Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိုးဟေကို ပြောပြတဲ့ အလှအပနဲ့ ကျန်းမာရေး အကြောင်း

$
0
0

တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတခုကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မိုးဟေကိုကတော့ ယခုနောက်ပိုင်းမှာ သူမရဲ့အလှအပအတွက် ကျန်းမာရေး လိုက်စားရင်းနဲ့ လှအောင် နေတယ်လို့ ပြောပါတယ်။

“ထိန်းသိမ်းတာထက် ကျန်းမာရေး လိုက်စားတာပေါ့။ ပိန်အောင်တို့ လှအောင်တို့ လုပ်တာထက် ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် အမေကလည်း နေမကောင်းတော့ အမေကိုပြုစုရင်းနဲ့ ကျန်းမာရေးအတွက် ပိုလုပ်ဖြစ်တယ်။ ညဘက်တွေမှာ ထမင်းစားတာ လျှော့တယ်။ အဆီအဆိမ့်တွေ လျှော့တယ်။ ထမင်းမစားဘဲနေလာတာ တော်တော် ကြာပြီ။ ထမင်းအစား ကြက်ကင်တို့ ကြက်သားပြုတ်တွေ စားတယ်”လို့ မိုးဟေကိုက ပြောပါတယ်။

အဆီတက်စေနိုင်တဲ့ ထမင်းမစားဘဲ အာဟာရပြည့်ဝစေတဲ့ အရာများကို မနက်ပိုင်းမှာ အပြည့်အဝ စားပြီး ညဘက်မှာတော့ ဝိတ်တက်စေတာတွေကို ရှောင်ဖြစ်တယ်လို့ သူမရဲ့ခန္ခာကိုယ် ထိန်းသိမ်းဖြစ်တာနဲ့ ပတ်သက်ပြီးပြောပြခဲ့ပါတယ်။

“ထမင်းဆိုရင် မနက်ပိုင်း အာဟာရပြည့်ဝတဲ့ ဟာတွေကို အပြည့်အဝစားလိုက်တယ်။ ညပိုင်းဆိုရင်တော့ ကိုယ့်ကို အဆီတက်စေမယ့်ဟာ ဝိတ်တက်စေမယ့်ဟာတွေ ရှောင်တယ်။ အသီးအရွက်ကြော်တွေ စားတယ်။ အသီးအနှံတွေ စားတယ်။ တခြားကိုယ်ကြိုက်တဲ့ အစားအစားတွေကို ထပ်ပြီး အားဖြည့်တယ်” လို့ မိုးဟေကိုက ပြောပါတယ်။

အသက်အရွယ်တခုရောက်လာပေမယ့် ယခင်ကထက် ပိုမိုရင့်ကျက်တဲ့အလှတရားကြောင့် ယခုအချိန်ထိ ထိပ်တန်း မင်းသမီးတဦးအနေနဲ့ ရပ်တည်လျက်ရှိပါတယ်။

“အဓိကကတော့ မိုးက အသားဖြူတဲ့ထဲမှ ာမပါဘူး။ ရှိနေတဲ့အသားကို ကြည်လင်အောင် အဓိကက ရေများများသောက်တယ်။ အသီးအနှံ စားတယ်ပေါ့။ တပတ်တခါထက် နှစ်ပတ်တခါလောက်တော့ အနည်းဆုံး Spa တွေသွားတယ်။ မျက်နှ ာလုပ်တယ်။ မလုပ်လို့ မရတော့ဘူးပေါ့။ အသက်အရွယ်တခု ရောက်လာပြီဆိုတော့လေ”လို့ မိုးဟေကိုက ပြောပါတယ်။

မိုးဟေကိုကတော့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုများကို ယခင်ကလောက် ရိုက်ကူးခြင်း မရှိတော့ပေမယ့် “မိုး” ရုပ်ရှင်ထုတ်လုပ်ရေး ဖြင့် ဇာတ်ကားများစွာကို ထုတ်လုပ်ရိုက်ကူးလျက် ရှိပါတယ်။

သရုပ်ဆောင်အလုပ်ထက် စီးပွားရေးအလုပ်ကို ပိုမိုဇောက်ချလုပ်ကိုင်လျက်ရှိတဲ့ မိုးဟေကိုကတော့ အသက်အရွယ်တခုရောက်လာပြီဖြစ်ပေမယ့် အလှအပကို ထိန်းသိမ်းထားမြဲဖြစ်ပါတယ်။

The post မိုးဟေကို ပြောပြတဲ့ အလှအပနဲ့ ကျန်းမာရေး အကြောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဘုရင့်နောင်မှ အုန်းပေါင်၊မိုးကောင်း၊မိုးနဲ ပြည်များကို သိမ်းပြီးနောက်...


TTA Oreo Gapp Installer


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”