Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သူငယ်ချင်းဖူးစုံကို အိမ်ထောင်မပြုစေချင်သေးတဲ့ သရုပ်ဆောင် သက်မွန်မြင့်

$
0
0

သရုပ်ဆောင် သက်မွန်မြင့်က သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ဖူးစုံကို အိမ်ထောင်မပြုစေချင်သေးဘူးလို့ မီဒီယာတွေကို ဆိုပါတယ်။

“ ဖူးစုံကို အိမ်ထောင်မပြုစေချင်သေးဘူး။ ဒီတိုင်းပဲ နေစေချင်တယ်။ တယောက်တည်း ဖြစ်တဲ့အခါကျတော့ ကိုယ့်စိတ်နဲ့ကိုယ် ၊ ကိုယ့်ဘဝကို ကိုယ် ကိုယ့်လက်ထဲမှာ ကြိုက်သလို ဆေးခြယ်လို့ ရတယ်။ နှစ်ဦးနှစ်ဖက် ပေါင်းပြီးဆိုရင် ကိုယ့်တယောက်တည်း သဘောဆန္ဒမဟုတ်တော့ဘူး။ ညှိနှိုင်းရတာတွေ ရှိတယ်။ နားလည်မှုတွေ ယုံကြည်မှုတွေ အများကြီး တည်ဆောက်ရတယ်။ နှစ်ယောက်က လက်တွဲညီညီနဲ့ လျှောက်လှမ်းနိုင်တယ်ဆိုရင်တော့ စိတ်ချမ်းသာ စရာပေ့ါ”

“ အဲ့လိုမဟုတ်ဘဲ ကိုယ်မျှော်လင့်သလို ဖြစ်မလာဘူးဆိုရင် စိတ်ပင်ပန်းရမယ်။ သူတို့ကို အပူတွေနဲ့ဝေးရာ ဒီတိုင်းပဲ နေလို့ပြောတာ။ အပြင်မှာ သူငယ်ချင်းတွေ ဆုံမယ်ဆိုရင်လည်း အိမ်ထောင်ရှိတဲ့ ကိုယ်က အကြောင်းပြချက်တွေ များတယ်။ ယောကျာ်းရုံးပြန်လာတော့မှာ၊ ကလေးက ဘာဖြစ်လို့ရှိတယ်။  သူတို့ကျတော့ နင်တို့ ထွက်ခဲ့လိုက်လို့ ပြောလိုက်ရင် ချက်ချင်းရောက်လာတယ်လေ။ အဲ့ဘဝကလေ ပိုပြီးအေးချမ်းတယ်ပေ့ါလေ” လို့ သက်မွန်မြင့်က ဆိုပါတယ်။

သူငယ်ချင်းများ မကြာခဏစုပြီး ခရီးထွက်ဖြစ်နေပြီး ခရီးထွက်ရတဲ့ ခံစားချက်ကိုလည်း သက်မွန်မြင့်က အခုလိုဆိုပါတယ်။

“ ခရီးထွက်လိုက်တာ အရမ်းရင်းနှီးပြီး အချစ်တွေပိုတိုးလာပြီး ခရီးတခုမဆုံးသေးဘူး။ နောက်ခရီးအတွက် ပြင်ဆင်နေပြီ။ ခရီးကနေပြန်လာလို့ နှစ်ရက်လောက်နေရင်ကို လွမ်းနေကြပြီ။ ပိုပြီးစည်းလုံးပိုချစ်လာကြတယ်” လို့ သက်မွန်မြင့်က ပြောပါတယ်။

သရုပ်ဆောင်ဖူးစုံကလည်း အိမ်ထောင်ဖက်နဲ့ ပတ်သက်ပြီး ရွေးချယ်နေတာအတော်ကြာပြီး သူငယ်ချင်းတွေနဲ့ ခရီးသွားရတာ ပိုပြီးသဘောကျနေကြောင်းဆိုပါတယ်။

“ရွေးချယ်နေလာဆိုတော့ ဖူးစုံက ရွေးချယ်ချိန်တောင်ကျော်နေပါပြီ။ သူတို့အိမ်ထောင်မပြုစေချင်ဘူး။ ဒီတိုင်းပဲနေတဲ့ သူတို့ခေါ်တဲ့အချိန်လာလို့ရအောင်တဲ့။ လူအကြောင်းခရီးထွက်ဖူးရင် သိတယ်ပေါ့။ ဖူးစုံတို့ ခရီးထွက်လိုက်တာပိုပြီး ဂရိုစိုက်တာလေးတွေ ပိုဖြစ်လာကြတယ်။ သူငယ်ချင်းထက် ညီအမတွေလိုဖြစ်ကြတယ်”လို့ ဖူးစုံကပြောပါတယ်။

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပြီး မိသားစုဘဝလေးကိုလည်းပျော်ရွှင်စွာဖြတ်သန်းနေတာလည်းဖြစ်ပါတယ်။

ဖူးစုံဟာလည်း အနုပညာအလုပ်တွေ လုပ်ကိုင်နေသလို ချစ်စရာ တူမလေး နဲ့ လည်း အနုပညာအလုပ်တွေ တူတူတွဲဖက် လုပ်ကိုင်နေပါတယ်။

The post သူငယ်ချင်းဖူးစုံကို အိမ်ထောင်မပြုစေချင်သေးတဲ့ သရုပ်ဆောင် သက်မွန်မြင့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...