆဲပါ။ နာမည်ကျော်ပြိုင်ပွဲတွေမှာ အနိုင်ရဖို့ မလိုအပ်ပါဘူး။ ကျမက နယ်လှည့်ဖျော်ဖြေတဲ့ အနုပညာရှင်တယောက်ဖြစ်ချင်တာပါ။ ကျမလုပ်ခဲ့တဲ့အရာမှာ အကောင်းဆုံး ဖြစ်ချင်တာပါ။ ပြီးတော့ အသက် ၄၀ နီးပါးနဲ့ ကျမပြောနိုင်တာက ကျမလုပ်ကိုင်ခဲ့တဲ့နေရာမှာ ကျမက တော်တယ်ဆိုတာပါပဲ” လို့ဆိုပါတယ်။

အဲဒီ့ဂုဏ်ပြုပွဲအခမ်းအနားမှာ Ellen DeGeneres နဲ့ ဟာသပညာရှင် Kerri Kenney-Silver တို့လည်း တက်ရောက်ခဲ့ တာကိုတွေ့ရပါတယ်။ Pink ရဲ့ ကြယ်ကတော့ Dolby Theater အရှေ့က Jackie Chan နဲ့ Dwayne “The Rock” Johnson တို့ရဲ့ ကြယ်တွေဘေးမှာ တည်ရှိပါတယ်။

Ref:billboard

The post ဟောလိဝုဒ် Walk Of Fame မှာ ကြယ်ပွင့်နဲ့ မှတ်တမ်းတင်ခံခဲ့ရပြီဖြစ်တဲ့ Pink appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...