Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အနုပညာသက်တမ်း နှစ် ၅၀ ပြည့်သွားပြီဖြစ်တဲ့ ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်း

$
0
0

မင်းသားကြီး အမီတာဘဂျမ်းဟာ ဘောလိဝုဒ်လို့ခေါ်တဲ့ အိန္ဒိယရဲ့ ရုပ်ရှင်လုပ်ငန်းမှာ သက်တမ်းနှစ် ၅၀ ကျင်လည်ခဲ့ပြီး ဖြစ်ပါတယ်။ ဆယ်စုနှစ် ၅ ခုတိတိ အထိ အနုပညာနယ်ပယ်ထဲမှာ ဖြတ်သန်းခဲ့ပြီး ဖြစ်ပေမယ့် အခုထိ နာမည်မကျသေးတဲ့ စူပါစတားကြီး အမီတာဟာ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ” Saat Hindustani” ဆိုတဲ့ ရုပ်ရှင်နဲ့ စတင်ခဲ့ပါတယ်။

အခုလိုမျိုး အနုပညာသက်တမ်း နှစ် ၅၀ တင်းတင်းပြည့်တဲ့ နေ့မှာတော့ မင်းသားကြီးရဲ့ ပရိသတ်တွေကနေရာ သားဖြစ်သူ အဘီရှပ်ဘဂျမ်းကပါ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဂုဏ်ပြုတဲ့ သတင်းစကားတွေ ပါးခဲ့ကြပါတယ်။

မင်းသားတဦးလည်းဖြစ်တဲ့ အဘီရှပ်က မနက်ခင်းအချိန်မှာပဲ အခုလိုမျိုး ဆုမွန်ကောင်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက အထူးအောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားကြီး အမီတာ ရဲ့ လူငယ်ပုံစံ ပုံနဲ့အတူ “Icon” လို့ ရေးထားတဲ့ အကျီကို ဝတ်ဆင်ထားတဲ့ ဓာတ်ပုံကို Instagram မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

မင်းသား အဘီရှပ်က “ကျနော့်အတွက်တော့ ရှေ့ဆောင်လမ်းပြကြီးပါပဲ။ အဲဒီထက်လည်း ပိုပါတယ်။ ကျနော့် အဖေ၊ အကောင်းဆုံး သူငယ်ချင်း၊ လမ်းညွှန်ပြသူ၊ အကောင်းဆုံး ဝေဖန်သူ၊ အကောင်းဆုံး ထောက်ပံ့သူ၊ စံထားရတဲ့ အနုပညာရှင်နဲ့ ဟီးရိုးလည်း ဖြစ်ပါတယ်။ ဒီနေ့ ရုပ်ရှင်ခရီးလမ်း သူစတင်ခဲ့တာ နှစ် ၅၀ ပြည့်ပါပြီ။ ဒီနေ့မှာတောင် သူ့ဖန်တီးမှုတွေအတွက် စိတ်အားထက်သန်မှုနဲ့ အချစ်တွေက ပထမဆုံးနေ့မှာလို ဖြစ်နေတုန်းပဲ ဆိုတာ အသေချာပြောရဲပါတယ်။ ချစ်ရတဲ့အဖေရေ”

“ဒီနေ့ သားတို့ ဖေဖေ့ကိုရော၊ ဖေဖေ့ရဲ့ ကျွမ်းကျင်မှုကိုရော၊ စိတ်အားထက်သန်မှုကိုရော၊ ထက်မြက်မှုကိုရော၊ ထူးခြားတဲ့ လွှွမ်းမိုးမှုကိုရော ဂုဏ်ယူပါတယ်။ နောက်ထပ် နှစ် ၅၀ လောက်မှာလည်း ဘာတွေကို ဆောင်ကျဉ်းလာဦးမလဲဆိုတာ သိဖို့ မစောင့်နိုင်တော့ပါဘူး”လို့ ရေးသားခဲ့ပါတယ်။

မင်းသားကြီး အမီတာရဲ့ သမီး ရွှေတာနန္ဒာက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဖခင်ကို ဂုဏ်ပြုစကားပြောတဲ့ GIF ဖိုင်တခုကို တင်ခဲ့ပါသေးတယ်။ အဲဒီ ပို့စ်ကို ဖခင်ကြီး အမီတာက Twitter မှာ ပြန်လည်မျှဝေခဲ့ပြီး ကျေးဇူးတင်တဲ့ အကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

Saat Hindustani ရုပ်ရှင်နဲ့ ဘောလိဝုဒ်အနုပညာခရီးလမ်းကို စတင်ခဲ့တဲ့ မင်းသားကြီးဟာ Sholay, Deewaar, Zanjeer, Coolie, Silsila, Abhimaan, Don နဲ့ Amar Akbar Anthony တို့လိုမျိုး ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Black, Mohabbatein, Paa, Piku, Baghban နဲ့ Sarkar တို့လိုမျိုးဝင်ငွေကောင်းတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။

အသက် ၇၆ နှစ်အရွယ် မင်းသားကြီးဟာ အခုအထိ အနုပညာအလုပ်တွေကို မရပ်တန့်သေးပါဘူး။ ၂၀၁၈ ခုနှစ်မှာ သူဟာ 102 Not Out နဲ့ Thugs of Hindostan ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ မကြာမီထွက်ရှိလာမယ့် Badla နဲ့ Brahmastra ရုပ်ရှင်တွေမှာလည်း ပါဝင်ထားပါတယ်။

Ref: indianexpress

The post အနုပညာသက်တမ်း နှစ် ၅၀ ပြည့်သွားပြီဖြစ်တဲ့ ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...