နာမည်ကျော် တောင်ကိုရီးယားမင်းသား ပတ်ဘိုဂွန်းဟာ မင်းသား ဂေါင်ယိုးနဲ့အတူ ရုပ်ရှင်အသစ်တခုမှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။ မတ်လ ၄ ရက်နေ့မှာပဲ မင်းသား ပတ်ဘိုဂွန်းဟာ မကြာမီရိုက်ကူးတော့မယ့် “Seo Bok” လို့မည်ရတဲ့ ရုပ်ရှင်ရှင်မှာ ပါဝင်တော့မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီ့ရုပ်ရှင်ကမ်းလှမ်းချက်ကို သူကစဉ်းစားနေခဲ့တယ်လို့ ကနဦးသတင်းတွေထွက်ခဲ့ပြီးသားပါ။
ဒါဟာ မင်းသား ပတ်အတွက်တော့ “Chinatown” ဆိုတဲ့ ရုပ်ရှင်ပြီးတဲ့နောက် လေးနှစ်အတွင်း ပထမဆုံး ပြန်လည်ရိုက်ကူးတဲ့ရုပ်ရှင်ဖြစ်ပြီး အခုရုပ်ရှင်အသစ်မှာတော့ မင်းသား ဂေါင်ယိုးနဲ့အတူ ပါဝင်မှာ ဖြစ်ပါတယ်။
“Seo Bok” ရုပ်ရှင်ကတော့ ကမ္ဘာ့ပထမဆုံး လူသားကိုယ်ပွား Seo Bok ကိုထောက်လှမ်းရမယ့် ထောက်လှမ်းရေး အေးဂျင့်ဟောင်း Ki Heon (ဂေါင်ယိုး) ရဲ့ ဇာတ်ကြောင်း ဖြစ်ပြီး သူဟာ အဲဒီ့လူသား ကိုယ်ပွားကို ပိုင်ဆိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားကြတဲ့ အင်အားစုတွေပါဝင်တဲ့ အန္တရာယ်ကြီးတဲ့ ဖြစ်ရပ်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။
မင်းသား ပတ်ဟာ အဲဒီ့ရုပ်ရှင်မှာ ပထမဆုံးလူသားကိုယ်ပွား Seo Bok အဖြစ် ပါဝင်မှာဖြစ်ပါတယ်။ ဒါဟာ လူသားကိုယ်ပွားနဲ့ ပတ်သက်တဲ့ ပထမဆုံးကိုရီးယားရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို “Architecture 101” ဒါရိုက်တာ Lee Yong Joo က ရိုက်ကူးမှာဖြစ်ပြီး ပရိသတ်တွေကတော့ အထူးမျှော်လင့်စောင့်စားနေကြ တယ်လို့ ဆိုပါတယ်။
သရုပ်ဆောင်ကောင်းတဲ့ မင်းသား ဂေါင်ယိုးနဲ့ ပတ်ဘိုဂွန်းတို့ရဲ့ တွဲစပ်မှုကြောင့် ဇာတ်လမ်းက ရသတမျိုးပိုပေးနိုင်ဦးမှာပါ။ “Seo Bok” ရုပ်ရှင်ကို လာမယ့် ဧပြီလမှာ စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။
Ref:soompi
The post ကိုယ်ပွားလူသားရုပ်ရှင်တွင် မင်းသား ဂေါင်ယိုးနှင့်အတူ ပါဝင်မည်ဟု ပတ်ဘိုဂွန်းအတည်ပြု appeared first on ဧရာဝတီ.