Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Spring သီချင်းနဲ့ ပရိသတ်ရှေ့ပြန်ရောက်လာခဲ့တဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom

$
0
0

နာမည်ကျော် ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ 2NE1 ဖျက်သိမ်းသွားခဲ့ပြီးနောက်ပိုင်း အဖွဲ့ဝင်တယောက် ချင်းစီရဲ့ လှုပ်ရှားမှုတွေကို ပရိသတ်တွေ စောင့်မျှော်အားပေးခဲ့ကြပါတယ်။ အခုလည်း ပရိသတ်ရှေ့ကနေ ကာလအတန်ကြာ ပျောက်ကွယ်နေတဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom ကို Spring သီချင်း Teaser နဲ့အတူ ပြန်ထွက်ပေါ်လာခဲ့ပါပြီ။

ထွက်ရှိခဲ့တဲ့ Teaser နဲ့တင် ပရိသတ်အားပေးမှုမြင့်တက်ခဲ့လို့ V Live လွှင့်ခဲ့စဉ်မှာပဲ Park Bom တယောက် စိတ်လှုပ်ရှားပျော်ရွှင်လွန်းလို့ မျက်ရည်ဝဲခဲ့ရပါတယ်။ ဒီနေ့လေးဟာ Park Bom နဲ့ သူမချစ် ပရိသတ်အတွက် တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့ဖြစ်ခဲ့သလို အချိန်ကြာကြီး သူမ သီချင်းဆိုသံကို မကြားခဲ့ရတဲ့ပရိ သတ်တွေအတွက် စက္ကန့်ပိုင်းစာပဲရှိတဲ့ Teaser ကို အလွမ်းပြေ ပြန်နားထောင်ခွင့်ရခဲ့တာပါ။

“အံ့သြမှင်သက်သွားလောက်တဲ့ အသံပိုင်ရှင်လေး ပြန်ရောက်လာသလိုပါပဲ။ စက္ကန့်ပိုင်းလောက်ပဲနားထောင်ရ တာတောင် အသံကစွဲမက်စရာကောင်းလွန်းလို့ အချစ်တွေနဲ့ အမြဲအားပေးနေမယ်”လို့ အမာခံပရိသတ်တွေက V Live လွှင့်စဉ်မှာ မှတ်ချက်ပြုခဲ့ကြပါတယ်။

Park Bom ကိုယ်တိုင်လည်း သူမကို အချစ်တွေနဲ့ အားပေးခဲ့ကြလို့ ပရိသတ်တွေကို နှုတ်ဆက်အပြီးမှာတင် ငို ကြွေးခဲ့ရပြီး အားပေးမှုက သူမရင်ထဲကို ထိခဲ့သလို ဒီလောက်ထိ Teaser ကိုတောင် အားပေးမယ်လို့ မသိခဲ့တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် V Live မှာ နိုင်ငံတကာက ပရိသတ်တွေကိုလည်း အင်္ဂလိပ်စကားနဲ့ ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့သလို သီချင်းထွက်လာရင်လည်း အားပေးကြမယ်လို့ မျှော်လင့်မိတဲ့အကြောင်း ဆိုပါတယ်။

2NE1 အဖွဲ့ဝင်ဟောင်း Park Bom ရဲ့ Spring သီချင်းဟာ ၂၀၁၁ ခုနှစ်မှာ တကိုယ်တော်ထွက်ရှိခဲ့တဲ့ “Don’t Cry” သီချင်းနောက်ပိုင်း ပထမဆုံးပြန်ထွက်ရှိလာတဲ့ သီချင်းဖြစ်သလို ၂၀၁၇ ခုနှစ် ဇန်နဝါရီမှာနောက်ဆုံးထုတ်ခဲ့တဲ့ 2Ne1 အဖွဲ့ရဲ့ “Goodbye” သီချင်းနောက်ပိုင်း ပထမဆုံးပြန်လည် မြင်တွေ့ရတာလည်းဖြစ်ပါတယ်။

 

Spring သီချင်းဟာ သူမ YG Entertainment ကထွက်ခွာပြီး လက်ရှိ အေဂျင်စီအသစ် D-Nation ကနေ ပထမဆုံးစတင်ဖြန့်ချိပေးလိုက်တာလည်းဖြစ်ပါတယ်။ Park Bom ရဲ့ Spring သီချင်းကို မတ်လ 13 ရက်နေ့မှာ ဖြန့်ချိသွားမှာဖြစ်ပြီး 2Ne1 အဖွဲ့ဝင်ဟောင်း Sandara Park က ကူညီသီဆိုပေးထားပါတယ်။

Ref: Soompi

The post Spring သီချင်းနဲ့ ပရိသတ်ရှေ့ပြန်ရောက်လာခဲ့တဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...