Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သေနတ်ကိုင်ချင်ရင် တော်လှန်ရေးကားရိုက် ဆိုတာနဲ့ တော်လှန်ရေးကားတွေ ရိုက်ကြတယ်”

$
0
0

အက်ရှင်ကားများ အများဆုံး ရိုက်ကူးလေ့ရှိပြီး နယ်ကြိုက် မင်းသားတလက်ဖြစ်တဲ့ သရုပ်ဆောင် နေထက်လင်းက ပြည်ပနိုင်ငံမှ အက်ရှင်ကားတွေ မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး အိပ်နေတဲ့ အနုပညာလောကကြီးတခုလုံးကို လှုပ်နှိုးလိုက်သလိုပဲလို့ ဧရာဝတီကို ဆိုပါတယ်။

“လတ်တလောမှာတော့ ကိုစတီးလ်နဲ့ ရိုက်ထားတာ ရှိတယ်။ ကျနော် Line Walker ဇာတ်ကား ရိုက်ကူးမှုတွေကိုလည်း ကျနော် သွားရောက် လေ့လာဖြစ်ပါတယ်။ အားရပါတယ်။ ကျေနပ်ပါတယ်။ အိပ်နေတဲ့ အနုပညာလောကကြီးတခုလုံးကို လှုပ်နှိုးလိုက်သလိုပဲ။ ကျနော်တို့ဆီက အနုပညာရှင်တွေရော ထုတ်လုပ်သူတွေရော သွားကြည့်သင့်တယ်။ ကျနော် ထင်တာတော့ အနည်းစုပဲ တွေ့တယ်။ သိပ်မတွေ့ရဘူး၊ နည်းနည်းမာနတွေ ကြီးနေသလားလို့”လို့ နေထက်လင်းက ပြောပါတယ်။

“မြန်မာတွေက ကြောက်တယ်။ အဲ့တော့ အဲ့ကြောက်ခြင်းတွေနဲ့ပဲ နေခဲ့ကြရတယ်။ ကျနော်တို့ အရင်တုန်းက သေနတ်အတု ပေးမကိုင်ဘူး။ ဆင်ဆာဖြတ်၊ ဆံပင်ရှည်ရင် ဖြတ်။ မင်းတို့ သေနတ်ကိုင်ချင်ရင် တော်လှန်ရေးကားရိုက် ဆိုတာနဲ့ ကျနော်တို့လည်း တော်လှန်ရေးကားတွေ ရိုက်ကြတယ်။ အဲ့ တော်လှန်ရေးမင်းသားတွေဆိုပြီး အပြောခံရတယ်။ တော်တော် ရှက်စရာကောင်းတယ်”

“ညီလေးတယောက် ရိုက်သွားတဲ့ Gangster ဆိုလည်း ဆင်ဆာမပေးဘူး။ အဲ့လို မပြောနဲ့လေ။ မြန်မာနိုင်ငံမှာ မရှိဘူးတဲ့၊ မြန်မာနိုင်ငံမှာရှိမှ ရိုက်ရမှာလား။ အက်ရှင်ကို အထင်မသေးပါနဲ့ အက်ရှင်က ကမ္ဘာကိုဖောက်လို့ ရတယ်။ ပြောတာတွေကို နားမထောင်တော့ ကျနော်တို့ ဝမ်းနည်းခဲ့တယ်။ ကျနော်တို့ အက်ရှင် မင်းသားတွေဆို လူတွေက အထင်သေးကြတယ်။ လုပ်ကြည့်ပါ တကယ်ဝင်ပြီး သရုပ်ဆောင်ကြည့်ပါ” လို့ နေထက်လင်းက ပြောပါတယ်။

ဆက်လက်ပြီးသူက “မျက်ရည်လူတိုင်း ကျအောင် လုပ်လို့ရတယ်။ အက်ရှင်ကတော့ လူတိုင်းမလုပ်နိုင်ဘူးနော်။ အနစ်နာခံရတာတွေ ချည်းပဲ။ Drama က လုပ်ရတာ လွယ်တယ်။ အက်ရှင်ကားက ခက်ပါတယ်။ ကျနော်တို့ ပရိသတ်တွေ ရင်ခုန်ခံစားနိုင်အောင် အက်ရှင် ဇာတ်ကားတွ ရိုက်ပြနေတာလေ။ နှာခေါင်းဇာတ်ကားတွေ ရိုက်ပြနေတာမဟုတ်ဘူး”လို့ နေထက်လင်းက ပြောပါတယ်။

အကယ်ဒမီပေးပွဲကို မတက်ဖြစ်တာ နှစ်ပေါင်း ၂၇ နှစ် ရှိပေမယ့် မကြာခင်ပြုလုပ်မယ့် အကယ်ဒမီပေးပွဲမှာတော့ ရွှေကြိုအနေနဲ့ သားဖြစ်သူ ထက်လင်းအောင် (ခ) တုံတုံက အကယ်ဒမီပေးပွဲမှာ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

“ကျနော် အကယ်ဒမီပေးပွဲ စည်းကမ်းချက်တွေများရင် မတက်ပါဘူး။ ပြီးခဲ့တဲ့ နှစ်ကလည်း စည်းကမ်းချက်တွေများလို့ မပေးဘူးလို့ ပြောသွားတယ်။ ဒီနှစ်လည်း ဘယ်လို စည်းကမ်းချက်တွေရှိမလဲ မသိဘူး။ သူတို့လည်း ဘယ်လို အခက်အခဲတွေရှိလည်း မသိဘူး။ ဖိတ်ရင်တော့ ဒီနှစ် သွားမယ်။ ကျနော် အကယ်ဒမီမတက်ဖြစ်တာ ၁၉၉၂ ကတည်းက ၂၇ ခုနှစ်လောက် ရှိပြီထင်တယ်”

“သားတယောက်ကတော့ ဒီနှစ်တော့ ရွှေကြိုမှာပါပါမယ်။ အခုတော့ သားလည်းပျော် နေပါတယ်။ ကျနော်သားလေးကို ရွေးချယ်ပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ”လို့ နေထက်လင်းက ပြောပါတယ်။

နေထက်လင်းဟာ အက်ရှင်ကားတွေနဲ့ အနုပညာ လမ်းကြောင်းမှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသား တယောက်ပါ။ ကိုယ်တိုင် ထိခိုက် အနာတရခံပြီး အက်ရှင်ပေါ် ရူးသွပ်တဲ့မင်းသား တယောက်ဖြစ်သလို နယ်ပရိသတ်တွေ ချစ်ခင် အားပေးကြတဲ့ မင်းသားတယောက်ဆိုလည်း မမှားပါဘူး။ ဆယ်စုနှစ်တစုကြာအောင် အနုပညာလောကမှာ လျှောက်လှမ်းခဲ့သလို ခုချိန်ထိလည်း ပရိသတ်ရင်ထဲ စွဲထင်နေဆဲ ဖြစ်တဲ့ နာမည်ကျော် မင်းသားတလက် ဖြစ်နေဆဲပါ။

The post “သေနတ်ကိုင်ချင်ရင် တော်လှန်ရေးကားရိုက် ဆိုတာနဲ့ တော်လှန်ရေးကားတွေ ရိုက်ကြတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...