Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

‘Sherlock Holmes 3’ ရုပ်ရှင်ပြသမယ့်အချိန်ကို ၁ နှစ်နောက်ဆုတ်

$
0
0

‘Sherlock Holmes 3’ ရုပ်ရှင်ကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကတော့ ထပ်ပြီးတော့ စောင့်ဆိုင်း ရဦးမှာပဲ ဖြစ်ပါတယ်။ နာမည်ကျော်မင်းသားတွေ ဖြစ်တဲ့ Robert Downey Jr. နဲ့ Jude Law တို့ဦးဆောင်ပါဝင်ထားကြ တဲ့ အဲဒီ့အတွဲလိုက်ရုပ်ရှင်ကို မူလက ၂၀၂၀ ခုနှစ် ခရစ်စမတ်ကာလမှာ ပြသဖို့ စီစဉ်ထားရာကနေ အခုတော့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းသွားပြီဖြစ်ပါတယ်။

Warner Bros. နဲ့ Village Roadshow ထုတ်လုပ်ရေးတို့ဟာ တတိယမြောက်ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ကျမှ ထွက်လာမယ်လို့ ကြေညာခဲ့ပါတယ်။

ပထမဆုံး ရုပ်ရှင်နှစ်ခုဖြစ်တဲ့ “Sherlock Holmes” (၂၀၀၉) နဲ့ “A Game Of Shadows” (၂၀၁၁) တို့ဟာ အထူးအောင်မြင်မှုရရှိခဲ့ပြီး ကမ္ဘာတဝန်းကနေ ဝင်ငွေဒေါ်လာ ၅၄၅ သန်း ရရှိခဲ့ပါတယ်။ မင်းသား Downey ဟာ ပထမဆုံး ရှားလော့ဟုမ်းရုပ်ရှင်အတွက် ရွှေကမ္ဘာလုံးဆုလည်း ရရှိခဲ့ပါတယ်။

မင်းသား Downey နဲ့ မင်းသား Law တို့ဟာ အခုရက်ရွှေ့လိုက်တဲ့ ရုပ်ရှင်မှာ Sherlock Holmes နဲ့ Dr. Watson အဖြစ် သူတို့ရဲ့ သက်ဆိုင်ရာ ဇာတ်ရုပ်တွေမှာ ပြန်လည်ပါဝင်လာကြဦးမှာဖြစ်ပါတယ်။

အခုတတိယမြောက် ရုပ်ရှင်ကိုတော့ ဘယ်ဒါရိုက်တာက ရိုက်ကူးမယ်ဆိုတာကို မသိရသေးပါဘူး။ အရင်ရုပ်ရှင် နှစ်ကားကိုတော့ ဒါရိုက်တာ Guy Richie က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အခုရုပ်ရှင်ကိုလည်း အဲဒီ့ဒါရိုက်တာကပဲ ဆက်လက်ရိုက်ကူးမယ်လို့ မျှော်လင့်ရပါတယ်။

လောလောဆယ်မှာတော့ မင်းသား Downey ကတော့ “Avengers: Endgame”, “The Voyage Of Doctor Dolittle” နဲ့ “All-Star Weekend” ရုပ်ရှင်တွေနဲ့ အလုပ်များ နေပါတယ်။ မင်းသား Law ကတောါ မကြာမီပြသတော့မယ့် Captain Marvel”, “The Rhythm Section” နဲ့ “A Rainy Day In New York” ရုပ်ရှင်တွေမှာ ပါဝင်ထားပါတယ်။

Warner Bros. က အခုလိုမျိုး ရုံတင်ရက်ရွှေ့ဆိုင်းလိုက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အခု တတိယမြောက် ရုပ်ရှင်ကို ၂၀၂၀ ခုနှစ်မှာ ရုံတင်မယ်ဆိုရင် ဒါရိုက်တာ ‘James Cameron ရဲ့ “Avator 2” နဲ့ “Sing 2” ရုပ်ရှင် တွေနဲ့ ထိပ်တိုက် တွေ့မှာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: etcanada

The post ‘Sherlock Holmes 3’ ရုပ်ရှင်ပြသမယ့်အချိန်ကို ၁ နှစ်နောက်ဆုတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...