Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပထမဆုံး ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်နေတဲ့ မော်ဒယ် နော်ဖောအယ်ထား

$
0
0

လူမှုကွန်ရက် စာမျက်နှာမှာ လှပတဲ့ ဓာတ်ပုံတွေကြောင့် ပရိသတ်အများက သိရှိလာခဲ့တဲ့ မော်ဒယ် နော်ဖော်အယ်ထားကတော့ သရုပ်ဆောင် တယောက်အနေနဲ့ ပထမဆုံး ဇာတ်လမ်းတွဲ ရိုက်ကူးနေပြီလို့ သိရပါတယ်။

“ဓာတ်ပုံလေးတွေကနေ လူတွေသိလာကြပြီးတော့ ကုမ္ပဏီတွေကနေ ကမ်းလှမ်းလာကြတယ်။ ဓာတ်ပုံတွေ ရိုက်ရတယ်။ ကြော်ငြာတွေ ရိုက်ဖြစ်တယ်။ အခုဆိုရင် ညီမရဲ့ပထမဆုံး ထုတ်လွှင့်ပြသမယ့် ဇာတ်လမ်းတွဲကို ရိုက်ကူးနေပါပြီ။ ဧပြီလဆိုရင် ပြီးပါပြီ။ Music Video တွေလည်း ရိုက်ထားတယ်”လို့ နော်ဖောအယ်ထားက ပြောပါတယ်။

အလှဓာတ်ပုံများစွာကို ရိုက်ကူးခဲ့တဲ့ နော်ဖောအယ်ထားကတော့ သရုပ်ဆောင်ရတာဟာ ဓာတ်ပုံ ရိုက်ရတာထက် အများကြီး အခက်အခဲ ရှိပြီး အတွေ့အကြုံတွေလည်း အများကြီးရတယ်လို့ ဆိုပါတယ်။

“အတွေ့အကြုံတွေကတော့ အများကြီးပဲ။ Mood ထည့်ရတာလည်း မတူဘူး။ ဓာတ်ပုံ ရိုက်ရတာလောက် မပေါ့ပါးဘူး။ သရုပ်ဆောင် ရတာက။ ကိုယ်တယောက်တည်းလည်း မဟုတ်ဘူး။ ဘေးမှာရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေကလည်း အများကြီးပါနေတော့ လေ့လာစရာရှိတာ သင်ယူစရာရှိတာ သင်ယူပါတယ်” လို့ နော်ဖောအယ်ထားက ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲထဲမှာ ဘယ်လိုပုံစံနဲ့ သရုပ်ဆောင်ထားလဲ ဆိုတာကိုတော့ “ဇာတ်လမ်းတွဲလေးကတော့ အရမ်းစိတ်ဝင်စားစရာ ကောင်းပါတယ်။ သရုပ်ဆောင်လုပ်မယ်ဆိုတဲ့ အချိန်ကနေစပြီး တခါမှ မစဉ်းစားဖူးတဲ့ ကာရိုက်တာမျိုးပေါ့။ စောင့်ကြည့်ပေးကြပါလို့ ပြောချင်ပါတယ်။ MRTV-4 မှာ အောက်တိုဘာလလောက်ပြဖို့ ခန့်မှန်းထားပါတယ်” လို့ နော်ဖောအယ်ထားက ပြောပါတယ်။

နော်ဖောအယ်ထားရဲ့ ပထမဆုံး ဇာတ်လမ်းတွဲကိုတော့ လက်ရှိ ရိုက်ကူးလျက်ရှိပြီး ဧပြီလလောက်မှာ ပြီးဆုံးကာ အောက်တိုဘာလလောက်မှာ ပြသမယ်လို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံတွေကြောင့် ပရိသတ် သိလာခဲ့တဲ့အတွက် ဓာတ်ပုံတွေ ရိုက်ကူးဖြစ်တဲ့ အကြောင်းကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ဒီအနုပညာလောကထဲ မရောက်ခင်ကတည်းက ဓာတ်ပုံရိုက်ရတာကို အရမ်းဝါသနာ ပါတယ်။ ကင်မရာနဲ့မှ မဟုတ်ဘူး။ ရှိတဲ့ဖုန်းနဲ့ ရိုက်ပြီးတော့ ကြိုက်ရင် တင်လိုက်တာပဲ။ ပုံတွေက တင်ရမယ်ဆိုပြီး ရိုက်ခဲ့တာမဟုတ်ဘူး။ အရင်ကပုံတွေ ပြန်တင်တာလည်း ရှိတယ်။ ဟိုးအရင်ကပုံကို အမှတ်ရသွားလို့ အမှတ်တရ တခုအနေနဲ့ ထားချင်လို့ Facebook မှာ ပြန်တင်တာတွေလည်း ရှိတယ်။ အဲဒါကြောင့် တင်ဖြစ်နေတာပါ”လို့ နော်ဖောအယ်ထားပြောပါတယ်။

The post ပထမဆုံး ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်နေတဲ့ မော်ဒယ် နော်ဖောအယ်ထား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...