Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အကယ်ဒမီပေးပွဲမှာ ဧည့်သည်လူဦးရေ ၃ ထောင်ခန့် ဖိတ်ကြားနိုင်အောင် ကြိုးစားမယ်”

$
0
0

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို မတ်လ ၂၃ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ်ရှိ The One Entertainment Park မှာပြုလုပ်သွားမှာဖြစ်ပြီး ဧည့်သည်လူဦးရေ ၃ထောင်ခန့်ဖိတ်ကြားနိုင်အောင် ကြိုးစားသွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။

“မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ယူပြီး လုပ်စဉ်ကတည်းက အကုန်လုံးကို ဖိတ်နိုင်အောင် တာဝန်ယူပြီး လုပ်ခဲ့ကြပါတယ်။ ပြည်သူ့ရင်ပြင်မှာလုပ်ခဲ့တုန်းကလည်း ဧည့်သည် ၂၆၀၀ ၊ မနှစ်တုန်းကလည်း ၃၀၀၀ အထိ ရအောင် ဖိတ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ၃၀၀၀ လောက် ဖိတ်နိုင်အောင် ကြိုးစားပါမယ်”

“အဲဒီ ၃၀၀၀ မှာဆိုရင် ကျနော်တို့ လောကသားတွေပဲမဟုတ်ဘဲ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ကျနော်တို့နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ ဒီပွဲကြီးကို စပွန်ဆာပေးတဲ့သူတွေကို အချိုးကျခွဲပေးရတာရှိတယ်ဆိုတော့ ကျနော်တို့ ရနိုင်တဲ့ အရေအတွက်ဟာ ၂၆၀၀ ပဲရှိပါတယ်။ လောကသားအားလုံးကို ဖိတ်နိုင်ဖို့ကတော့ လုံးဝမ ဖြစ်နိုင်ပါဘူး။ ၁၀လွှာရှိတယ်ဆိုတော့ ၁လွှာကို ၂၆၀ နှုန်းပဲဖိတ်ကြားဖို့ရှိပါတယ်” လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင် ၄၅၀၀ ရှိတဲ့အနက် သက်ကြီးဝါရင့်အနုပညာရှင်ကြီးများ ၊ ယခင်က အကယ်ဒမီ ထူးချွန်ဆုရရှိခဲ့သော အနုပညာရှင်၊ အတတ်ပညာရှင်များ ၊ နှစ်တနှစ်အတွင်း အကယ်ဒမီ စာရင်းဝင် ဇာတ်ကားထဲတွင် ပါဝင်သော အနုပညာရှင်များကို ဦးစားပေးအနေနဲ့ ဖိတ်ကြားပြီး ကျန်ရှိတဲ့အရေအတွက်ကိုတော့ ဝါစဉ်အလိုက် ဖိတ်ကြားရတာကြောင့် နေရာအခက်အခဲ ရှိတဲ့အတွက် လူတိုင်းကိုဖိတ်ကြားနိုင်ဖို့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“ဒီနှစ်မှာဆိုရင် ၈၃ ကား ပါဝင်လာတာကြောင့် ၈၃ကားမှာပါဝင်တဲ့ဇာတ်ပို့ဇာတ်ရံချည်းပဲကို အယောက် ၅၀၀ ကျော် ရှိနေပါတယ်။ မနှစ်တုန်းက ဦးစားပေးဖိတ်ကြားတာကတော့ သက်ကြီးဝါကြီး အနုပညာရှင်ကြီးများ၊ အကယ်ဒမီ ထူးချွန်ဆု ရရှိခဲ့တဲ့ ပုဂ္ဂိုလ်များ ၊ အကယ်ဒမီ စာရင်းဝင် ရုံတင်ခဲ့တဲ့ကားများထဲမှာ ပါဝင်တဲ့အနုပညာရှင်များကို ဖိတ်ကြားပါတယ်။ ပိုတဲ့ဟာကို ဝါစဉ်အရ ဖိတ်ရပါတယ်။ ဒီအတွက် လူတိုင်းရနိုင်ဖို့ အခြေအနေ မရှိပါဘူး” လို့ ဦးဇင်ဝိုင်းကပြောပါတယ်။

ယခင်နှစ်များမှာ ကျင်းပခဲ့တဲ့ အကယ်ဒီထူးချွန်ဆုပေးပွဲများမှာ နေရာအခက်အခဲကြောင့် တချို့သောအနုပညာရှင်များကို ဖိတ်ကြားနိုင်ခဲ့ခြင်းမရှိတဲ့အပေါ် အနုပညာရှင်တချို့ကလည်း မကျေနပ်တာတွေရှိခဲ့ပါတယ်။

“ဖိတ်ကြားတာနဲ့ ပတ်သက်ပြီးတော့ နှစ်တိုင်းကြုံတွေ့နေကျ အခက်အခဲဖြစ်ပါတယ်။ ကျနော်တို့လောကသားက ရုပ်ရှင်အစည်းအရုံး စာရင်းဝင်ဆိုရင် ၄၅၀၀ ရှိပါတယ်။ အကုန်လုံးကို ဖိတ်ကြားဖို့ဆိုတာ မလွယ်ပါဘူး။ သူများနိုင်ငံမှာကျင်းပတယ်ဆိုတာကလည်း စိစစ်ပြီးဖိတ်ကြားတာပါ။ အကုန်လုံးကို ဖိတ်ကြားခြင်းမဟုတ်ပါဘူး။ အရင်ကဆို အမျိုးသားအားကစားရုံ သုဝဏ္ဏမှာ ကျင်းပခဲ့စဉ်က ၈၅၀ ပဲ ရှိပါတယ်။ အဲဒီတုန်းကလည်း ဌာနဆိုင်ရာနဲ့ ရုပ်ရှင်လောကသားပေါင်း ၆၀၀ ကျော်ပဲ ဖိတ်နိုင်ခဲ့တာပါ” လို့ ဦးဇင်ဝိုင်းကပြောပါတယ်။

၂၀၁၈ ခုနှစ်အတွက် ရုံတင်ဇာတ်ကားပေါင်း ၈၃ ကား ရှိအထဲမှ အကယ်ဒမီ ဆန်ခါတင်အဖြစ် ၂၅ကားကို ရွေးချယ်ခဲ့ပြီး အဆိုပါ ၂၅ကားထဲမှ ပြန်လည်ရွေးချယ်သွားမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။

“ဆုတွေနဲ့ ပတ်သက်လို့ကတော့ ရသင့်ရထိုက်တဲ့သူတွေ ရကြပါစေလို့တော့ ဆုတောင်းပေးပါတယ်။ ရကြမယ်လို့လည်း ယုံကြည်ပါတယ်။ ကျနော့်အနေနဲ့ ဘာမှမသိပါဘူး။ အကဲဖြတ်အဖွဲ့ဝင်လည်း မဟုတ်တဲ့အတွက် ဘာမှမသိပါဘူး။ အကောင်းဆုံး၊ တရားအမျှတဆုံးဖြစ်အောင် လုပ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဆန်ခါတင်ကား ၂၅ကားကို ထပ်ပြီးရွေးချယ်ဖို့မရှိတော့ဘူးလို့ ယူဆပါတယ်။ ဆန်ခါတင်ကားတွေ ဖြစ်သွားပါပြီ” လို့ ဦးဇင်ဝိုင်းကပြောပါတယ်။

ယခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုကိုတော့ သတ်မှတ်ထားတဲ့အတိုင်း ထူးချွန်ဆု ၁၁ ဆုကိုပေးအပ်သွားမှာဖြစ်ပြီး ယခင်နှစ်က စတင်ပေးအပ်ခဲ့တဲ့ တသက်တာ အနုပညာဆုနဲ့ အထူးဆုများပေးအပ်သွားဖို့လည်းရှိတယ်လို့ သိရပါတယ်။

The post “အကယ်ဒမီပေးပွဲမှာ ဧည့်သည်လူဦးရေ ၃ ထောင်ခန့် ဖိတ်ကြားနိုင်အောင် ကြိုးစားမယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


လုလုအောင် HD အသစ်


MECTel CDMA 800 MHz ဖုန်း အသုံးပြု သူများ မိုဘိုင်းဖုန်း မှတစ် ဆင့်...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


Burmese to English Dictionary (Unicode)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


ဇော်လူစိမ်း ● ကာလပေါ်ဝတ္ထု