Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အကယ်ဒမီနဲ့ လွဲချော်ခဲ့ရင်တောင် ပရိသတ်နဲ့ ယုံကြည်မှုတည်ဆောက်နေမှာပါလို့ နေတိုးပြော

$
0
0

ထပ်ဆင့်အကယ်ဒမီရရှိထားပြီးဖြစ်တဲ့ နေတိုးကတော့ ယခုနှစ်မှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများလည်း ပါဝင်နေတဲ့အတွက် ပရိသတ်များက အကယ်ဒမီရင်ခုန်ပေးနေကြတဲ့အပေါ်မှာ ပြည့်ဝပါစေလို့ ဆုတောင်းပေးတယ်လို့ ပြောပါတယ်။

“အကယ်ဒမီအတွက်ရင်ခုန်ပေးကြတာကျေးဇူးတင်ပါတယ်။ မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေလည်း ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီနှစ်က ကျနော့်အနေနဲ့ ပါဝင်တဲ့ဇာတ်ကားကလည်းများတယ်ဆိုတော့ ကျနော့်ပရိသတ်တွေ ကတော့ မျှော်လင့်ကြတယ်။ မျှော်လင့် ချက် နည်းနည်းပဲရှိတဲ့နှစ်တွေလည်း မျှော်လင့်ခဲ့ကြတယ်။ များတဲ့နှစ်တွေမှာလည်း မျှော်လင့်ပေးကြ တယ်။ ကျနော့်အနေနဲ့ မျှော်လင့်ချက်တွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်။ တကယ်လို့မပြည့်ဝဘူးဆိုရင်လည်း ပရိသတ်အတွက် အမြဲတမ်းကြိုးစားနေပါတယ်” လို့နေတိုးက ပြောပါတယ်။

ယခုနှစ်အတွက် အကယ်ဆန်ခါတင်ရွေးချယ်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ၂၅ကားထဲတွင် နေတိုးပါဝင်သရုပ်ဆောင် ထားတဲ့ “မုန်းစွဲ” နှင့် “လရောက်ဖြာတဲ့အင်းလေးမှာ” ဇာတ်ကားထဲမှ ဇာတ်ရုပ်များမှာ အားကောင်းနေတာကြောင့် အကယ်ဒမီရလိမ့်မယ်လို့ သူ့ရဲ့ပရိသတ်များကတော့ မျှော်လင့်နေကြပါတယ်။

အဲဒီအတွက်ကြောင့် နေတိုးရဲ့ ရင်အခုန်ရဆုံးနှစ်လို့ ပြောလို့ရမလားဆိုတာကိုတော့ “ရင်ခုန်မှုအများဆုံးလို့တော့ ပြောလို့မရပါဘူး။ ကျနော်ရိုက်ခဲ့တဲ့ ဇာတ်ကားတွေတော်တော်များများကတော့ ပရိသတ်ဆီကို ထူးထူးခြားခြားနဲ့ ရောက်သွားစေချင်တဲ့ရည်ရွယ်ချက်နဲ့ပဲရိုက်ခဲ့တာပေါ့။ ဒီဇာတ်ကောင်တွေကိုမှ အကဲဖြတ်အဖွဲ့က အကယ်ဒမီ ရသင့်တယ်လို့ဆုံးဖြတ်ရင်တော့ ရမှာပေါ့နော်။ တကယ်လို့အလွဲလွဲအချော်ချော်နဲ့ မရခဲ့ရင်လည်း ကျနော်နဲ့ ပရိသတ်ကြားက ယုံကြည်မှုကတော့ အမြဲတမ်းတည်ဆောက်နေမှာပါ” လို့ပြောပါတယ်။

ထပ်မံပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ရုံမတင်ရသေးတဲ့ ဇာတ်ကားများစွာ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

“ရုံတင်တာနဲ့ ပတ်သက်ပြီးတော့ ရုံရှင်တွေရဲ့ရွေးချယ်မှုပေါ်မှာ မူတည်ပါတယ်။ ကျနော့်ဇာတ်ကားတွေက အဆင်သင့်ရှိနေတာကတော့ ၇ကား ၈ကားလောက်ကတော့ အဆင်သင့်ရှိတယ်ပေါ့။ ဒါပေမယ့်ရုံတင်တဲ့အချိန်မှာ တကားပြီးတကားဖြစ်မလား။ ခြားခြားပြီးဖြစ်မလားတော့ မသိပါဘူး” လို့နေတိုးကပြောပါတယ်။

နေတိုးကတော့ “မာမီရှိန်း” ၊ “ဇော်က ကနေသည်။” ရုပ်ရှင်ဇာတ်ကားများဖြင့် အကယ်ဒမီရရှိထားပြီး မကြာခင်မှာ နောက်ထပ် အကယ်ဒမီရရှိမလားဆိုတာကိုတော့ ရင်ခုန်နေဆဲပဲဖြစ်ပါတယ်။

The post အကယ်ဒမီနဲ့ လွဲချော်ခဲ့ရင်တောင် ပရိသတ်နဲ့ ယုံကြည်မှုတည်ဆောက်နေမှာပါလို့ နေတိုးပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...