Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Aquaman”ရုပ်ရှင်မှ ရေအောက် ဇာတ်ဝင်ခန်းတွေကို သဘောမကျကြောင်း James Cameron ပြော

$
0
0

ဒါရိုက်တာကြီး James Cameron ကတော့ Aquaman ရုပ်ရှင်နဲ့ပတ်သက်လို့ သူ့ရဲ့ ခံစားချက် အစစ်အမှန် တွေကို ပြောကြားခဲ့ပါတယ်။ အဲဒီ ရုပ်ရှင်ကို ကြည့်လိုက်ရတဲ့အခါ သဘောကျနှစ်ခြိုက်ရတဲ့ အကြောင်း ပြောဆိုခဲ့တဲ့ အကယ်ဒမီဆုရ ဒါရိုက်တာကြီးကတော့ လက်တွေ့မဆန်၊ သဘာဝမကျလို့ ရေအောက် ဇာတ်ဝင်ခန်းတွေကိုတော့ မကြိုက်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဒါရိုက်တာကြီး Cameron က ဒါရိုက်တာ James Wan ရိုက်ကူးတဲ့ Aquaman ရုပ်ရှင်နဲ့ ပတ်သက်လို့ “တော်တော်လေး ပျော်ဖို့ကောင်းတယ်လို့ ထင်ပါတယ်။ ဒါ ကျနော် မဖန်တီးနိုင်ခဲ့တဲ့ ရုပ်ရှင်တခုလို့ ထင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဆက်ပြီး ဒါရိုက်တာကြီးက “အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီလိုမျိုးရုပ်ရှင်ကို ကျနော် ဘယ်တော့မှ ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လက်တွေ့ဆန်မှုနဲ့ စိတ်ကူးယဉ်ဆန်မှုကို ချိတ်ဆက်နိုင်ဖို့ လိုအပ်နေပါတယ်။ ဂရိဒဏ္ဍာရီလာပုံစံနဲ့ ရှေးဟောင်း နတ်သမီးပုံပြင် ပုံစံမျိုးပါ”

“ရေအောက်မှာ ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေမှာဆိုရင် သူတို့က အဆင်တော့ ပြေပါတယ်။ ကျနော်က ရေအောက်မှာ အချိန်နာရီ ထောင်နဲ့ ချီပြီး အချိန်ကုန်ခဲ့သူပါ။ ကျနော့်ရဲ့ ရေအောက်အကြောင်းနဲ့ ပတ်သက်လို့ လစ်ဘရယ် ဆန်ပါတယ်။ တကယ်အစစ်ဆိုတာနဲ့ တူဖို့ လိုအပ်ပါသေးတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် ဒီရုပ်ရှင်ဟာ သမုဒ္ဒရာတွေကို ထိန်းသိမ်းဖို့ လိုအပ်နေတယ်တဲ့ အချက်ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပေမယ့် လုံလောက်မှုတော့မရှိဘူးလို့ ဆိုပြန်ပါတယ်။

ဒါရိုက်တာ Cameron က “စကားမစပ်ပြောရရင် ‘Aquaman’ ရုပ်ရှင်ဟာ သမုဒ္ဒရာတွေအကြောင်းနားလည်ပြီး ကျနော်တို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ သမုဒ္ဒရာမှာ စူးစမ်းရှာဖွေဖို့နဲ့ ဝေလငါးတွေလိုမျိုး ရေထဲမှာ ရှိနေတဲ့ အရာတွေကို မြင်တွေ့နိုင်တဲ့အတွက် တော့ ဒီရုပ်ရှင်ကို အားပေးရမှာပါပဲ” လို့ပြောပါတယ်။

“Avatar” ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကို ရေအောက်ထဲမှာ ရိုက်ကူးထားတဲ့ ဒါရိုက်တာ Cameron က နောက်ဆက်တွဲ ရုပ်ရှင်အများအပြားကို ရေအောက်ထဲမှာ ဖန်တီးထားပြီး မတူညီတဲ့ ခံစားချက်မျိုး ရရှိစေမည် ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

Ref: aceshowbiz

The post “Aquaman” ရုပ်ရှင်မှ ရေအောက် ဇာတ်ဝင်ခန်းတွေကို သဘောမကျကြောင်း James Cameron ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...