Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သီချင်းအသစ်နဲ့အတူ ပရိသတ်ရှေ့ပြန်လည်ရောက်ရှိလာတဲ့ Jonas Brothers အဖွဲ့

$
0
0

၂၀၀၅ ခုနှစ်မှာ ညီအစ်ကို သုံးယောက်နဲ့ ဖွဲ့စည်းခဲ့တဲ့ Jonas Brothers အဖွဲ့ဟာ Pop Rock သီချင်းတွေကို သီဆိုပြီး နာမည်ကျော်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ အဖွဲ့လိုက်သီချင်းလုပ်တာတွေကို ရပ်တန့်ခဲ့ပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ အဖွဲ့ဝင်ဟောင်းသုံးယောက်ဟာ အဖွဲ့ကို ပြန်လည်ပူးပေါင်းတော့ မှာ ဖြစ်တယ်လို့ ပရိသတ်တွေကို ကြေညာခဲ့ပါတယ်။ အဲဒီနေ့ရဲ့ ညမှာပဲ သီချင်းအသစ်တပုဒ်ကို ထုတ်ခဲ့တယ်လို့ သိရပါတယ်။ ထွက်ရှိတာလာတဲ့ သီချင်းရဲ့ နာမည်ကိုတော့ “Sucker” လို့ ပေးထားပြီး သီချင်းတဲ့ MTV မှာ သူတို့ညီအစ်ကို သုံးယောက်ရဲ့ ဇနီးတွေ ဖြစ်တဲ့ Priyanka Chopra Jonas, Sophie Turner နဲ့ Danielle Jonas တို့က ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Jonas Brothers အဖွဲ့

သီချင်းနဲ့ ပတ်သက်ပြီး Joe Jonas က “ ကျနော်တို့ မိသားစုလိုက်ကြီး အင်္ဂလန်မှာ ဒီသီချင်းကို ရိုက်ရတဲ့ အတွက် ပျော်ရပါတယ်။ မိသားစုစုံညီပွဲကြီးတခုလိုပါပဲ” လို့ သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ တင်ထားပါတယ်။

သူတို့တွေ ပြန်ပြီး ပေါင်းတော့မယ့် အကြောင်းကို James Cordons ရဲ့ Carpool Karaoke မှာ ပြောခဲ့ပြီး ပရိသတ်တွေ မသိအောင် စုစည်းပြီး အလုပ်လုပ်နေတာ ၈လလောက်ရှိပြီလို့ သူတို့က ပြောပါတယ်။

Jonas Brothers အဖွဲ့

သူတို့သုံးယောက်ဟာ Disney Channel ရဲ့ “Camp Rock” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲနဲ့ ကမ္ဘာကျော်လာခဲ့သူတွေဖြစ်ပြီး မိန်းကလေးပရိသတ် အမြောက်အများကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ငါးနှစ်ကြာ ဝေးကွာနေပြီးမှ အခုလို အဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး သီချင်းအသစ် ထွက်လာတဲ့ အတွက်လည်း ပရိသတ်တွေက အရမ်းကို ပျော်ရွှင်နေကြပါတယ်။

Ref;cnn

The post သီချင်းအသစ်နဲ့အတူ ပရိသတ်ရှေ့ပြန်လည်ရောက်ရှိလာတဲ့ Jonas Brothers အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles