အဆိုတော် ဘာဘူနဲ့ ဇနီးဖြစ်သူတို့ဟာ ချစ်သူများနေ့ကို ဖြတ်သန်းလာတာ ယခုနှစ်နဲ့ဆို ၁၄ ကြိမ်မြောက် ရှိပြီလို့ ဧရာဝတီကို ဆိုပါတယ်။ ချစ်သူဘဝ၊ အိမ်ထောင်ရှင်ဘဝနဲ့ Valentine’s Day ကို အတူတူ ၁၄ ကြိမ် ဖြတ်သန်းနိုင်ခဲ့တဲ့ အပေါ်မှာလည်း အဆိုတော် ဘာဘူက အခုလို ပြောပါတယ်။
“အဓိကကတော့ နားလည်မှုပဲ။ နားလည်မှုဆိုတာကလည်း တယောက်နဲ့ တယောက် လူညီတာပေါ့။ အကြိုက်တူတာပေါ့။ အကြိုက်ကလည်း အကုန်တူတာတော့ မဟုတ်ဘူး။ မတူတဲ့နေရာလည်း မတူဘူး။ ဒါပေမယ့် အဲဒီမတူတာက ပြဿနာမရှိဘူး။ ကျနော်တို့အတွက်ကျတော့ အကြိုက်တူတာလည်း ကျနော်တို့အတွက်ကောင်းတယ်။ အကြိုက်မတူတာလည်း ကျနော်တို့အတွက် ကောင်းတယ်လို့ သဘောထားနိုင်တယ်။လူညီတယ် ပေါ့နော်”လို့ အဆိုတော် ဘာဘူက ပြောပါတယ်။
ဘာဘူရဲ့ဇနီးအဂျီးကလည်း ၁၄ ကြိမ်မြောက် အမှတ်တရနဲ့ ပတ်သက်ပြီး သူရဲ့ခံစားချက်ကို အခုလို ဆိုပါတယ်။
“အရင်တုန်း ကြိုက်ခါစအချိန်ကတော့ အဲဒါကို နည်းနည်းလေး အရေးပေးခဲ့တယ်။ အခု အိမ်ထောင်သက် ကြာသွားတဲ့ အချိန်မှာတော့ သိပ်အရေးမကြီးတော့သလို ခံစားရတယ်။ နေ့စဉ်နေ့တိုင်း စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွင်ရွင်နဲ့ ဖြတ်သန်းနေရတာကိုက Everyday Valentine။ အဲဒါကို ပိုပြီးတန်ဖိုးထားလာတယ်။ ဒီ Special တရက်တည်းလည်း မဟုတ်တော့ဘူးလေ”
“အိမ်ထောင်သက်တမ်းမှာကျတော့လေ Daily ပျော်ရွှင်မှုက အရေးကြီးတဲ့အတွက် နှစ်ယောက်စလုံးက အဲဒီလိုမျိုးဖြစ်အောင် ပြောင်းလဲပေးရတယ်ပေါ့။ ကြိုးစားပြီးနေတယ်ပေါ့။ အဲဒီအတွက် ဒီလို Special လေးတွေက ကိုယ့်အတွက်တော့ သိပ်ပြီးတော့ အရေးမကြီးတော့သလို ခံစားရတယ်”လို့ ဘာဘူရဲ့ ဇနီးဖြစ်သူ အဂျီးက ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး အဂျီးက “Valentine’s Day ကတော့ တနှစ်ထက် တနှစ်တော့ မရိုးဘူးပေါ့။ ပုံစံ မတူဘူးပေါ့။ သွားတဲ့နေရာတွေကလည်း မတူဘူး။ တနှစ်နဲ့ တနှစ် Celebration လုပ်တာ သူငယ်ချင်းတွေလည်း ပါတဲ့နှစ် ပါသလို မပါတဲ့နှစ်လည်း မပါဘူးပေါ့။ ဒီနှစ်တော့ အခုလိုအင်တာဗျူးပါ ဖြေရတာ အမှတ်တရပေါ့” လို့ ဆိုပါတယ်။
အဆိုတော် ဘာဘူနဲ့ ဇနီးဖြစ်သူ အဂျီးတို့က ဒီနှစ် ချစ်သူများနေ့မှာတော့ ထူးထူးခြားခြား “စန်းသော်တာ” စိန်ရွှေရတနာဆိုင်က Customer များကို Valentine ကံစမ်းမဲဖောက်ပေးခဲ့ရာမှာ ဝယ်ယူအားပေးသူ Customer များထဲမှ အဆိုတော် ဘာဘူတို့ ဇနီးမောင်နှံက ကံထူးသွားခဲ့တဲ့အတွက် အမှတ်တရလက်ဆောင်များလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
The post “ချစ်သူများနေ့”ကို ဖြတ်သန်းခဲ့တာ ၁၄ နှစ်ရှိပြီ ဖြစ်တဲ့ အဆိုတော် ဘာဘူနဲ့ ဇနီး appeared first on ဧရာဝတီ.